ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့မွေးကင်းစသေနှုန်းလျော့ချပေးနိုင်မည့်နည်းလမ်းတစ်ခု


ဗြိတိန်အခြေစိုက်ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Glaxo Smith Kline က ခံတွင်းသန့်ဆေးရည်ဖြစ်တဲ့ ဃသမျသိပူဆေးရည်ကိုဖော်မြူလာပြောင်းပြီး ပိုးသတ်ဆေးဂျယ်အဖြစ်ထုတ်လုပ်ခဲ့ပြီး ယင်းဂျယ်လ်ကမွေး ကင်းစကလေးတွေမှာချက်ကြိုးပိုး ၀င်ခြင်းကို ကာကွယ်ရာမှာအကူအညီပေးနိုင်တယ်လို့ဆိုပါတယ်။ ယခုအခါမှာတော့ ယင်းဆေးရည်နဲ့ပတ်သတ်ပြီး ကလေးတွေမှာသုံးစွဲခွင့်ကို တာဝန်ရှိသူတွေက ခွင့်ပြုလိုက်တယ်လို့သိရပါတယ်။ GSK က ယင်းဆေးဂျယ်ကို့Umbipro လို့အမည်ပေးထားပြီး ယင်းမွေးကင်းစတွေမှာ ချက်ကြိုးပိုးဝင်ခြင်းက ကာ ကွယ်ပေးနိုင်ပါတယ်။ GSK အနေနဲ့ ယင်းဂျယ်လ်ကို ကုသိုလ်ဖြစ်အဖွဲ့အစည်း Save The Children နဲ့တွဲဖက်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အဓိကအားဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်အဓိကထုတ်လုပ်ခဲ့တာဖြစ်ပြီး ၅နှစ်အတွင်းမှာ ကလေး ၄၂၂၀၀၀ရဲ့အသက်တွေကို ကယ်နိုင်မယ်လို့ဆိုပါတယ်။ ချက်ကြိုး ပိုးဝင်ခြင်းက အာရှနဲ့ အာဖရိကမှာအဖြစ်များပြီး ဖြစ်ရတဲ့အကြောင်းတွေကတော့အိမ်မှာကလေးမွေးခြင်း၊ မသန့်ရှင်းတဲ့ ကိရိယာတွေသုံးပြီး ချက်ကြိုးဖြတ်ပြီးနောက်သွေးတိတ်အောင်သုံးတဲ့အတွက်ဖြစ်ပါတယ်။ ယင်းဂျယ်လ်တွေကိုရောင်းချရာမှာလဲအမြတ်မတင်ထားတဲ့ဈေးနှုန်းနဲ့ရောင်းချပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်အထူးအခြေအနေတွေမှာသိမ်းဆည်းထားစရာမလိုဘဲအပူချိန်ရဲ့ရာသီဥတုကိုခံနိုင်ရည် ရှိတယ်လို့ သိရပါတယ်။ ၂၀၁၂မှာ UN တင်ပြထားတဲ့ရီပို့ထဲမှာ Chlorhexidine ကိုမေ့လျော့နေသောအသက်ကယ်ပစ္စည်းအဖြစ်ညွှန်းဆိုထားပါတယ်။ ယင်း Chlorhexidineကို GSK က Corsodyl ဆိုတဲ့အမည်နဲ့ခံတွင်းသန့်ဆေး အဖြစ်သုံးနေဆဲဖြစ်တာနဲ့ ယင်းကိုဖော်မြူလာ အနည်း ငယ်ပြောင်းပြီး လေးနှစ်ကြာတီထွင်မှုအပြီးမှာတော့Umbipro ဂျယ်လ်ထွက်လာတာပါလို့သိရပါတယ်။ Umbipro အနေနဲ့ဥရောပဆေးပညာ အေဂျင်စီကခွင့်ပြုမိန့်ကို April 29 က ရခဲ့တယ်လို့သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ