အသည်းရောဂါ အတွက် သိစရာ


လူ့ခန္ဓာကိုယ်တွင်းတွင်ရှိသည့်အပြင် နုသောအသည်းတွင် အသည်းရောင် အသည်းဝါရောဂါအပါအဝင် အသည်းရောဂါအတွက် ဖြစ်စေသာ ဗိုင်းရပ် A B C D E နှင့် G အထိ အသည်းရောင် ဗိုင်းရပ်စ် ၆ မျိုးရှိနေပေမဲ့ အဲဒီ ဗိုင်းရပ်ကြောင့် အသည်းရောဂါဖြစ်ပေါ်လာမည်ဆိုလျှင် ကျန်တာတွေ ထက် ကြောက် စရာကောင်းသလို နာတာရှည် ရောဂါဆိုးဖြစ်စေသည့် ရောဂါမှာ လူတိုင်းသိရှိ နားလည်းပြီးသာဖြစ်သော အသည်းဘီပိုး ၊ အသည်းစီပိုး ဆိုပြီး ပြောဆိုနေကြသည့် ဗိုင်းရပ်စ် ဘီ နှင့် စီ ပင်ဖြစ်ပါသည် ။ ဘီပိုး စီပိုးကြောင့် နာတာရှည်ရောဂါအပြင် ထပ်မံပြီး အသည်းကို ထပ်မံပြီးလဆိုးကျိုးဖြစ်စေသည်က အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာ့ ပင်ဖြစ်စေပါသည် ။

အသည်းနှင့် ပတ်သက်သော ရောဂါပိုးရှိနေသူများတွင် ပုံမှန်အားဖြင့် မသိရှိနိုင်သလို ဘာရောဂါ လက္ခဏာမှ ပြသခြင်း မရှိသည့် အနေအထားဖြင့် ဖြစ်နေသော အသည်းလည်း ဖြစ်ပါသည် ။ဘယ်လို အချိန်ခါတွေမှာ သိရှိနိုင်သလဲဆိုလျှင် အသည်းနှင့်ပတ်သက်သောရောဂါပိုး ရှိနေခြင်း မရှိခြင်းကို ကျန်းမာရေးအတွက် စစ်ဆေးသည့်အခါ နှင့် သွေးအတွက် စစ်ဆေးမှု့ တစ်စုံတစ်ရာ ပြု့ လုပ်သည့် အခါတွင် သိရှိကြပါသည် ။ စစ်ဆေးခြင်း မရှိခဲ့လျှင် နှစ်တွေကြာလာသည့် အခါနှင့် ရောဂါရင့်လာသည့်အခါတွင် သိရှိတက်သော ရောဂါလည်း ဖြစ်ပါသည် ။

ဒီလို အချိန်တွေလွန် ရောဂါလည်းရင့်  အချိန်ခါကျမှ အသည်းမှာ ပျက်ဆီးသည့်အနေအထား အဆိုးဖက် ကိုသာ အလေးသာသည့် အနေပင် ဖြစ်နေပါသည် ။

အချိန်လည်းမလွန် အဆိုးလည်း မဖြစ်ရလေအောင် လေးလေးနက်နက် တိုက်တွန်းပြောချင်တာက လူတိုင်း တစ်ကြိမ်တစ်ခါမှ စစ်ဆေးခြင်း မပြု့ လုပ်ပါက အသည်းရောင်ရောဂါ အသည်း ဘီးပိုး စီပိုး ရှိမရှိ စစ်ဆေး ဖို့ လည်း ပြု့လုပ်ပါလို့ တိုက်တွန်းပါသည် ။

ဒါမှသာ အသည်းရောင် ဘီပိုး မရှိသေးဘူးဆိုလျှင် ကာကွယ်ဆေးကောင်းကောင်းများ ရှိနေသည့် အတွက် အသည်း ဘီပိုးအတွက် ကာကွယ်လို့ ရနိုင်ပါသည် ။ ဒီလို ကာကွယ်မှု့ လုပ်ဆောင်နိုင်ဖို့ ကတော့ သင့် အနေဖြင့် စစ်ဆေးသိရှိပြီးမှသာ ကာကွယ်နိုင်ပါလိမ့်မည် ။ ဒါဆို ကျန်သည့် စီပိုး အတွက်ရော ကာကွယ် လို့ နိုင်လားလို့  ကျန်းမာရေး အသိ ဒါမှ မဟုတ် ကြိုတင် ကာကွယ်ချင်သူများ အနေဖြင့် မေးမြန်းကြ သည့် မေးခွန်းတစ်ခု ပါ ။ အမေးတွက် အဖြေပြောရရင်ဖြင့် စီပိုးအသည်းအတွက် ကာကွယ်ဆေး မရှိသေးပါဘူး ။ မရှိသေးသည့်အတွက် ဘယ်လိုမျိုးကြောင့် ကူးစက်တက်သလိုဆိုတာကို သင့်အနေဖြင့် သိထားသင့်ပါသည် ။

သွေးသွင်းခြင်းမှ ကူးစက်နိုင်ခြင်း ၊ တစ်ခါသုံး ဆေးထိုးအပ်မသုံးစွဲခြင်းကြောင့် ကူးစက်နိုင် သလို့  ရောဂါရှိသောသူ အတွက် သုံးစွဲထားသော အပ် ဆူးမိလျှင်လည်း ကူးစက်နိုင် ၊ မူးယစ်ဆေး သုံးစွဲသူများတွင် အကြောတွင်း မျှပြီးဆေးထိုးသွင်းသုံးစွဲခြင်းကြောင်း ကူးစက်နိုင် ၊ ရောဂါပိုးရှိသော မိခင်လောင်းများမှ ရင်သွေးကလေးများကို ကူးစက်နိုင် ၊ မုတ်ဆိတ်ရိတ်ဓားအပါအဝင် သွားတိုက်တံ တစ်ချောင်းတည်း ကိုသာ မျှဝေသုံးစွဲခြင်းကြောင်း ကူးစက်နိုင် ၊ နားဖောက်သည့် အခါ သုံးသည့် အပ် နှင့် ယနေ့ ခေတ်စားနေသော တက်တူးထိုး တာကြောင့် ကူးစက်နိုင် ၊ ရောဂါပိုးရှိနေသူမှ လိင်ဆက်ဆံရာမှ လည်း ကူးစက်နိုင် ၊ လူ့ ကျန်းမာရေးအတွက်သုံးစွဲရသည့် ဆေးခန်းသုံးပစ္စည်းများကို သေချာစွာ ပိုးသတ်ဆေးရည်စိမ် ပိုးသတ်ပေါင်းထားခြင်း မရှိသော ပစ္စည်းများကြောင့် ကူးစက်နိုင် ၊ မတော်တဆ အပ်ဆူးမိခြင်းနှင့် အကွဲအစွန်းများကြောင့် ထိခိုက်မိခြင်းများမှလည်း ကူးစက်နိုင်ပါသည် ။

ရောဂါရှိနေသူနှင့် အတူနေစား အတူသွားလာခြင်းကြောင့် မကူးစက်နိုင်ပါ အသားချင်ထိနေပေမဲ့ ကူးစက်ခြင်းလည်း မရှိပါ ။ လူ့ အသုံးအဆောင်ပစ္စည်းများကို သီးသန့် စီ သုံးစွဲဖို့ တော့လိုအပ်ပါလိမ့်မည် ။
အသည်းဘီပိုးအတွက် ဆေးဖြင့်ကာကွယ်နိုင်ပါသည် ။ ကာကွယ်ဆေးထိုးခြင်း (Vaccination )အတွက် ဦးစွာ အသည်းဘီပိုး ရှိမရှိ သွေးစစ်ဆေးရပါလိမ့်မည် ။ မရှိပါက အသည်းတွက်ဘီပိုးကာကွယ်ဆေးကို ထိုးနိုင်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ