ပဲပိစပ်မှရသော ဓာတ်ပေါင်းတစ်မျိုးက HIV/AIDS ကုသရာတွင်အသုံးပြုနိုင်


ပဲပိစပ်မှာ တွေ့ရှိရတဲ့ ဓာတ် ပေါင်းတစ်မျိုးဟာ HIV ကူးစက်ခံ ထားရတဲ့ လူနာတွေမှာ အသုံးပြုနိုင် ကြောင်း လေ့လာမှုတစ်ရပ်မှာ ဖော်ပြ ထားပါတယ် ။
ကုသနိုင်တဲ့ အခြေအနေက တော့ ကူးစက်ခံရပြီး အစောပိုင်း ကာလတွေဖြစ်ပါတယ်။ တွေ့ရှိရတဲ့ ဓာတ်ပေါင်းအမည်ကတော့ genistein ဖြစ်ပါတယ်။ အဲဒီဓာတ် ပေါင်းဟာ HIV ပိုး ကူးစက်ခြင်းကို တားဆီးပေး နိုင်တယ်လို့ George Mason သုတေသနဌာနရဲ့ မော်လီ ကျူးဆိုင်ရာ ဇီဝဗေဒပါမောက္ခ Dr.Yuntao Wu ကပြော ကြားလိုက်ပါ တယ်။

ဒါပေမယ့် ပဲပိစပ်စားသုံးတဲ့သူ တွေ HIV ပိုး ကူးစက်မခံရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ "genistein ဟာ ပဲပိစပ်အပါအဝင် အပင်တွေမှာ ပါဝင်တာမှန်ပေမယ့် HIV ပိုး ကူး စက်ခြင်းကို တားဆီးနိုင်တဲ့ ပမာဏ ကို သုတေသနပြုနေဆဲဖြစ်ပါတယ်" ပါမောက္ခ Wu က ရှင်းပြထားပါတယ်။ genistein ဟာ သူ့ရဲ့အတွင်းပိုင်း အာနိသင်တွေနဲ့ ဆဲလ်မျက်နှာပြင် တွေပေါ်က sensor လေးတွေကို ချိတ်ဆက်ပြီး အခုအာနိသင်ပေးစွမ်း တာဖြစ်ပါတယ်။ဆဲလ်တွေကို သက် ရောက်နိုင်မှုကြောင့် HIV ပိုး ကူးစက် ခြင်းကို တားဆီးနိုင် တာဖြစ်ပါတယ် ။ HIV ပိုးဟာလဲ မျက်နှာပြင် sensor တွေကိုသုံးပြီး ဆဲလ်တွေရဲ့ အတွင်း ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ပါ တယ် ။ အဲဒီ sensor တွေကို ပဲပိစပ် ကရတဲ့ genistein က ပိတ်ဆို့နိုင် ပါတယ်။
ဒီလေ့လာမှုမှာ တွေ့ရှိရတဲ့ ဓာတ်ပေါင်း genistein ကို ဆေးဝါး အဖြစ် ထုတ်လုပ်နိုင်ဖို့ သုတေ သနပြု နေကြောင်းကိုလည်း ဖော်ပြထား ပါတယ် ။

သန့်စင်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ