အ၀လွန်ဆယ်ကျော်သက်များအတွက် ခွဲစိပ်ကုသမှုက ရေရှည်အကျိုး


ဆိုးရွားစွာအ၀လွန်နေသောဆယ်ကျော်သက်များသည် GBS ခွဲစိပ်မှုခံယူခြင်းဖြင့် ရေရှည် ကိုယ်အလေးချိန် ကျသည့် အကျိုးကိုခံစားရနိုင်ကြောင်း အမေရိကန်သုတေသီများက ပြောသည် ။

GBS ခွဲစိပ်ကုသမှုမှာ Gastric Bypass Surgery ဖြစ်ကြောင်း၊ ၄င်းခွဲစိပ်မှုတွင် အစာအိမ်ကို နှစ်ပိုင်း ကန့် လိုက်ခြင်း ဖြစ်ကြောင်း ၊ အစာအိမ်အပေါ်ပိုင်းကို အိတ်ငယ်တစ်ခုခန့် သာထားရှိပြီး အစာ အိမ်အောက်ပိုင်း ကို နေရာခပ်များများ ချန်ထားပြီး အူကို ၄င်းအစာအိမ် ၂ ပိုင်းလုံးနှင့် ဆက် သွယ်ပေးခြင်း ဖြစ်ကြောင်း ၊ အစာအိမ်သေးငယ်သွားသည့် အတွက် အနည်းငယ်စားရုံနှင့် ၀သွားမည်ဖြစ်ပြီး အစာအိမ်ကိုကန့် သတ်ထားသည့်အတွက် အစာအိမ်အူနံရံများ အားလုံးက အစာကို စုပ်ယူ နိုင်ခြင်း မရှိ သည့် အတွက် အ၀လွန်ခြင်းကို လှုံ့ ဆော်သည့် ခန္ဓာကိုယ်အင်္ဂါအစိပ်အပိုင်း များထံ အစာရောက် မသွားအောင် တားဆီးပေးခြင်းဖြင့် အ၀လွန်ခြင်းကို တဖြည်းဖြည်းလျှော့ချကာ ကို်ယ်အလေး ချိန်ကို ရေရှည်ထိန်းထားနိုင်အောင်ပြုလုပ်သော ခွဲစိပ်ကုသမှုဖြစ်ကြောင်း သိရသည် ။

လေ့လာဆန်းစစ်မှုများအရ GBS ခွဲစိပ်မှုခံယူထားသူများသည် နောက်ထပ် ၁၂ နှစ်အတွင်း ကိုယ်အလေးချိန် ၃၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း၊ ဘေးထွက်ဆိုးကျိုးအနေဖြင့် ဗီတာမင်အချို့ ချို့ တဲ့ပြီး အချို့ တွင် နောက် ဆက်တွဲခွဲစိပ်ကုသမှုများ ရံဖန်ရံခါပြုလုပ်ခဲ့ရခြင်းသာရှိကြောင်း၊ ၄င်းဘေးထွက် ဆိုးကျိုးများကို ရရှိသောအကျိုး ကျေးဇူးနှင့်နှိုင်းယှဉ်လိုက်လျင် မပြောပလောက်ကြောင်း သုတေသီတစ်ဦးက ရှင်းပြသည်။

GBS ခွဲစိပ်မှုကိုခံယူပြီးနောက် ဆယ်ကျော်သက်များတွင် ကိုယ်အလေးချိန်ကျဆင်းသည့်အပြင် ဆီးချိုဖြစ်ပွားမှုနှုန်း လည်း ၁၆ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ၊ ကိုလက်စထရောမြင့်မား ခဲ့သူများတွင်လည်း မူလက ၈၆ ရာခိုင်နှုန်းမှ ၃၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ၊ သွေးတိုးရောဂါ ရှိသူများတွင်လည်း သွေးတိုးသည့်ပမာဏ မှာ သုံးပုံနှစ်ပုံ ကျဆင်းသွားခဲ့ကြောင်း သိရသည် ။

GBS ခွဲစိပ်မှုခံယူပြီး ကိုယ်အလေးချိန်က ချက်ခြင်းတော့မကျပါဘူး။ လူကိုအန္တရာယ်မဖြစ်စေတဲ့နှုန်းနဲ့  ဖြည်းဖြည်း ချင်း ကျတာပါ။ ဒါကြောင့် အချို့ လူငယ်တွေကိုကြည့်လိုက်ရင် GBS ခွဲစိပ်မှုခံယူပြီးရင်လည်း အ၀လွန်နေဆဲ ဆိုတာ လိုမျိုး တွေ့ ရပါတယ်။ ဒါပေမယ့် ကိုယ်အတွင်းပိုင်းမှာ ကျန်းမာရေးတိုးတက်မှုကိုတော့ ချက်ခြင်းလိုလို စတင်ခံစားရ ပါတယ် ဟု သုတေသီတစ်ဦးက ရှင်းပြသည်။


Lashio News Diary
ဇန် (၈) ကျန်းမာရေး၊ သမန်းကျား၊ ရတနာပုံနေ့ စဉ်။
https://www.facebook.com/LNDLashio/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ