ပြင်းထန်အဆုတ်ရောဂါဖြစ်နေတဲ့ ကလေးများအတွက် ပထမဆုံးစတီးရွိုက်ကုထုံး


ကလေးငယ်တွေမှာ ကြုံရလေ့ ရှိတဲ့ အသက်အန္တရာယ်ရှိလောက်တဲ့ အဆုတ်ရောဂါတွေမှာ သုံးဖို့အတွက် စတီးရွိုက်ကုထုံးအသစ် ထွက်ပေါ် လာခဲ့ပါတယ်။ Acute Respiratory Distress Syndrome (ARDS) လို့ ခေါ်တဲ့ အဆုတ်တစ်သျူးတွေက အောက်ဆီဂျင်တွေကို သွေးဆဲလ်တွေ ထဲ လွှဲပြောင်းမပေးနိုင်တဲ့ အရေးပေါ် အခြေအနေတွေမှာ ကုသဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀-၃၀ လောက် ကတည်းက ကုထုံးတွေရှိခဲ့ပေမယ့် သေပျောက်နှုန်းကတော့ လျော့ချဖို့ အတွက် အခက်အခဲတွေ ရှိနေတုန်း ပါဘဲ။

Frontiers in Pediatrics ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သုတေ သနအရ ကလေးတွေမှာ စတီးရွိုက်ပါ ထည့်သွင်းကုသတဲ့အခါ ရလဒ်တွေ သိသိသာသာ ခြားနားသွားတာကို တွေ့ခဲ့ရပါတယ်။ အရေးပေါ်ကုသ ဆောင်ထဲ ထည့်ထားပြီး အသက်ရှု စက်နဲ့ ကုသနေရတဲ့ကလေးတွေမှာ Corticoster oid နဲ့ Methyl prednisolone တွေပေးပြီး ကုသတဲ့ အခါ ရောင်ရမ်းစေတဲ့ ဓာတုပစ္စည်း တွေ လျော့ကျသွားပြီး ကလေးရဲ့ အသက်ရှုနှုန်းနဲ့ သွေးတွင်းအောက်ဆီ ဂျင်ပမာဏ မြင့်တက်လာတာတွေ့ ရပါတယ်။

ဒါပေမယ့် အသက်ရှုစက် သုံးရတဲ့ အချိန်နဲ့သေပျောက်နှုန်း သိသိသာသာ ကျသွားတာတော့ မတွေ့ရပါဘူး။ARDS အတွက် ပိုပြီးပြည့်စုံတဲ့ စတီးရွိုက်ကုထုံးထွက် ပေါ်လာဖို့ အဖွဲ့အနေနဲ့ ဒီထက်ပိုတဲ့ လေ့လာမှုတွေလုပ်ဖို့ လိုပါလိမ့်ဦးမယ် လို့ အမေရိကန်ရှိ တန်နက်စီ တက္ကသိုလ် ကDai Kimuram က ပြောကြားခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ