Hepatitis B Overview အသည်းရောင် (ဘီ) ဆိုတာ


၁။ ကျွန်တော့အသက် ၃၅ နှစ်ပါ။ ဘီပိုးရှိတဲ့လက္ခဏာနဲ့ မရှိတဲ့လက္ခဏာသိချင်ပါတယ်။
၂။ မင်္ဂလာပါ ဆရာ။ ဆရာကျွန်တော့်အသက်က ၃၉ နှစ် ယောက်ျားလေးပါဆရာ။ ကျွန်တော့်မှာဘီပိုးတွေ့တာ ၃ နှစ်လောက်ရှိပါပြီဆရာ။ ခုဆေးခန်းပြနေပါတယ်ဆရာ။ ကျွန်တော်သိချင်တာကဆရာဘီပိုးရှိတိုင်းသူများကိုကူးစက် သလားဆိုတာပါဆရာ။ ကျွန်တော်က HBe- Ag negative နဲ့ Anti-HBe positive ပါ ။
အသည်းရောင် (ဘီ) ဆိုတာ ဗိုင်းရပ်စ်ပိုးကနေကူးစက်တယ်။ ရက်တိုနဲ့ နာတာရှည်ဖြစ်တယ်။ ကိုယ်ခန္ဓာအရည်တွေ၊ သွေးကနေတဆင့်ကူးစက်တယ်။ နာတာရှည်ဆိုတာ hepatitis B surface antigen positive ၆ လအနည်းဆုံး ရှိနေသူကိုခေါ်တယ်။
လူပေါင်း သန်း ၂၄ဝ အထိ နာတာရှည်ရှိနေတယ်။ တနှစ်မှာ လူပေါင်း ၇၈ဝဝဝဝ သေဆုံးနေရတယ်။ ၆၅ဝဝဝဝ တို့ဟာ အသည်းခြောက်တာနဲ့ အသည်းကင်ဆာကြောင့် သေကြရတယ်။ ၁၃ဝဝဝဝ က ရက်တိုအသည်းရောင်လို့ သေဆုံးတယ်။ ကျန်းမာရေးဌာနမှာ အလုပ်လုပ်ရသူတွေအတွက် လုပ်ငန်းခွင်အန္တရာယ်ဖြစ်တယ်။ ၁၉၈၂ ကတည်းကပေါ်ခဲ့တဲ့ ကာကွယ်ဆေးထိုးထားပြီး ကာကွယ်နိုင်ကြပါတယ်။ ဆာဟာရ အောက်ပိုင်းဒေသနဲ့ အရှေ့အာရှမှာအဖြစ်များတယ်။ လူကြီး ၅-၁ဝ% မှာ ကူးစက်ခံနေကြရတယ်။
ပိုးဟာ ကိုယ်အပြင်ဖက်မှာ ၇ ရက်အထိရှင်နေနိုင်တယ်။ ပိုးဝင်လာပြီးနောက် ပျမ်းမျှ ၇၅ ရက်လောက်နေမှ ရောဂါ ပေါ်လာတယ်။ တချို့မှာ ၃ဝ ရက်ကနေ ၁၈ဝ ရက်ရှိတယ်။ ပိုးဝင်ခံရသူကို ၃ဝ ရက်နဲ့ ၆ဝ ရက်မှာစမ်းလို့ရတယ်။
အဖြစ်များဒေသတွေမှာ ကလေးမွေးရာကနေကူးတာများတယ်။ သွေးကနေလည်းများတယ်။ ကလေးချင်း ၅ နှစ်အတွင်း ကူးတာလည်းမနည်းပါ။
တံတွေး၊ ရာသီသွေး၊ ဗဂျိုင်းနာအရည်၊ သုက်ရည်တွေထဲမှာပိုးတွေပါနေတယ်။ လိင်ကတဆင့် (ကျား-မ၊ ကျား-ကျား) ကူးတယ်။ ဆေးထိုးအပ်ကနေလည်းကူးတယ်။ ကူးစက်သူတွေထဲက ၅% လောက်မှာ နာတာရှည်အသည်းရောင် ဖြစ်တယ်။
ပိုးဝင်ကာစမှာ ဘာမှမသိလိုက်သူကများတယ်။ တချို့ အသားဝါမယ်။ အားယုတ်မယ်။ ပျို့-အန်မယ်။ ဗိုက်နာမယ်။
ကူးစက်ခံရပေမယ့် ၉ဝ% ဟာ တနှစ်အတွင်း ကောင်းသွားကြတယ်။ အသက်ငယ်ကလေးတွေမှာကူးခံရရင် နာတာရှည်ဖြစ်တာများတယ်။ ၅ နှစ် အောက်တွေ ၈ဝ-၉ဝ%၊ ၆ နှစ်အထက် ၃ဝ-၅ဝ%။ လူကြီး ၅% ထက်နည်းတယ်။ နာတာရှည်တွေထဲက ၂ဝ-၃ဝ% မှာ အသည်းခြောက်တာနဲ့ အသည်းကင်ဆာဖြစ်နိုင်တယ်။
ဓါတ်ခွဲစမ်းသပ်နည်းတွေများတယ်။ (HBsAg) ကိုစမ်းရတာများတယ်။ သွေးလှူမယ့်သူတိုင်းကိုစမ်းတယ်။ ရက်တို အသည်းရောင်နေသူမှာ HBsAg ရှိမယ်။ (IgM) antibody ရှိမယ်။ HBcAg ရှိမယ်။ (HBeAg) အပေါင်းပြမယ်။ HBeAg ဆိုတာက ဗိုင်းရပ်စ်တွေပွါးများနောတကိုပြတယ်။ HBeAg ရရှိနေတယ်ဆိုတာ ကူးစက်နိုင်တာကိုပြနေတယ်။ နာတာရှည် အသည်းရောင်ဆိုတာ HBsAg ၆ လအထိ ဆက်ရှိမေယ်။ HBeAg ရှိချင်ရှိမယ်။ ရှိချင်မှလည်းရှိမယ်။ HBsAg ရှိနေတယ် ဆိုတာ နာတာရှည် ဖြစ်နေတာ။ တချိန်မှာ (hepatocellullar carcinoma) ကင်ဆာ ဖြစ်လာနိုင်တယ်။
ကုသမှု
ရက်တိုကို ဘယ်လိုကုမလည်း တိတိကျကျမရှိပါ။ Tenofovir or Entecavir စာဆေးတွေသုံးတယ်။ တရက် ၁ ပြား။ ဆေးယဉ်လာနေတယ်။ ပျောက်မှာမဟုတ်ပေမယ့် ပိုးတွေပွါးတာကိုနှေးစေမယ်။ ဆေးဆက်သောက်နေရတယ်။ ထိုးဆေးလည်းသုံးတယ်။
Hepatitis B vaccine ကာကွယ်ဆေးကို မွေးကာစကလေးတိုင်း ၂၄ နာရီအတွင်းထိုးပါ။ ၃ လုံးပြည့်အောင်ထိုးပါ။
၂ဝ၁၄ ဧပြီလ WHO လမ်းညွှန်ဖြစ်ပါတယ်။ ကာကွယ်ရေး၊ ဦးစားပေးကုသရေးတွေနဲ့ စမ်းသပ်မှုတွေပါတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ