ကင်ဆာကုထုံးကို ကူညီနိုင်မယ့် အအေး


ကျွမ်းကျင်သူတွေက ဂတ်စ်ပါ တဲ့ အအေးတွေမှာလို ကာဗွန်ဒိုင် အောက်ဆိုဒ် အမြှုပ်လေးတွေပါတဲ့ အအေးတစ်မျိုးကို တီထွင်ခဲ့ပြီး ယင်း အအေးက သာမန်ဂတ်စ်ပါတဲ့အအေး တွေနဲ့မတူတာက သူ့မှာပါဝင်တဲ့ ဂတ်စ်က ကာဗွန်ဒိုင်အောက်ဆိုဒ် အစား အောက်ဆီဂျင်အမြှုပ်လေး တွေပါပြီး ကင်ဆာကုထုံးကို အထောက် အပံ့ပေးနိုင်တာပဲ ဖြစ်ပါတယ်။ အောက်စဖိုဒ်တက္ကသိုလ်မှာ သိပ္ပံ ပညာရှင်တွေက ကင်ဆာဆဲလ်တွေ ကို အောက်ဆီဂျင်ပြန်လည်ပြည့် ၀လာဖို့ ဘယ်လိုလုပ်ဆောင်ကြမလဲ ဆိုတာ ကြံစည်ရင်း၊ ယင်းအချိုရည် တီထွင်ဖို့ စဉ်းစားခဲ့မိကြတာပါ။ ယင်း အောက်ဆီဂျင်အမြှုပ်ပါတဲ့ အချိုရည် တွေက ကင်ဆာဆဲလ်တွေဆီကို အောက်ဆီဂျင် ပိုမိုရောက်ရှိစေပြီး ဓာတ်ရောင်ခြည်ကင်ခြင်းနဲ့ ဓာတု ဆေးသွင်းကုထုံးတွေကို ပိုမိုဝင် ရောက်စေဖို့ ကူညီပေးပါတယ်။ အများအားဖြင့် ဓာတ်ရောင်ခြည် ကင်ခြင်းနဲ့ ဓာတုဆေးသွင်းကုထုံးတွေ မအောင်မြင်ရတဲ့ အကြောင်းက ကင်ဆာအကြိတ်တွေက အောက်ဆီ ဂျင်ကျနေလို့ပဲဖြစ်ပါတယ်။ ယင်း အောက်ဆီဂျင်ကနေတဲ့ အခြေအနေ မှာ ကင်ဆာဆဲလ်တွေက ပိုပြီးသန် စွမ်းကြပြီး၊ ဆေးတွေကို ပိုပြီး ခုခံလာ နိုင်ပါတယ်။


ကင်ဆာအကြိတ်ကြီးလာတာ နဲ့အမျှ သွေးကြောတွေကနေ လိုအပ် တဲ့အာဟာရနဲ့ အောက်ဆီဂျင်ပို့ ဆောင်မှု လျော့နည်းလာပါတယ်။ ယင်းအချက်ကြောင့်ပဲ ဓာတုကုထုံး ဆေးတွေက ကင်ဆာအလုံးအကြိတ် ထဲ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ အခွင့် အရေးပိုနည်းကာ ကုထုံးတွေ မအောင်မြင်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် UK မှာရှိတဲ့ သိပ္ပံပညာရှင် တွေက အစာအိမ်ထဲကိုရောက်လာ တဲ့ အောက်ဆီဂျင်တွေကို မုန့်ချိုအိတ် ကင်ဆာဆဲလ်တွေဆီရောက်အောင် ဘယ်လိုပို့ခိုင်မလဲဆိုပြီး စူးစမ်းမှုတွေ လုပ်ဆောင်ခဲ့ရာ၊ ယင်းလိုအပ်ချက်ကို အောက်ဆီဂျင်အမြှုပ်ပါတဲ့ အအေး တွေက လုပ်ဆောင်ပေးနိုင်မှာ တွေ့ခဲ့ ကြပါတယ်။ လက်ရှိမှာ မုန့်ချိုအိတ် ကင်ဆာကို ကုသရာမှာ အောက်ဆီ ဂျင်ပြည့်ဝစွာပါဝင်တဲ့ အရည်တွေကို ကင်ဆာဆဲလ်ဆီ တိုက်ရိုက်ထိုးခြင်း၊ လူနာကို အောက်ဆီဂျင်ခန်းထဲ ထည့်ခြင်း စတာတွေလုပ်ဆောင်ကြပါ တယ်။ ယင်းကဲ့သို့ လုပ်ဆောင်ခြင်း တွေက ရလဒ်ကောင်းပေမဲ့ ဘေး ထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။ ယခုနောက်ဆုံး သောက်စရာက တဆင့် အောက်ဆီဂျင်ရစေတဲ့ နည်း ကတော့ ဘေးထွက်ဆိုးကျိုးနည်း၊ စရိတ်သက်သာပြီး၊ လွယ်ကူစွာနဲ့ အခြားကုထုံးတွေကို ကူညီနိုင်မှာပါ လို့ သုတေသီတွေက ပြောခဲ့ပါတယ်။ ယင်းအအေးအား <ကက်များတွင် စမ်းသပ်အောင်မြင်ပြီးဟု သိရပါ တယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ