လေထုညစ်ညမ်းခြင်းသည် အဓိကလေဖြတ်ခြင်းကိုဖြစ်စေနိုင်


နှစ်စဉ် ကမ္ဘာတစ်ဝန်းတွင် လေဖြတ်ခြင်းသည် လူသားသန်း ပေါင်း ၁၅ မီလီယံခန့်တွင် ဖြစ်ပွား နေပြီး ၆ သန်းခန့်မှာ သေဆုံးပြီး ၅ သန်းခန့်မှာ မသန်စွမ်းဖြစ်သွားပြီး မသန်မစွမ်းဖြစ်ပွားခြင်း၏ ဒုတိယ အဖြစ်အများဆုံး အကြောင်းအရာ ဖြစ်နေသည်။ ယင်းကဲ့သို့ လေဖြတ် ခြင်းကိုဖြစ်စေနိုင်သည့် အချက်တစ် ချက်မှာ လေထုညစ်ညမ်းခြင်းဖြစ် ကြောင်း သိရှိရပါသည်။The Loncet Neurology Journal တွင် ပါဝင်ခဲ့သော လေ့လာမှုတစ်ခုအရ လေထုညစ်ညမ်းခြင်းသည် လေဖြတ် ခြင်းဖြစ်ပွားမှုများ၏ တစ်ကမ္ဘာလုံး ဆိုင်ရာအရေအတွက် သုံးပုံတစ်ပုံခန့် ကို တာဝန်ရှိနေစေသည်ဟု သိရှိရပါ သည်။

ယင်းတို့ထဲတွင် အိမ်တွင်း လေထုညစ်ညမ်းခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းတို့ပါဝင် နေသည်ဟု ဆိုပါသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့်နှိုင်းယှဉ်ပါက ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ လေထုညစ်ညမ်းမှုမှာ ပိုမိုမြင့်မားကာ ကိန်းဂဏန်းအားဖြင့် ၃၃.၇ ရာခိုင်နှုန်းနှင့် ၁၀.၂ ရာခိုင် နှုန်းအထိ ကွာဟနေသည်ကို တွေ့ရှိရ ပါသည်။ အိန္ဒိယနိုင်ငံတွင် လေဖြတ်ခြင်းကိုဖြစ်စေနိုင်သည့် အဓိကအချက်ငါးချက်မှာ သွေးတိုး ခြင်း၊ သစ်သီးစားသုံးမှုလျော့နည်း ခြင်း၊ ]]ဆား}} စားသုံးမှုများခြင်း၊ ဟင်း သီးဟင်းရွက်စားသုံးမှုနည်းခြင်းနှင့် အိမ်တွင်း လေထုညစ်ညမ်းခြင်းတို့ ဖြစ်စေနိုင်သည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

Dr. A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ