Calendar method ပြက္ခဒိန်နည်း
အမျိုးသမီးတိုင်း အပျိုဖြစ်ပြီးနောက်၊ သွေးမဆုံးခင်အထိ အကြမ်းအားဖြင့် လလယ်ရက်မှာ မ-မျိုးဥ ထွက်တယ်။ မ-မျိုးဥနဲ့ ကျား-သုက်ပိုး တနည်းနည်းနဲ့တွေ့ဆုံပေါင်းစပ်ကြမှသာ ကိုယ်ဝန်ရှိနိုင်တယ်။ ဒါ့ကြောင့် ကလေးမရချင်ရင် မ-မျိုးဥနဲ့ တွေ့နိုင်မဲ့ရက်တွေကို ရှောင်ရမယ်။ အတူနေမဲ့ရက်ကို ရွေးလို့ရနိုင်ပေမဲ့ မ-မျိုးဥထွက်မဲ့ရက်ကို ကိုယ်ကနေ ရွေးလို့မရဘူး မဟုတ်ပါလား။ ရက်ရှောင်နည်းဆိုတာ မ-မျိုးဥနဲ့ သုက်ပိုးမတွေ့အောင်ရှောင်ရတာ ဖြစ်တယ်။
မ-မျိုးဥထွက်မဲ့ရက်ကို ရာသီစဆင်းတဲ့နေ့ကနေ တွက်ရတယ်။ သွေးဆင်းတာက ၃-၄-၅ ရက်ကြာ တတ်တယ်။ ရာသီရက်ကိုပြောရင် အထူးသဖြင့်ကိုယ်ဝန်ရက်တွက်တဲ့အခါ သွေးစဆင်းတဲ့ရက်ကို ရက်နံပတ် (၁) လို့ယူရတယ်။ နောက်ဆုံးရက်ဆိုတာ ပြောဘို့မှတ်ဘို့က မတိကျတတ်ဘူး။ စဆင်းတဲ့နေ့ဆိုတာ မှားစရာမရှိဘူး။
မ-မျိုးဥဘယ်ရက်မှာ ထွက်သလဲ။ တိတိကျကျ ပြောရရင် -
• ၃ဝ% သော အမျိုးသမီးတွေက လလယ်ရက်အတိအကျမှာ ထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
ရာသီလာရက်ရဲ့ ရှေ့ ၇ ရက်၊ ရာသီလာပြီး နောက် ၇ ရက်တွေမှာ အတူနေတာ စိတ်ချရတယ်လို့ ပြောကြတယ်။ ဒါက အကြမ်းပြောကြတာသာ ဖြစ်တယ်။ လေ့လာမှုလုပ်ထားတာကိုသာ ရေးပါရစေ။ ရာသီတလတိုင်းမှာ ကိုယ်ဝန် မရနိုင်တဲ့ရက်တွေက (၂) ပိုင်းရှိတယ်။ ရာသီမလာခင်တပိုင်းနဲ့၊ ရာသီလာပြီးတပိုင်း။ မ-မျိုးဥ မထွက်ခင်နဲ့ ထွက်ပြီးလို့ ပြောပါတယ်။ မ-မျိုးဥကသာ ကိုယ်ဝန်ရစေတယ်။ (၂) နည်း ရေးပါမယ်။
၁။ Standard Days Method (ဂျော့ခ်ျတောင်း) တက္ကသိုလ်က လုပ်ထားတဲ့နည်းဖြစ်တယ်။
• ရာသီတလဟာ ၂၆ ရက်ကနေ ၃၂ ရက်အထိရှိသူ အမျိုးသမီးတွေ သုံးနိုင်တယ်။ ရာသီစဆင်းနေတဲ့ရက်ကနေတွက်ပါ။
• ၁ ကနေ ၇ ရက်အတွင်းမှာ ကိုယ်ဝန်မရနိုင်ဘူး။
• ၈ ကနေ ၁၉ ရက်အတွင်းမှာ ကိုယ်ဝန်ရနိုင်တယ်။
• ၂ဝ ရက်ရဲ့နောက် ကိုယ်ဝန်မရနိုင်ဘူး။ ရာသီလာနေတုံးလဲ မရနိုင်ဘူး။
• စိတ်မချရမှု ၅% ရှိတယ်။
၂။ Rhythm method (Knaus–Ogino method) အချက်ကျတွက်နည်း
• သင်္ချာတွက်ရမယ်။ ရာသီတလမှာ ဘယ်နှစ်ရက်ရှိသလဲ။ တလနဲ့ တလ မတူတတ်ပါ။ အတိုဆုံးလကို ယူပါ။ ဆိုပါစို့ ရက် ၃ဝ ကနေ ၃၆ ရက်ရှိသူဟာ ၃ဝ ရက်ကိုယူပြီး တွက်ချက်ရမယ်။
• မ-မျိုးဥမထွက်ခင် စိတ်ချရတဲ့ရက်သိအောင် ၃ဝ ထဲကနေ ၁၉ နုတ်ရမယ်။ ၃ဝ - ၁၉ = ၁၁ ရတယ်။ ရာသီ စဆင်းတဲ့နေ့ နောက် ၁၁ ရက်အထိ ကိုယ်ဝန်မရနိုင်ဘူး။
• မ-မျိုးဥထွက်ပြီးနောက် စိတ်ချရတဲ့ရက်သိအောင် ၃ဝ ထဲကနေ ၁ဝ နုတ်ရမယ်။ ၃ဝ - ၁ဝ = ၂၆ ရတယ်။ ရာသီစဆင်းတဲ့နေ့ ၂၆ ရက်ကစပြီး ကိုယ်ဝန်မရနိုင်ဘူး။ ဒိနောက်မှာ ရာသီလာမယ်။ လာနေတုံးလဲ မရနိုင်ဘူး။
• စိတ်မချရမှု ၉% ရှိတယ်။
• ရက်ရှောင်ပြီး သားဆက်ခြားနည်းဟာ အကုန်အကျအနည်းဆုံးဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးမရှိပါ။ ဒါပေမဲ့ မတော်တဆ ကိုယ်ဝန်ရနိုင်နှုန်းက အမြင့်ဆုံးဖြစ်တယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေကို အကာအကွယ်မပေးနိုင်ပါ။
သုတေသနရလဒ်တွေ -
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန်အရနိုင်ဆုံး ရက်တွေဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း အတူမနေသူတွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း အတူမနေသူတွေထဲက ကွန်ဒွမ်နည်း၊ သုက်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း အကာအကွယ်မသုံးဘဲ အတူနေသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ အတူနေသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ အတူနေသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ အတူနေသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ အတူနေသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။
Dr. တင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin