Water for babies ကလေးနဲ့ရေ


ဆရာရှင့် ကျမ သမီးလေး ၇ လပါ။ တနေ့ရေဘယ်လောက်တိုက်ရမလဲရှင်။ ခုတလော ဆီးသွားနည်းတယ်ထင်လို့ပါ။ မိခင်နို့စို့ပါတယ်။ ဖြည့်စွက်စာလဲ ကျွေးနေပါပြီရှင်။

ကလေးတွေ ၆ လအထိ နို့လုံလောက်နေရင် ရေအပိုမလိုပါ။ ထူးခြားတဲ့အခြေအနေတွေမှာတော့ လိုပါမယ်။ အသက် ၆ လ ကနေ ၁၂ လအထိကလေး ရေများများမလိုသေးပါ။ တနေ့မှာ ၂ ကနေ ၄ အောင်စလို့ ပြောနိုင်တယ်။ ရာသီဥတုနဲ့ ကိုယ်ပူတာ၊ ဝမ်းလျှောတာရှိရင် ၆-၈ အောင်စအထိတိုက်ပါ။ ၁၂ လအထက်ဆိုရင် ထမင်းကျွေးပြီးတိုင်းနဲ့ ရေတောင်းတိုင်း တိုက်ပါ။ ကလေးဆီးဝါနေရင် ဆီးနည်းနေရင် ရေသောက်နည်းလို့ဖြစ်မယ်။

၎-၈ နှစ် = တနေ့ ၅ ခွက်။
၉-၁၃ နှစ် = ၇-၈ ခွက်။
၁၄-၁၈ နှစ် = ၈-၁၁ ခွက်။

- Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://doctortintswe.blogspot.com/…/newborn-baby-and-water.…
- Why can’t we give water to a breastfeeding baby before the 6 months နို့တိုက်နေတဲ့ကလေးတွေကို ၆ လ အထိ၊ ကိုယ်ပူနေလည်း ဘာကြောင့်ရေမတိုက်သင့်သလည်း http://doctortintswe.blogspot.com/…/why-cant-we-give-water-… Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ

နွေမှာ ရေပိုသောက်ပါ

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ