အစာစားချိန်၌ ရုပ်သံမကြည့်ခြင်းဖြင့် အ၀လွန်ခြင်းကို ကာကွယ်နိုင်မည်


မိသားစု နေ့ စဉ်စားသုံးသည့်အစားအစာများကို အတတ်နိုင်ဆုံး ကိုယ်တိုက်ချက်ပြုတ်စားသောက်ခြင်းနှင့် အစာစားနေချိန်အတွင်း ရုပ်သံမကြည့်ခြင်းဖြင့် အ၀လွန်ခြင်းကို သိသာစွာကာကွယ်နိုင်မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ Ohio ပြည်နယ်တက္ကသိုလ်မှ သုတေသီများက ပြောသည်။

အမြန်ရအစားအစာခေတ်စားလာပြီး ရုပ်သံအစီအစဉ်များကို အပြိုင်အဆိုင်ဈေးကွက်မြှင့်တင်ကာ ၀န် ဆောင်မှုပေးလာကြသည့်နောက်ပိုင်း အပြင်မှ အစားအစာများကိုဝယ်ယူကာ မိသားစုလိုက် ရုပ်သံကြည့် ရင်း အစားအစာစားသည့်အလေ့အထကို လူအများက ကျင့်သုံးလျက်ရှိကြောင်း၊ အမြန်ရအစားအစာများ သည် ကယ်လိုရီပေါကြွယ်ဝသည့်အတွက် လူကိုဝစေနိုင်သည်ကဲ့သို့  အစာစားနေချိန်၌ ရုပ်သံကြည့်ရှု ကြသည့်အတွက် မိမိမည်ရွေ့ မည်မျှစားမိသည်ကို မဆင်ခြင်နိုင်တော့ဘဲ လိုအပ်သည်ထက်ပို၍ စား သောက်မိသည့်အတွက် အ၀လွန်လာကြခြင်းဖြစ်ကြောင်း သုတေသီတစ်ဦးက ပြောသည်။

စူးစမ်းလေ့လာမှုအရ အစာစားချိန်တွင် ရုပ်သံလုံးဝမကြည့်သူများသည် အ၀လွန်လာသည့်နှုန်း အလွန် နည်းပါးသည်ကဲ့သို့  အိမ်ထမင်း၊အိမ်ဟင်း တို့ ကိုသာ ရွေးချယ်စားသောက်သူများတွင်လည်း ကိုယ် အလေးချိန် တိုးလာသည်မှန်သော်လည်း အ၀လွန်သည့်အဆင့်သို့  ရောက်သွားခြင်းမရှိသည်ကို တွေ့ ရှိ ခဲ့ကြကြောင်း သိရသည်။ မိသားစု ထမင်းအတူစားကြတယ်ဆိုတာ တစ်နေ့ တာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေ၊ စိတ်ခံစားမှုတွေ အစရှိတာ တွေကို မျှဝေဖို့ လည်း ဟုတ်ပါတယ်။ အဲဒီအချိန်မှာ ရုပ်သံကြီးဖွင့်ထားတော့ ပျော်စရာကောင်းတယ်ဆိုပေ မယ့် ကိုယ့်ရင်ထဲက မွန်းကျပ်နေတာတွေကိုတော့ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိတော့ပါဘူး။ အဲဒီ သက်ရောက်မှုကြောင့် စိတ်ဓါတ်ကျဆင်းမှုကိုဖြစ်စေပြီး စိတ်ဖိစီးမှုကိုလည်း တိုးမြှင့်စေပါတယ်။

အကျိုး ဆက်အနေနဲ့  Stress Eating လို့ ခေါ်တဲ့ စိတ်ဖိစီးမှုကြောင့် ပိုစားတာတွေဖြစ်လာပြီး လူတစ်ယောက်က ၀လာတာပါ။ ဒီတော့ ရုပ်သံကြည့်လို့ တော့ဝတောမဟုတ်ပါဘူး။ ဒါပေမယ့် ရုပ်သံကြည့်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ အခြေအနေတွေက အ၀လွန်ဖို့ ကို လမ်းကြောင်းပေးထားသလိုဖြစ်နေတာပါ ဟု သုတေသီတစ်ဦးက ပြောပြသည်။
ထို့ ကြောင့် အိမ်ပြင်ပအစားအစာများကို ၀ယ်ယူစားသောက်ခြင်းအား အတတ်နိုင်ဆုံးလျှော့ချရန်၊ အစာ စားနေချိန်တွင် ရုပ်သံကိုပိတ်ထားရန်၊ အစာကိုချင့်ချိန်စားသောက်ပြီးပါမှ ရုပ်သံကိုဖွင့်ကာ မိသားစုအတူ ပျော်ရွှင်ဖွယ်ရာ အချိန်များကို ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ