ခွဲစိတ်ပြီး မွေးဖွားတဲ့ကလေးတွေမှာ ကျန်းမာရေးအန္တရာယ်ပိုများ
ကလေးတစ်ယောက် မွေးဖွား တဲ့ ပုံစံပေါ်မူတည်ပြီး ယင်းကလေးရဲ့ တစ်နှစ်အောက် ကျန်းမာရေးအခြေ အနေအပေါ် အဆုံးအဖြတ်ပေးပါ တယ်။ သုတေသနအသစ်တစ်ခုမှာ တော့ ကလေးတစ်ယောက်ဟာ ခွဲ စိတ်ပြီး မွေးဖွားခဲ့ရင်၊ ပဋိဇီဝပိုးသတ် ဆေးတွေနဲ့ ပိုမိုကြုံတွေ့ခွင့်ရကာ ဖော်မြူလာ နို့တိုက်ခဲ့ရရင် ယင်း ကလေးတွေက သာမန်မွေးဖွားခဲ့တဲ့ ကလေးတွေလောက် ဖွံ့ဖြိုးကြီးထွားမှု မကောင်းသလို၊ မွေးပြီး တစ်နှစ် အတွင်းမှာ အမျိုးမျိုးသော အဏုဇီဝ ပိုးလေးတွေနဲ့ တွေ့နိုင်ခြေနည်းတာ ကိုလည်း တွေ့ရပါတယ်။
ယင်းကဲ့သို့ အခြေအနေများကို တစ်နှစ်အောက် အရွယ်မှာ ကြုံခဲ့ရရင် ပန်နာရင်ကြပ်၊ ခုခံအားစနစ် ရောဂါများအပါအ၀င် အ၀လွန်ခြင်းတွေကိုလည်း ကြုံရနိုင် ပါတယ်။ ယခုတွေ့ရှိမှုကိဲုJournal Science Translational Medicine မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ယင်းသု တေသနမှာ အဓိကအားဖြင့် လူသား တွေရဲ့ အရေပြား၊ အူတွေမှာ အတူ တကွနေထိုင်ကြတဲ့ အဏုဇိဝပိုးလေး တွေကို အဓိကထားလေ့လာခဲ့ပြီး၊ ၎င်းင်းတို့ရဲ့ အစာခြေစနစ်၊ ဇီဝရုပ် ဖြစ်ပျက်မှုနဲ့၊ ခုခံအားစနစ်အပေါ် သက်ရောက်မှုတွေကို သုတေသန လုပ်ခဲ့ကြပါတယ်။
သုတေသနအဖွဲ့အနေနဲ့ ခွဲ စိတ်ပြီး မွေးခဲ့တဲ့ကလေးတွေနဲ့ ပုံမှန် မွေးလမ်းကြောင်းကတဆင့် မွေးခဲ့တဲ့ ကလေးတွေရဲ့ အူထဲက အဏုဇီဝပိုး လေးတွေကို လေ့လာခဲ့ကြရာ ခွဲစိတ် မွေးခဲ့ပြီး၊ ပဋိဇီဝဆေးတွေနဲ့ စောစော ဆီးဆီးတွေ့ကြုံခဲ့ရတဲ့ ကလေးတွေမှာ မွေးပြီးပြီးခြင်း ပထမတစ်နှစ်အတွင်း ကြုံတွေ့ရတဲ့ အကျိုးပြုအဏုဇီဝပိုး လေးတွေနဲ့ တွေ့နိုင်ခြေနည်းပါးပြီး၊ မိခင်နို့မစို့ခဲ့ရတဲ့ကလေးတွေမှာတော့ မွေးပြီး (၂) နှစ်မှာ ကြုံရနိုင်တဲ့ အကျိုးပြု အဏုဇီဝပိုးလေးတွေနဲ့ တွေ့ရှိရမှုပိုနည်းတယ်လို့ သိရပါ တယ်။
ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin