ကိုယ်ဝန်ဆောင်မိခင်များ လက်ဖက်စိမ်း သောက်သုံးရန် မသင့်

ကိုယ်ဝန်ဆောင်စဉ်အချိန်၌ လက်ဖက်စိမ်းသောက်ခြင်းသည် အနည်းငယ်မျှဖြစ်ပါက အန္တရာယ်မရှိ နိုင်သော်လည်း အလွန်အကျွံ သောက်သုံးခြင်းက ဘေးဥပဒ်ဖြစ်စေနိုင်သည်။ ရိုးရိုးလက်ဖက်ရည်ထက် ယင်းတွင် ကဖိန်းအနည်းငယ်ပါဝင်သည်။

သို့ဖြစ်၍ ကော်ဖီ၊ အအေး စွမ်းအားဖြည့် အချိုရည်၊ ချောကလက်၊ cake များသည် အလားတူ ဖြစ်သဖြင့် ချင့်ချိန်သောက်ရမည်။ လက်ဖက်စိမ်း သည် သာမန်လူများအတွက် အင်တီအောက်စီးဒင့်ပါဝင်သဖြင့် အရွယ်အိုမင်းမှုကို ဟန့်တားစေပြီး သောက်ရန် သင့်တော်သည်။

သို့သော် လက်ဖက်စိမ်းသည် ကိုယ်ဝန်ဆောင်များတွင် လိုအပ်သော “ဖောလစ်အက်ဆစ်”ကို လျော့နည်းသွားစေသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနှင့် ပထမ (၁၂)ပတ်တွင် အရေးကြီးသောအာဟာရအဖြစ် “ဖောလစ်အက်ဆစ်”ကို လိုအပ်သည်။

ထိုမျှမက လက်ဖက်စိမ်းကဲ့သို့သော အခြားသောလက်ဖက်ရည်များသည် အစာအာဟာရထဲမှ သံဓာတ်ကို စုပ်ယူသဖြင့် လက်ဖက်စိမ်းကို မိမိ၏အစာနှင့်အတူ သောက်သုံးရန်မသင့်ချေ။

Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ