သဘာဝအတိုင်းစိုက်ပျိုး (organic) ထားခြင်းကို ဦးစားပေးရမည့် ဟင်းသီးဟင်းရွက်များ

(၁) အာလူး
ဟင်းသီးဟင်းရွက်များအနက် အာလူးမှာ ပိုးသတ်ဆေးပါဝင်မှုအ များဆုံး တွေ့ရပါတယ်။ ရေဆေးပြီး၊ အခွံနွှာပြီးသားအာလူးများ၌ပင် ပိုးသတ်ဆေးပါဝင်မှုမြင့်မားနေတတ်ပါသေးတယ်။

(၂) ပန်းသီး
ပန်းသီးခွံဟာ ပိုးသတ်ဆေးအ များအပြား စုဝေးရာနေရာဖြစ်ပါ တယ်။ ပန်းသီးခွံစားလျှင် နှလုံးရော ဂါနှင့် ကင်ဆာရောဂါကာကွယ်နိုင်တယ်ဆိုပေမယ့် ပန်းသီးခွံမှာ စုဝေး နေတဲ့ ပိုးသတ်ဆေး အကြွင်းအကျန် များကြောင့် ကင်ဆာဖြစ်တတ်ပါ တယ်။

(၃) ကိုက်လန်နှင့်မုန်ညင်း
ကိုက်လန်နှင့် မုန်ညင်းရွက်များ ဟာ ဆိုင်ပေါ်မရောက်ခင် ပိုးသတ် ဆေးအမျိုး (၂၀) ကျော်ဖြန်းခံရပြီး ရက်ပေါင်းများစွာခံနိုင်အောင် စီမံ ထားတာဖြစ်ပါတယ်။

(၄) စတော်ဘယ်ရီ
ပိုးသတ်ဆေးမသုံးဘဲ သဘာဝ အတိုင်း စိုက်ပျိုးထားတဲ့ စတော်ဘယ် ရီသီးနှင့် စီးပွားဖြစ်စိုက်ပျိုးတဲ့ အသီး ယှဉ်ကြည့်လျှင် အရောင်စိုပြည်မှုကွာ ခြားတာတွေ့နိုင်ပါတယ်။ မှိုသတ် ဆေးတစ်ခုဖြစ်တဲ့ captan ဟာ စတော်ဘယ်ရီသီးအရောင်ကို နီရဲစို ပြည်စေပါတယ်။

(၅) သစ်တော်သီး
သစ်သီးတွေထဲမှာ သစ်တော် သီးရဲ့ ပိုးသတ်ဆေးပါဝင်မှုဟာ အခြားအသီးများထက် (၁၀) ဆပို များပါတယ်။ captan နှင့် iprodi one လိုမှိုသတ်ဆေးတွေကြောင့် ကင်ဆာရောဂါအန္တရာယ်ရှိပါတယ်။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ