နှလုံး၏သွေးလက်ခံခန်း စည်းချက်မမှန်သော ရောဂါ
သွေးလက်ခံခန်း စည်းချက်မမှန် သော ရောဂါ (Atrial fibrillation)ဟာ နှလုံးခုန်နှုန်းစည်းချက်ကို ပျက် ယွင်းစေပါတယ် ။ သွေးလက်ခံခန်း (atrium)များ သာမန်မဟုတ်ဘဲ ခုန်တဲ့ အခါတဲ့အခါ ၄င်းတို့နှင့် ဆက်သွယ်ထားသောသွေးညှစ်ခန်း (ventricle) များပါစည်းချက်လွဲလာပါတယ် ။ လေ ဖြတ်ဝေဒနာနှင့်နှလုံး လုပ်အားဆုတ် ယုတ်ခြင်း (heart failure) တို့ပါ နောက်ဆက်တွဲခံစားရတတ်ပါ တယ် ။
တွေ့ရတတ်တဲ့လက္ခဏာတွေ ကတော့သွေးခုန်နှုန်း မမှန်ခြင်း ၊နှလုံးခုန်နှုန်းမြန်ခြင်း ၊ရင်တလှပ်လှပ် တုန်သည်ဟု ခံစားရခြင်း ၊ ရင်ပတ်အောင့် ခြင်းတို့ဖြစ်ပါတယ် ။နှလုံးခုန်နှုန်းဟာလည်း တစ်မိနစ်အကြိမ် (၁၀ဝ)မှ (၁၇၅)ကြိမ်အထိ တက်လာတတ်ပါ တယ်။
နှလုံးခုန်နှုန်းမမှန်ခြင်းကြောင့်နှလုံးသွေးညှစ်အားမကောင်းတဲ့အခါသွေးကောင်းကောင်းမစီးတော့ဘဲအိုင်ထွန်းလာပြီးသွေးခဲလေးတွေဖြစ်လာတတ်ပါတယ်။အဆိုပါသွေးခဲတွေဦးနှောက်သွေးကြောမျှင်တွေအထိသွားရောက်ပိတ်ဆို့တဲ့အခါလေဖြတ်ဝေဒနာဖြစ်ပေါ်တတ်ပါတယ်။
နှလုံးကိုဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့သွေးတိုးခြင်း၊နှလုံးသွေးကြောကျဉ်း ရောဂါများနှင့်နှလုံးဖောက်ပြန်ခြင်း၊သိုင်းရွိုက်ဟော်မုန်းရောဂါများနှင့်အဆုတ်ရောင်ရောဂါများကြောင့်သွေးလက်ခံခန်းစည်းချက်မမှန်သောပြဿနာစတင်တတ်ပါတယ်။
နှလုံးလျှပ်စစ်ရိုက်ခြင်း၊နှလုံးခုန်နှုန်းထိန်းဆေးများပေးခြင်းဖြင့်ကုသနိုင်ပါတယ်။သွေးလက်ခံခန်းမှသွေးညှစ်ခန်းသို့သွေးပေးပို့တဲ့နေရာကိုခွဲစိတ်ဖြတ်တောက်ခြင်း ဖြင့်လည်းကုသနိုင်ပါတယ်။နှလုံးခုန် စက် ၊ နှလုံးထိန်းစက် (pacemaker) ထည့်သွင်းထားခြင်းဟာ လည်းသွေးလက်ခံခန်း စည်းချက် မမှန်သောရောဂါကို ကုသရန်အတွက်ဖြစ်ပါတယ် ။
နှလုံး၏သွေးလက်ခံခန်းစည်းချက် မမှန်သောရောဂါမဖြစ်အောင် ကိုယ်အလေးချိန်လျှော့ခြင်း ၊ တားမြစ်ဆေးရှောင်ရှားခြင်း ၊ဆေးလိပ်ဖြတ်ခြင်း ၊အရက်ဖြတ်ခြင်းတို့ဖြင့်ကာကွယ်နိုင်ပါတယ် ။
သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin