နှလုံးရောဂါနဲ့ Viagra (သို့) လိင်အင်္ဂါထောင်မတ်နိုင်စေရန် အထောက်အကူပြုဆေး
သုတေသန အသစ်တစ်ခုက လိင်အင်္ဂါမထောင်မတ်နိုင်တဲ့ အခြေ အနေတွေမှာ သုံးတဲ့ဆေးက နှလုံး ရောဂါ (heart attacks) ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်ဆိုတာ တွေ့ ရှိခဲ့ပါတယ်။့ University of Manchester မှသုတေသီတွေကCheshire မှာရှိတဲ့ လိင်အင်္ဂါထောင် မတ်စေရန် ကူညီပေးသောဆေး (Viagra) သုံးနေတဲ့ ဆီးချို၊သွေးချို ဝေဒနာရှင်၆၀၀၀ကျော်ကို လေ့လာ ခဲ့ကြပါတယ်။Viagra တွေက သွေး လှည့်ပတ်မှုကိုကောင်းစေပြီး လိင်မှု ဆိုင်ရာဘ၀ကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးတာပါ။ ဆီးချို၊သွေးချို ဝေဒနာရှင်တွေက နှလုံးရောဂါ ပြဿနာအမျိုးမျိုး ကြုံရနိုင်ခြေများ သော်လည်း သုတေသနမှာ ပါဝင်တဲ့ Viagra ဆေးသုံးစွဲနေသူတွေက မသုံးစွဲတဲ့ ဆီးချို၊သွေးချိုဝေဒနာရှင်တွေလောက် နှလုံးရောဂါပြဿနာ မကြုံရတာကို တွေ့ခဲ့ရပါတယ်။
သုတေသီခေါင်းဆောင်Traffard က Viagra ဆေးတွေက့ heart failure ဖြစ်ပွားမှုကို နှေးကွေးစေသ လို အသက်အန္တရာယ်ရှိလောက်တဲ့ နှလုံးတုန်မှု ဖြစ်ပွားခြင်းကိုလည်း လျော့နည်းစေပါတယ်။ ဒါ့အပြင် အခြား သုတေသန တစ်ခုမှာလည်း Viagra (သို့) အခြား လိင်အင်္ဂါထောင် မတ်နိုင်ဖို့ ကူညီပေး တဲ့ဆေးတွေက့ heart attacks ကြောင့် သေဆုံးမှု နှုန်းကို လျော့ချပေးတယ်လို့ ဆိုခဲ့ပါ တယ် ။ ယခု သုတေသနကို နာမည် ကျော် BMJ Heart ဂျာနယ်မှ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin