နှလုံးတစ်ရှူးကို ဟင်းနုနွယ်ရွက်ပေါ်တွင် မွေးမြူ


အမေရိကန်ပြည်ထောင်စု၌ တက္ကသိုလ်ကြီး ၃ ခုမှ ပညာရှင်များပေါင်းစပ်ကာ အသက်ရှင်သန်နေသေး သည့် နှလုံးမှ တစ်ရှူးကိုထုတ်ယူကာ ဟင်းနုနွယ်ရွက်ပေါ်တွင် စမ်းသပ်မွေးမြူခဲ့ရာ အောင်မြင်မှုရရှိခဲ့ ကြောင်း သိရသည်။လက်ရှိဇီဝနည်းပညာများ၊ 3D ပုံနှိပ်နည်းပညာများ၊ အစရှိသည်တို့ သည် အဆင့် အတန်းမြင့်မားလွန်းလှ သော်လည်း နှလုံးတစ်ရှူးကိုဖြစ်ပေါ်စေမည့် အလွန်သေးငယ်ပြီး ရှုပ်ထွေးလှသည့် သွေးကြောဖွဲ့ စည်းပုံ ကို တည်ဆောက်နိုင်ခြင်းမရှိကြောင်း၊ Worcester Polytechnic Institute (WPI), University of Wisconsin-Madison and Arkansas Sate University-Jonesboro တို့ မှ ပညာရှင်များက ဟင်းနုနွယ် ရွက်ပေါ်တွင် နှလုံးတစ်ရှူးကို စမ်းသပ်မွေးမြူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပင်နှင့်သတ္တ၀ါတို့ ၏ ဇီဝကမ္မဖြစ်စဉ်သည် အလွန်ခြားနားကြောင်း၊ အရည်ဓါတ်၊ ဓါတုပစ္စည်းနှင့် အခြား သော အရာများကို ခန္ဓာကိုယ်အတွင်း သယ်ယူပို့ ဆောင်ရာတွင် ဖြစ်စဉ်ခြင်း မတူညီကြောင်း၊ သို့ သော် အကြောများယှက်ဖြာသည့်ပုံစံမှာမူ ဆင်တူကြောင်း၊ ၄င်းဆင်တူမှုကိုအခြေပြုကာ ယခုကဲ့သို့  နှလုံးသွေး ကြောများကို ဟင်းနုနွယ်ရွက်ပေါ်တွင်မွေးမြူကာ နှလုံးတစ်ရှူးများ ပြန်လည်ရရှိလာအောင် လုပ်ဆောင် ခြင်းဖြစ်ကြောင်း သိရသည်။

သုတေသီများက ဟင်းနုနွယ်ရွက်ပေါ်မှ အပင်ဆဲလ်များကို decellularization နည်းစနစ် အသုံးပြုကာ ဖယ်ရှားလိုက်ကြောင်း၊ ထိုနည်းစနစ်တွင် အထူးပြုလုပ်ထားသောဆပ်ပြာမှုန့် ကိုအသုံးပြုကာ အရွက်၏ ဆဲလ်များနှင့် အခြားသောအညစ်အကြေးများကို ဆေးထုတ်ပစ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ သန့် စင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီးသည့်နောက် ဆယ်လူလို့ စ် သာကျန်ရှိသည့်အခြေအနေ ဖြစ်လာကြောင်း၊ ဆယ်လူလို့ စ်ကို အရိုးနုတည်ဆောက်ခြင်း၊ အကြောသစ်တည်ဆောက်ခြင်းနှင့် အနာကျက်စေခြင်း တို့  တွင် အစဉ်အမြဲ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် ယခု နောက်ဆုံးကျန်ရှိနေသည့် ဆယ်လူလို့ စ် ပေါ်တွင်လည်း နှလုံးတစ်ရှူးများကို ဆက်လက်မွေးမြူထုတ်လုပ်နိုင်ခြင်းဖြစ်ကြောင်း သိရသည် ။ဖော်ပြပါအတိုင်း နှလုံးတစ်ရှူးအသစ်များကို ထုတ်လုပ်မည်ဖြစ်ပြီး နှလုံးခုန်ရုတ်တရက်ရပ်တန့် ခြင်းကြောင့် နှလုံးအသားသေပျက်စီးမှုများဖြစ်သည်ကို အစားထိုးကုသသွားနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ရော နှလုံးကျန်းမာရေးလောကတွင် အရေးပါသည့် မှတ်တိုင်သစ်တစ်ရပ် ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ