PRED (ကော်တီဇုန်း) မျက်စဉ်း

 
ဆရာ pred mild ဆိုတဲ့ မျက်စဉ်းက ရိုးရိုးမျက်စိ အဝေးမှုန်တဲ့ သူတွေ သုံးလို့ရလား သိချင်လို့ပါ။ သူငယ်ချင်းတယောက် မျက်စိမှုန်ပြီး သိပ်ကြည့်မကောင်းလို့ Singapore က ဆေးရုံသွားပြတာ ဒီဆေး pred mild eye drop ပေးလိုက်တာ ကောင်းသွားတယ်ပြောတယ်။ ဝယ်ပြီး တန်းမသုံးရဲလို့  ဆရာ့ကို လှမ်းအကူအညီတောင်းတာပါ။

PRED Mild မျက်စဉ်းထဲမှာ Prednisolone acetate ပါတယ်။ (ကော်တီဇုန်း) ပါတဲ့အမျိုးအစားဖြစ်တယ်။ မျက်စိမှာ (အလာဂျီ) ရတာအတွက် သုံးရတယ်။ ရောင်ရမ်းတာနဲ့ လောင်တာအတွက်လဲ သုံးတယ်။

မျက်ဝတ်ထွက်တာအတွက် မသုံးရပါ။ မျက်ကြည်လွှာ ဗိုင်းရပ်ပိုးကြောင့်ရောင်တာ၊ မျက်စိရေယုံ၊ မျက်စိရေကျောက်၊ မှိုပိုးဝင်တာတွေကိုလဲ မသုံးရပါ။ မျက်စိမှုန်တာနဲ့ မဆိုင်ပါ။ မျက်စိတိမ်နဲ့လဲ မဆိုင်ပါ။ ကြာရှည် (၁ဝ ရက်မက) မသုံးရပါ။ ကိုယ်ဝန်ဆောင်နေစဉ်မှာ မသုံးသင့်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ