အိပ်ယာဝင်ချိန်၌ စိတ်ပျက်ဖွယ်အကြောင်းအရာများကို မတွေးသင့်


အိပ်ပျော်နေချိန်တွင် ဦးနှောက်က မှတ်ထားသောအကြောင်းအရာအဟောင်းများကိုပယ်ဖျက်ပြီး နောက် တစ်နေ့ အတွက်မှတ်သားစရာအကြောင်းအရာအသစ်များကို စတင်စုဆောင်းသည့်အချိန်ဖြစ်သည့် အတွက် အိပ်စက်ချိန်တွင် စိတ်ပျက်ဖွယ်ကောင်းသော အကြောင်းအရာများကိုတွေးနေသည်ထက် အဖြေ ကို ရရှိထားသည့် ရှုထောင့်မှတွေးပေးခြင်းဖြင့် အဖြေပျောက်နေသောမေးခွန်းများအတွက် လမ်းကြောင်း ပွင့်သွားနိုင်မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ Wisconsin Madison University တက္ကသိုလ်မှ သုတေသီများက ပြောသည်။ လူတွေပြောကြတဲ့တရေးနိုးသောအကြံပေါ် ဆိုတာ မှန်ပါတယ်။

တရေးနိုးတဲ့အချိန်မှာ ဦးနှောက်က အကြောင်းအရာအဟောင်းတွေကိုဖျက်ထားပြီးနှင့်ပြီး အကြောင်းအရာ အသစ်တွေကို စပြီးမှတ်နေတဲ့ အချိန်မို့  တစ်နေတာကိစ္စတွေမှာ ရှုပ်ထွေးနေတာတွေကိုဖျက်ပြီးတော့ အချက်အလက်အသစ်တွေကို အသင့်ပြန်စီထားတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့်လည်း မိုးလင်းတဲ့အခါ အဖြေပေါ်နေတဲ့ပြဿနာတွေ ကို မကြာခဏကြုံတွေ့ ရခြင်းဖြစ်ပါတယ်ဟု သုတေသီ Giulio Tononi က ပြောပြသည်။

ဦးနှောက်သည် အိပ်စက်ချိန်တွင် ကျုံ့ သွားလေ့ရှိကြောင်း၊ ထိုသို့ ကျုံ့ ရသည်မှာ ဦးနှောက်ဆဲလ်များ တစ်ခုနှင့်တစ်ခုကိုချိတ်ဆက်ပေးသည့်လက်တံများကျုံ့ ဝင်သွား၍ဖြစ်ကြောင်း၊ နံနက် မိုးသောက် အလင်း ရောက်၍ ဦးနှောက်ပုံမှန်ပြန်လည်လှုပ်ရှားလာသည့်အချိန်တွင် အဆိုပါ လက်တံများလည်း ပြန်၍ ရှည်ထွက် လာကြောင်း ၊ ဦးနှောက်ဆဲလ်များကျုံ့ ဝင်နေသည့်အချိန်သည် အချက်အလက်အဟောင်းများကို ဖျက်သိမ်းပစ်သည့်အချိန်လည်းဖြစ်ကြောင်း၊ ထို့ အပြင် မလိုအပ်တော့သည့်အချက်အလက်များကို မှတ်ဥာဏ်၏ နက်ရှိုင်းဌာနသို့ ပို့ ဆောင်သိမ်းဆည်းသည့်အချိန်လည်းဖြစ်ကြောင်း သိရသည်။

အဲဒီလိုမှတ်ဥာဏ်ထဲမှာသိမ်းဆည်းတာ၊ ရှေ့ နောက်ပြန်စီစဉ်တာ၊ မလိုတော့တာတွေကိုပြန်ဖျက်တာတွေ လုပ်နေတဲ့အချိန်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေဖို့ လိုပါတယ်။ အဲဒါကို တမင်တကာမအိပ်ဘဲနေမယ်၊ နှစ်ခြိုက် စွာ အိပ်မပျော်နိုင်ဘဲဖြစ်နေမယ်ဆိုရင် မှတ်ဥာဏ်ကွင်းဆက်အချို့ ကို ဆုံးရှုံးရပါတယ်။ ဒါကြောင့်လည်း အိပ်ရေးပျက်ပြီးရင် မှတ်ဥာဏ်က ခါတိုင်းလိုမဟုတ်သလို ဦးနှောက်ကလည်း ခါတိုင်းလိုမပြေးဘဲ ကြောင် စီစီဖြစ်ပြီးတော့ လေးလံထိုင်းမှိုင်းနေကြခြင်းဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ရှင်းပြသည်။

ဦးနှောက်ထဲတွင် Homer1a ပရိုတိန်းပါဝင်ကြောင်း၊ အိပ်ပျော်ခြင်း၊နိုးကြားခြင်း အစရှိသည် တို ဟန်ချက် ညီ ကောင်းမွန်မျှတနေစေရေးအတွက် ၄င်းပရိုတိန်းက အလွန်အရေးပါကြောင်း၊ အိပ်ပျော်နေချိန်တွင် ၄င်း ပရိုတိန်းပမာဏ လျော့ကျသွားလေ့ရှိပြီး ခန္ဓာတစ်ကိုယ်လုံးရှိ အာရုံကြောများသည် လည်း ငြိမ်သက် သွား လေ့ရှိကြောင်း ၊ ခန္ဓာတစ်ကိုယ်လုံးကို လိုက်လံထိန်းချုပ်နေရန် မလိုအပ်တော့သည့် အချိန်ဖြစ်သည့် အတွက် ဦးနှောက်က မိမိကိုယ်ကိုယ်ဆေးကြောသန့် စင်ခြင်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ထိုအချိန်မျိုး တွင် ပြဿ နာ အကြောင်းကို အာရုံစိုက်မထားဘဲ ပြဿနာ၏အဖြေကို ဦးတည်တွက်ချက်ထားခြင်းဖြင့် ပို၍ အကျိုးရှိ သော အဖြေကိုရရှိမည်ဖြစ်ကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ