ဆယ်ကျော်သက်များအကြား E-cigarette ကို အလွဲသုံးစားလုပ်မှု ပိုမိုများပြားလာ


အနောက်တိုင်းနိုင်ငံများတွင်ကျယ်ပြန့် စွာအသုံးပြုနေကြသည့် E-cigarette ကို ဆယ်ကျော်သက်များ အကြား အလွဲသုံးစားလုပ်မှု ပိုမိုများပြားလာသည်ကိုတွေ့ ရှိရကြောင်း အမေရိကန်ပြည်ထောင်စု၊ Yale University School of Medicine မှ သုတေသီများက ထုတ်ပြန်ကြေညာသည်။ ဆယ်ကျော်သက်တွေက E-cigarette ကို မူလထုတ်လုပ်ထားတဲ့ပုံစံအတိုင်း vaping လုပ်ဖို့ အသုံးမပြုဘဲ အခိုးအငွေ့ ကို အများကြီး ပိုရှူရှိုက်လို့ ရစေမယ့် dripping ဖြစ်အောင် ကိုယ်တိုင်လုပ်ယူသုံးစွဲနေကြ တာကိုတွေ့ ရပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ E-cigarette တွင် နီကိုတင်းအရည်သည် အပူပေးထားသော ကွိုင်ကိုဖြတ်ရကြောင်း ၊ ထိုအခါ အငွေ့ များ ဖြစ်လာပြီး ၄င်းအငွေ့ ကိုရှုရကြောင်း၊ ထို ကဲ့သို့ ရှုရှိုက်ခြင်းကို vaping ဟု ခေါ်ကြောင်း၊ ယခု လူငယ်များက အဆိုပါ အပူပေးထားသောကွိုင် ပေါ်သို့  နီကိုတင်း အရည်များကို သုံးလေးစက် ပိုချပြီး အငွေ့ များများရအောင်ပြုလုပ်ကာ ရှူရှိုက်နေကြ ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းကို Dripping ဟု ခေါ်ကြောင်း ၊ ကျန်းမာရေးထိခိုက်မှုနည်းပါးစေရန် ရည်ရွယ်၍ နီကိုတင်းကို ထိန်းချုပ်ကာလွှတ်ပေးသည့် စနစ်ကိုဖန်တီးထားသော်လည်း ဆယ်ကျော်သက် များက နီကိုတင်း အရည်ကိုကိုယ်တိုင်အစက်ချသုံးစွဲနေ သည့်အတွက် မူလရည်မှန်းချက် မပြည့်မီတော့ မည်ကို စိုးရိမ်ရကြောင်း သုတေသီတစ်ဦးက ရှင်းပြသည်။ E-cigarette အသုံးပြုတဲ့ဆယ်ကျော်သက် ၄ ဦးမှာ ၁ ဦးက E-cigarette ကို အခြားနည်းနဲ့ သုံးစွဲကြပါ တယ်။ အခုနောက်ဆုံးပေါ်အခေါ်အရ dripping ဖြစ်ပါတယ်။

သူတို့ အတွက် နီကိုတင်းဓါတ်ပိုရပြီး စိတ်ရဲ့  လိုအပ်ချက်ကို ပိုပြီး ထိရောက်အောင်ဖြည့်ဆည်းပေးနိုင်တယ် ဆိုပြီးတော့ ဆယ်ကျော်သက်တွေအကြား မှာ Dripping က ခေတ်စားနေခြင်းဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက သူတို့ အဲဒီလိုစပြီးလုပ်လာကြတာ အခု ၂၀၁၇ မှာ အတော်အရှိန်ရနေပါပြီ ဟု ၄င်းက ဆက်လက်ရှင်းပြသည်။ E-cigarette ကို မူလက ဆေးလိပ်ဖြတ်လိုသူများအား အထောက် အကူပြုစေရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်သော် လည်း နောက်ပိုင်းတွင် ဆယ်ကျော်သက်များက ဟန်လုပ်အသုံးပြုလာပြီး ယခုအခါ အလွဲသုံးစားပြုလုပ်နေ ခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ