Liver hemangiomas အသည်း ဟေမင်ဂျီယိုးမား


ဆရာရှင့် ကျမကိုးကွယ်တဲ့ဘုန်းကြီး နေမကောင်း ခါးနာလို့လွန်ခဲ့တဲ့၁လက CTရိုက်တာ Hepatic hemangioma in both lobes လို့အဖြေထွက်ပါတယ်။ ဆရာ့ရဲ့ hemangioma ပို့စ်ကိုဖတ်မိလို့ပါ။ liver မှာဖြစ်တဲ့ hemangioma အကြောင်းလဲ သိချင်ပါတယ်ရှင့်။ မခွဲရင် အန္တရယ်ရှိလား သိချင်ပါတယ်ရှင့်။

အသည်း ဟေမင်ဂျီယိုးမားဆိုတာ ကင်ဆာ မဟုတ်ပါ။ သွေးကြောတွေ များနေတာ။ Hepatic hemangioma နဲ့ Cavernous hemangioma လို့လည်းခေါ်တယ်။ ရောဂါရှိနေတာ မသိပဲ ဆေးစစ်ရင်းမှာ တွေ့လာတာများတယ်။
ခံစားရနိုင်တာတွေကတော့ ဗိုက်ညာဖက်ခြင်းအပေါ်နေရာ နာမယ်။ အစာနည်းနည်းစားပြီး ဗိုက်ပြည့်သလိုခံစားရနိုင်တယ်။ ပျို့အန်မယ်။

ဘာလို့ဖြစ်သလဲ သေချာမသိသေးပါ။ အသက် ၃ဝ နဲ့ ၅ဝ ကြားဖြစ်တာများတယ်။ အမျိုးသမီးတွေက နည်းနည်း ပိုဖြစ်ကြတယ်။ ကိုယ်ဝန်ဆောင်ဆေးစစ်ရင်း တွေ့တာလည်းရှိတယ်။ သွေးဆုံးပြီးသူ ဟော်မုန်းအစားထိုးပေးနေသူမှာလည်း ဖြစ်ကြတယ်။ အရွယ်အစား တလက္မခွဲ ထက်မကြီးပါ။ ကလေးတွေမှာ နည်းနည်းကြီးတာဖြစ်ပေမယ့် အလွန်ရှားတယ်။ အများအားဖြင်း ဆက်ကြီးမလာကြပါ။

ခံစားနေရတာ မရှိသူ ဆေးကုသဘို့ မလိုပါ။ စစ်ဆေးနေသင့်တယ်။ လိုအပ်လာရင် ခွဲထုတ်မယ်။ အသည်းတပိုင်းတစ ထုတ်တယ်။ သွေးမလျှောက်အောင်နည်းတွေလည်းလုပ်နိုင်တယ်။ hepatic artery ligation နည်းနဲ့ arterial embolization နည်းတွေရှိတယ်။ တချို့ကို အသည်းအစားထိုးပေးမယ်။ တချို့ကို ဓါတ်ကင်နည်းလုပ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ