PID အမျိုးသမီးတင်ပါးဆုံတွင်းရောင်ခြင်း


အိမ်‌‌ထောင်သည်ပါဆရာ ။ သမီးက ခု ၃၅ နှစ်ရှိပါပြီ။ အသက် ၂၂ နှစ်တုန်းက မျိုးဥပြွန်မှာ ‌သွေးလုံး‌တွေ့လို့ ထုတ်ထားပြီးဖြတ်ထားပါတယ် ။ ၃၄ နှစ်ကျ‌တော့ ‌သွေးလုံး ထပ်‌‌တွေ့တယ်။ Operation အ‌သေး‌ပေါ့ ထပ်လုပ်တယ် ။ ဗိုက်‌‌တော့ မခွဲရဘူး။ နောက် Ultrasound ထပ်ရိုက်ကြည့်တော့ clear တဲ့။ မ‌နေ့က ဗိုက်‌‌တွေ အရမ်း‌အောင့်‌‌နေလို့‌ဆေးရုံ ထပ်‌ပြန်‌ပြ‌တော့ ‌ရေအိပ်‌‌တွေ့တယ်တဲ့။ သားအိမ်ထဲ ပိုးဝင်တာလည်း‌တွေ့တယ် ။ က‌လေးလည်းမရမဲ့အတူတူ ဒုက္ခအမြဲ‌ပေး‌နေ‌တော့ သားအိမ်ပါ ထုတ်ချင်‌‌နေပါတယ်ဆရာ။ ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွန်ပါဦး‌နော်။ ကျေးဇူးတင်ပါတယ်ရှင့်‌။

အာလ်ထွာဆောင်း အဖြေစာကြောင်း (ပုံမဟုတ်) သိပါသလား။

Ultrasound က ခဏ‌နေရိုက်ပို့‌ပေးမယ်ဆရာ။ ဒါက‌ဆေးစာအုပ်ကဟာပါဆရာ။

အမျိုးသမီးတင်ပါးဆုံတွင်းရောင်ခြင်း Pelvic inflammatory disease (PID) ဆိုတာ မျိုးပွါးနိုင်တဲ့အရွယ် အမျိုးသမီးတွေမှာ အများဆုံးဖြစ်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါတခုဖြစ်တယ်။ ပေါ့သေးသေးကနေ ဆိုးဆိုးဝါးဝါးအထိရှိတယ်။ (ဂနိုရီးယား) နဲ့ (ကလာမိုင်ဒီယား) ပိုး ၂ မျိုးကနေ အများဆုံးကူးစက်စေတယ်။ ၃ဝ-၄ဝ% က ပိုးတမျိုးမကကြောင့်ဖြစ်တယ်။ ဗက်တီးရီးယားတွေဟာ မွေးလမ်းအဝနဲ့ အောက်ပိုင်းကနေ အထက်ကို တက်တယ် ။ သာမန်ဆိုရင် ဘာပိုးမှရှိမနေတဲ့ သားအိမ်အတွင်းနဲ့ အနီးတဝှိုက် ကိုရောက်လာနိုင်တယ် ။ ကူးစက်ရောဂါတခုခု ရှိနေသူတွေ၊ လိင်ဆက်ဆံဘက် အဖေါ်များသူတွေ၊ အပျိုဘော်ဝင်စအရွယ်တွေ ၊ မူးယစ်ဆေးသုံးသူတွေ၊ IUCD ကိုယ်ဝန်တားပစ္စည်းထည့်ထားသူတွေနဲ့ Douching ဗဂျိုင်းနားကို ခဏခဏဆေးရည်နဲ့ ဆေးကြောတတ်သူတွေမှာ ပိုအဖြစ်များတယ် ။ ကိုယ်ဝန်ဆောင်ရင် အဖြစ်နည်းလာတာတွေ့ရပေမဲ့ ကိုယ်ဝန် ပထမ ၃ လအတွင်းမှာလာဖြစ်ရင် အထဲကကလေးကို ထိခိုက်နိုင်တယ်။

တင်ပါးဆုံတွင်းရောင်ရမ်းခြင်း ဖြစ်စေတဲ့ပိုးတွေ
- လိင်ကတဆင့်ကူးစက်တဲ့ ဂနိုးရီးယားနဲ့ ကလာမိုင်ဒီးယားတွေကနေအများဆုံးဖြစ်စေတယ်။ ဗဂျိုင်းနားထဲမှ ရှိနေပြီး ဖြစ်တဲ့ပိုးတွေကနေလည်း အထက်တက်ပြီး ရောင်ရမ်းစေနိုင်တယ်။
- လေကြိုက်ပိုးတွေ = Non-hemolytic streptococcus, E. coli, Group-B streptococcus & staphylococcus ပိုးတွေ၊
- လေမကြိုက်ပိုးတွေ = Bacteroides species- fragilis & bivius, Peptostrepococcus & peptococcus ပိုးတွေ၊
- တခြားပိုးတွေ = Mycoplasma hominis Gardnerella vaginalis Actinomyces Ureaplasma Mycobacterium tuberculosis ပိုးတွေ။

ဘယ်နည်းနဲ့ပိုးတွေရောက်လာသလည်း
အောက်ဖက်ကနေ အထက်တက်လာနည်းနဲ့သားအိမ်အဝကနေ သားအိမ်၊ သားအိမ်ပြွန်၊ မျိုးဥအိမ် စတာတွေဆီ ရောက်တယ်။ အတူနေလို့ထွက်တဲ့သုက်ရည်နဲ့ ရာသီသွေးအထက်ဆန်တာကနေလည်း အောက်ကနေ အထက် တက်လာနိုင်သေးတယ်။

ရောဂါလက္ခဏာများ
- ဗိုက် ဘယ်-ညာ အောက်ပိုင်းနာခြင်း၊ ဂိုနိုးရီးယားဆိုရင် ပိုးဝင်ပြီးနောက် ၃ ရက်အကြာမှာဖြစ်၊ ကလာမိုင်ဒီးယားဆိုရင် ၅-၇ ရက်အကြာမှာဖြစ်။
- ကိုယ်ပူဖျား (> 38.3˚C/101F)၊ အားယုတ်၊ ခေါင်းကိုက်၊ မွေးလမ်းကတခုခုဆင်း၊ ရာသီဆင်းမမှန်ဖြစ်၊ အဆင်းများ၊ ဆီးအောင့်၊ ပျို့-အန်၊ အတူနေရင်နာခြင်း။ နှလုံးခုန်မြန်၊ ရေဓါတ်နည်း၊ လျှာအဖြူဖတ်ဖြစ်။ ဗိုက်ကိုဖိရင်နာ၊ အသည်းနေရာဖိရင်လည်းနာ။
- မွေးလမ်းကြောင်းစမ်းသပ်ရင် အဖြူစတာဆင်းနေတာတွေ့။ ဆီးလမ်းအဝရောင်နေတာတွေ့။ ဘာသိုလင်ပြွန်ဝကနေ ဖိလိုက်ရင် ပြည်ထွက်လာတာတွေ့။ သားအိမ်ဝကိုဖိရင်နာ။ ဘေးအနားလည်းဖိရင်နာ။ အူအတက်ရောင်ခြင်းနဲ့ခွဲခြားရမယ်။

နောက်ဆက်တွဲဖြစ်ခြင်းများ
အမြန်ဖြစ်ခြင်း
- Pelvic peritonitis တင်ပါးဆုံတွင်း အတွင်းဖုံလွှာရောင်ခြင်း၊
- Septicemia သွေးထဲပိုးရောက်ခြင်း၊
- Arthritis အဆစ်ရောင်ခြင်း၊
- Myocarditis နှလုံးရောင်ခြင်း။

နောက်ပိုင်းဖြစ်ခြင်းများ
- အတူနေရင်မနာသင့်ပဲနာခြင်း၊
- သားသမီးမရဖြစ်ခြင်း၊ သားအိမ်ပြွန်ပိတ်လို့ (၁) ကြိမ်ဖြစ်သူ = ၁၂%၊ (၂) ကြိမ်ဖြစ်သူ = ၂၅%၊ (၃) ကြိမ်ဖြစ်သူ = ၅ဝ%။
- သားအိမ်ပြင်ပသန္ခေတည်ခြင်း တခြားအမျိုးသမီးတွေထက် ၆-၁ဝ% ဖြစ်နိုင်ခြေပိုများတယ်။
- အတွင်းအင်္ဂါတွေတွယ်ကပ်ခြင်း။
- နာတာရှည် တင်ပါးဆုံတွင်းရောင်ရမ်းခြင်း၊ ပြည်တည်စေတဲ့ပိုးတွေနဲ့ တီဘီပိုးကနေဖြစ်စေနိုင်တယ်။
- နာတာရှည် တင်းပါဆုံမှာနာနေခြင်းနဲ့ လူကနေမကောင်းဖြစ်နေခြင်း။

အထဲမှာဘာတွေဖြစ်မလည်း
- Acute salpingitis သားအိမ်ပြွန်တွေရောင်ခြင်း။ ရောင်-နီ-အရည်ထွက်-အနာဖြစ်။
- Pelvic pus အတွင်းပိုင်းပြည်တည်ခြင်း။
- Tubovarian abcess သားအိမ်ပြွန် + မျိုးဥအိမ် ပြည်တည်နာဖြစ်ခြင်း။
- Retort shaped ထိခိုက်နေရာတွေ သွေးမဝဖြစ်၊ ပုံပန်းပြောင်းလဲ။
- Peritonitis, paralytic ileus, subdiaphragmatic and perinephric abcess အထက်ဆက်တက်ပြီး ဗိုက်အတွင်းဖုံးလွှာ ရောင်ခြင်း၊ ဗိုက်ထဲပြည်တည်ခြင်း။

ဘယ်လိုကုသမလည်း
နာတာသက်သက်အတွက် Ibuprofen တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ခါ၊ အစာနဲနီးနီး သောက်နိုင်တယ်။ ဆေးကြောင့် အစာအိမ်နာဖြစ်တာကာကွယ်ဘို့ လေနာဆေးတွေနဲ့တွဲသောက်သင့်တယ်။ Cimetidine (Tagamet, Parenteral) 300 mg တနေ့ ၂ ကြိမ်၊ 400 mg အိပ်ယာဝင်။ Ranitidine 150 mg အိပ်ယာဝင်။ Omeprazole 40 mg တနေ့ ၁ ကြိမ် အစာမစားမီ၊ ၄-၈ ပါတ်။ Pantoprazole 40 mg တနေ့ ၁ ကြိမ် ၄-၈ ပါတ်။ PID ကိုကုသရတာမှာ ဆေးကိုညှာလို့မရပါ။ ပိုးအများကိုနိုင်တာပေးရမယ်။ ရေရှည်အတွက်လည်းကြည့်ရတယ်။

အပြင်လူနာနည်း (၁)
Ceftriaxone 250 mg IM တလုံးတည်းထိုး + Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်။ Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်ကို ပေးသင့်သူကိုပေးမယ်။

အပြင်လူနာနည်း (၂)
Cefoxitin 2 g IM တလုံးထဲထိုး + Probenecid 1 g စားဆေးတွဲပေး + Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်။
Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်ကို ပေးသင့်သူကိုပေးမယ်။

အပြင်လူနာနည်း (၃)
Cefotaxime ထိုးဆေး (သို့) Cefotaxime 0.5 g IM တကြိမ်ထိုး + Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်။
Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်ကို ပေးသင့်သူကိုပေးမယ်။

စားဆေးပေးတာ ၇၂ နာရီအတွင်း တိုးတက်လာရမယ်။ မရရင် ဆေးရုံတင်ကုသရမယ်။ လိုရင် ဗှိုက်ထဲကိရိယာထည့် စစ်ဆေးတာ လုပ်ရမယ်။ လိင်အတူနေဖက်ကိုလည်း စစ်ဆေးပြီး ဆေးကုရမယ်။ ကိုယ်ဝန်ရှိနေသူဆိုရင် ကလေး စောမွေးတတ်တယ်။ ဆေးထိုးကုသပေးရမယ်။

ဆေးရုံတက်လူနာပေးနည်း (၁)
Cefotetan 2 g IV ၁၂ နာရီတခါ။ (သို့) Cefoxitin 2 g IV ၆ နာရီတခါ + Doxycycline 100 mg ၁၂ နာရီတခါ။ ထိုးဆေးကို ၂၄ နာရီပေးပြီးနောက် စားဆေးဆက်ရတယ်။ Doxycycline 100 mg တနေ့ ၂ ကြိမ် ၁၄ ရက်။ ပြည်တည်နေရင် Clindamycin (သို့) Metronidazole + Doxycycline ပေးရမယ်။

ဆေးရုံတက်လူနာပေးနည်း (၂)
Clindamycin 900 mg IV ၈ နာရီတခါ။ + Gentamicin IV or IM (2 mg/kg) စပေးပြီး၊ (1.5 mg/kg) ၈ နာရီ တကြိမ်။ (သို့) (3–5 mg/kg) တကြိမ်တည်းပေး။ ထိုးဆေးကို ၂၄ နာရီပေးပြီးနောက် စားဆေးဆက်ရတယ်။ Doxycycline 100 mg တနေ့ ၂ ကြိမ် ၁၄ ရက်။ (သို့) Clindamycin 450 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်။ ပြည်တည်နေရင် Clindamycin ဆက်ပေးရမယ်။

ဆေးရုံတက်လူနာပေးနည်း (၃)
Ampicillin/Sulbactam 3 g IV ၆ နာရီတခါ + Doxycycline 100 mg ၁၂ နာရီတခါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ