Bone fracture အရိုးကျိုးပြီး ရောင်နေလို့


၁။ ဆရာခင်ဗျာ ကျွန်တော်က့ ပါ။ အသက်က ၂၇။ မတော်တဆဖြစ်လို့ ဒူးအောက် အတွင်းဘက်နှင့်အပြင် အရိုးသေး ၂ နေရာ ကျိုးထားပါတယ်။ ကျောက်ပတ်တီးစည်းတာ ၃ ရက်ဘဲရှိပါသေးတယ်။ ပေါင်အလည်မှ ခြေမျက်စေ့နားထိ စည်းထားပါတယ်။ ဘယ်လိုအစားအစာက အရိုးဆက်တာကို အားပေးပါသလဲခင်ဗျာ။ အစားအသောက် လမ်းညွန်မှုလေး ပေးစေလိုပါတယ်။ လေးစားလျက်။

၂။ ကျွန်တော်က့ မှာ အလုပ်လုပ်နေသူ ဖြစ်ပါသည်။ အလုပ်ထဲမှာ အက်ဆီးဒန့်ဖြစ်ပြီး ခြေထောက် နှစ်ချောင်းစလုံး ဒဏ်ရာရခဲ့ပါသည်။ ဘယ်ဘက် ခြေထောက်က ခြေကျင်းဝတ်နေရာမှာ ကျိုးသွားပြီး၊ ညာဖက် ခြေဖမိုး လိမ်ကောက် သွားပါသည်။ ဆေးရုံတက် ခွဲစိတ်ကုသရပါသည်။ ယခု လမ်းလျှောက်နိုင်ပြီး အလုပ်ပြန် ဆင်းနေရပါပြီ။ ခက်သည်က လိမ်ကောက်သွားသည့်ဖက်ကဖြစ်နေခြင်း ဖြစ်ပါသည်။ အရိုးကို ပြန်တည့်မတ်ထားပြီး ခြေဖမိုးမှာ စခရူ သုံးချောင်း ထည့်ထားသည်ဟုပြောပါသည်။ အဲဒီဘက်က ယခုအလုပ်သွားသောအခါ နှစ်ရက်လောက် လမ်းလျှောက်လျှင် ခြေဖမိုး ရောင်လာပါတော့သည်။ ကိုယ်နိုင်ငံမဟုတ်တော့ ဘာဆေးစားပြီး ဘာဆေးလိမ်းလျှင် အရောင်သက်သာမည်ကို မသိပါခင်ဗျာ။ လမ်းလျှောက်များလျှင် ရောင်လာခြင်းက အဘယ်ကြောင့် ဖြစ်ရပါသနည်း။

ထိခိုက်ဒဏ်ရာ ဘယ်မှာ ဘယ်လောက်ရရ၊ ဘယ်လိုကုကု မိမွေးတိုင်းတော့ မကောင်းတော့ဘူး။ အနည်းနဲ့ အများ တခုခုဖြစ်လာစေတယ်။ ရောင်တာ၊ နာတာ၊ ကိုက်တာ စသဖြင့်ပေါ့။ ရောင်တဲ့အကြောင်းကတော့ ခိုက်မိတုံးက အရိုးကျိုးတာသာ လူတွေသတိပြု၊ ဂရုစိုက်ကုကြတယ်။ အရိုးတင် မဟုတ်ဘူး။ ကြွက်သား၊ သွေးကြော၊ အာရုံကြော၊ အဆီ၊ အရွတ်၊ ထိခိုက်မိသမျှ အနည်းနဲ့ အများပျက်စီးစေတယ်။ ဘယ်(တရှူး) မဆို ပျက်စီးတာကနေ အာရုံကြော တမျိုးက လွဲရင် ပြန်ဆက်၊ ပြန်ပေါက်နိုင်တယ်။ အရိုးလဲပါတယ်။ အရိုးကြတော့ တည့်အောင်၊ တန်းအောင်၊ ပြန်အလုပ် လုပ်နိုင်အောင် ပြင်ပေးရမယ်။

ထိခိုက်ပျက်စီးတဲ့အထဲမှာ သွေးပြန်ရည်ကြောတွေ ပါသွားတယ်။ နေရာတကာ ရှိတာကိုး။ သူတို့ လမ်းပိတ်တာကြောင့် ရောင်စေတယ်။ ကြာလာလို့ (လင့်ဖ်) တွေ သွားလမ်းသစ် ရလာရင် ရောင်တာ သက်သာလာ ပါလိမ့်မယ်။ ဒီကြားထဲ လမ်းလျှောက်တာ၊ ကြာကြာရပ်တာ ဆင်ခြင်နိုင်ရင် သက်သာစေမယ်။

လိမ်းဆေးတွေ သုံးနိုင်ပါတယ်။ နာတာ-ရောင်တာ အတွက် အပူပါတဲ့ဆေးတွေ အများကြီး။ Diclofenac Gel, Analgesic Gel ဆေးနာမည်တွေ များသလားမမေးနဲ့။ တခုခုသုံးပါ။ အနာသက်သာတဲ့ဆေးဆိုတာ နာတာတင်မကဘူး၊ ရောင်တာလည်း ကျစေပါတယ်။ ကိုယ်ပူနေရင်လည်းကျတယ်။ ချွေးထွက်လိမ့်မယ်။ အစာအိမ်လေနာ ရှိရင်တော့ သတိနဲ့ သောက်။ အစာနဲ့ သောက်ပါ။ လိမ်းဆေးကတော့ ဒီလိုမျိုးမဖြစ်ပါ။ တခါတလေ မိုးအုံ့လို့ နာတာ မခံနိုင်ရင် Xyocaine ထုံဆေးလိမ်းဆေး လိမ်းနိုင်တယ်။

ကျိုးတဲ့အရိုး ဆက်တာက သူ့ဖါသာ ဆက်သွားတာပါ။ ဆေးကြောင့် အရိုးဆက်တာမဟုတ်ပါ။ အစားအသောက်မှာလည်း ထူးပြီး ကောင်းစေ-ဆိုးစေမရှိပါ။ ဗီတာမင်စီ + ကယ်လ်စီယမ် + ပရိုတင်း (အသား-ငါး-ဥ-ပဲ) တွေကတော့ လိုနိုင်တယ်။ အဲတာလည်း ပုံမှန်စားသောက်တာက လုံလောက်-မျှတနေရင် ဆေးအနေနဲ့တော့ မလိုပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ