နှစ်မျိုးရော အသားအရေပိုင်ရှင်လေးတွေအတွက် Skin Care

အကယ်၍ T Zone လို့ခေါ်တဲ့ ပျိုပျိုတို့ရဲ့ နှဖူး ..နှာခေါင်းနဲ့ မေးစေ့တို့မှာ အဆီပြန်နေပြီး အခြားနေရာ အားလုံးက ခြောက်သွေ့နေတယ်ဆိုရင်တော့ ဒါဟာ နှစ်မျိုးရော အသားအရေကို ပိုင်ဆိုင်ထားတယ် လို့ ပြောရမှာပါ.. နှစ်မျိုးရောထားတဲ့ အသားအရေ အမျိုးအစားဖြစ်နေတာကြောင့် အဲဒီအသား အရေနှစ်မျိုးလုံး ကို နေ့စဉ်ထိန်းသိမ်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်.။

ဆိုလိုတာကတော့ မျက်နှာအတွက်ထုတ်ကုန်တစ်မျိုးကို သုံးပြီး တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အတွက် သူတို့နဲ့ ကိုက်ညီမယ့် တခြား ထုတ်ကုန် တမျိုးမျိုးကို သုံးစွဲရမှာပါ.. နေ့စဉ်လုပ်ငန်းဆောင်တာ အတွက်ကတော့ မနက်ခင်းပိုင်းနဲ့ ညအိပ်ရာမ၀င်ခင်တွေမှာ ပျိုပျိုတို့ရဲ့ မျက်နှာကို ဆပ်ပြာလုံးဝ မပါဝင်တဲ့ Cleanser ပျော့ပျော့တစ်မျိုးကို သုံးပြီး အဆီပြန်တဲ့ နေရာတွေက အဆီတွေကို ဖယ်ရှားဖို့ လိုပါတယ်.. ပြီးတော့ ပျိုပျိုတို့ရဲ့ ကိုယ်ခန္ဓာပေါ်က အသားအရေ ခြောက်သွေ့တဲ့ နေရာတွေကိုပဲ Moisturizer အသုံးပြုရမှာ ဖြစ်ပါတယ်..

တကယ်လို့ Moisturizer ကို အဆီပြန်တဲ့ နေရာတွေပေါ်သုံးမိရင်တော့ အဲဒီ နေရာတွေဟာ ပိုပြီး အဆီပြန်လာမှာ ဖြစ်ပါတယ်.. ပျိုပျိုတို့ရဲ့ နှစ်မျိုးရော အသားအရေအတွက် အထူးထိန်းသိမ်းနည်းကတော့ အဆီစုပ်တဲ့ Facial Mask ကို အဆီပြန်တဲ့ နေရာတွေအတွက်ပဲ သုံးရပါမယ်.. ပစ္စည်းမှာ ပါတဲ့ လမ်းညွှန်ချက်ကို လိုက်နာပါ.. ပြီးတော့ Moisturizer ကိုလည်း ခြောက်သွေ့ တဲ့ အသားအရေ နေရာအတွက်ပဲ သုံးပါလို့ ထပ်လောင်းပြောပြပေးလိုက် ပါတယ်..။

လင်းလက်လက်ထိုက် (အင်တာနက်)
M Plaza Shopping Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ