Measles ဝက်သက်ရောဂါ


၁။ ဆရာ။ ရန်ကုန်ရဲ့မြို့နယ်ငါးမြို့နယ်မှာ ဝက်သက်ရောဂါ အဖြစ်များနေကြောင်း ကြားသိရပါတယ်။ ဝက်သက် လက္ခဏာ၊ ကာကွယ်နည်းနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ ပြန်တင်ပေးပါရန်၊ လေးစားစွာ တောင်းဆိုပါတယ်ဆရာ။

၂။ ၆-၈-၂ဝ၁၆ သတင်း = နာဂပြည်သူတွေ ဝက်သက်ကြောင့်သေဆုံး

၃။ ဆရာ ကျွန်မသမီးလေးက ၇ လပဲရှိသေးတယ်။ သမီးလေးရဲ့ကိုယ်ပေါ်မှာ ဝက်သက်ပေါက်နေတယ်။ အဲ့ဒါကို ဘယ်လိုကုရမှာလဲ စိုးရိမ်လို့ပါဆရာ။ အမေဘက်ကရော အစားရှောင်ရသလား။ ကျေးဇူးပြုပြီးပြောပြပေးပါအုံးရှင့်။ တကယ်စိတ်ပူနေလို့ပါဆရာ။

၎။ ဆရာရှင့် ကလေးဝက်သက်ရောဂါအကြောင်းသိချင်လို့ပါဆရာ။ ဝေါထဲမှာရှာတာမတွေ့ဘူး ဖြစ်နေလို့ပါ။ ကျေးဇူးအထူးတင်ပါတယ်ရှင့်။

၅။ ဆရာရှင့် သမီးသားလေးက အသက်ခွန်နှစ်လပါ။ ဝက်သက်ပေါက်နေပါတယ်။ ဘယ်လိုဆေးတိုက်ရမှာလဲ ဘယ်လို ပြုစုရမလဲဆိုတာ သိချင်ပါတယ်ရှင့်။

Measles ဝက်သက်ရောဂါလို့ခေါ်တယ်။ Rubeola လို့လည်းခေါ်တယ်။ Rubella ဆိုတာက ဂျာမန်ဝက်သက်။ Morbillivirus ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်။ လူနာရဲ့ နှာခေါင်း-ပါးစပ်က ပိုးပါတဲ့အရည်ဟာ တခြားလူရဲ့ အသက်ရှူလမ်းကနေဝင်ပြီး ကူးစက်တယ်။ ပိုးဝင်ပြီး ၄-၁၂ ရက် အကြာ ရောဂါပေါ်တယ်။ လက္ခဏာတွေ စပေါ်တဲ့ရက်ကနေစပြီး အနီစက်တွေပေါ်ပြီး ၃-၅ ရက်အကြာထိ သူများကို ကူးစက်စေနိုင်တယ်။

လက္ခဏာတွေ -
ချောင်းဆိုး၊ ခေါင်းကိုက်၊ နှာရည်ယို၊ မျက်စိနာမယ်။ အစားပျက်မယ်၊ အနီရောင်အစက်တွေထွက်၊ ဦးခေါင်းပိုင်းကစထွက်၊ ယားတယ်။ တတိယနေ့မှာ ပေါ်လာတဲ့အနီစက်လေးတွေကို Koplik's spots လို့ခေါ်တယ်။ ပါးစပ်ထဲမှာလဲ ပေါက်တတ်တယ်။ နားနောက်နားမှာစထွက်တယ်။ ယားမယ်။ နီရာကနေညိုပြီး ၄-၈ ရက်အထိ ကြာနိုင်တယ်။ တိတိကျကျဆိုရင် ၄ ရက် ဖျားတယ်။ နူမိုးနီးယားနဲ့ နားကိုက်တာလဲ ဆက်ဖြစ်တတ်တယ်။ ဦးနှောက်ရောင်၊ မျက်ကြည်လွှာ ရောင်တာ ဖြစ်နိုင်တယ်။ ရှားပါတယ်။ အသက်ကြီးမှ ဝက်သက်ပေါက်ရင် ပိုဆိုးတယ်။

ကုသရန်
ပိုးသေမည့်ဆေး မရှိ။ လက္ခဏာများကိုသာကုပါ။ Acetaminophen (Paracetamol) ဆေးကိုသာပေးရတယ်။

Paracetamol ပါရာစီတမော
၂-၆ လအရွယ်၊ လစေ့မွေးထားတဲ့ကလေး၊ ၄ ကေဂျီကျော်ကလေး၊ ကိုယ်ပူတာနဲ့ နာတာတွေအတွက် 2⋅5 mL တနေ့ ၄ ကြိမ်၊
• ၆-၂၄ လ အရွယ်၊ 5 mL တနေ့ ၄ ကြိမ်၊
• ၂-၄ နှစ် အရွယ်၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
• ၄-၆ နှစ်အရွယ်၊ 10 mL တနေ့ ၄ ကြိမ်၊

ယားတာသက်သာအောင် (အင်တီဟစ်တမင်း) ဆေးလဲ Chlorpheniramine (ဘာမီတွန်) eJY Cetrizine (စီထရဇင်း) ဆေးပေးနိုင်တယ်။ Calamine lotion ကိုလဲ လိမ်းပေးနိုင်တယ်။

Cetirizine
လူကြီး = တနေ့ 5 mg or 10 mg
၆-၁၁ နှစ်ကလေး = တနေ့ 5 mg or 10 mg
၆ လမှ ၁-၅ နှစ်ကလေး = တနေ့ 2.5 mg (½ teaspoon)

ချောင်းဆိုးတာအတွက် Fast-acting bronchodilator cough Syrup ချောင်းဆိုးပျောက်ဆေးရည် ပေးတယ်။ ဗီတာမင် (အေ) ကိုလဲ ပေးတာကောင်းတယ်လို့ဆိုနိုင်တယ်။

ဝက်သက်ရောဂါကာကွယ်ရန်
ဖြစ်နေတဲ့ကလေးကို သီးခြားထားပါ၊ အခြားကလေးတွေကို ကူးစက်စေမယ်။ MMR vaccine (Measles, Mumps, Rubella) ကို (၁၈) လ အထက်ကလေးတွေကို ထိုးပေးတယ်။ ၄-၅ နှစ်အရွယ် ထပ်ထိုးပါ။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ကာကွယ်ဆေးကို အသက် ၆ လ နဲ့ ၉ လတွေမှာ တခါစီထိုးတယ်။ MMR ကာကွယ်ဆေးကနေ Autism ခေါ်တဲ့ ကလေးရောဂါဆက်ဖြစ်သလား သံသယရှိတယ်။

ကလေးအတွက်ရော မိခင်အတွက်ပါ အစားအသောက် ရှောင်ရန်မရှိပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ