နှုတ်ခမ်းဖောက်ခြင်း၏ အန္တရာယ်များ ( လူငယ်လေးများ သိစေချင်သည် )
ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီး အဆင်တန်ဆာတွေကို အလှတပ်ဆင်ခြင်းဟာ ဒီနေ့ခေတ် ငယ်ရွယ်သူတွေ အကြားမှာ ခေတ်စားနေပါတယ် ။
ဟိုအရင်ခေတ်ကတော့ အများအားဖြင့် နားဖောက်တာကိုသာ လုပ်ကြပေမယ့် ယခုခေတ်မှာ နားမှာလည်း နှစ်ပေါက် ၊ သုံးပေါက်ဖောက်ကြသလို နှုတ်ခမ်း ၊ မျက်ခုံး ၊ နှာခေါင်း ၊ ချက်စတဲ့ ခန္ဓာကိုယ်နေရာတွေမှာပါ အပေါက်ဖောက်ပြီး အလှဆင်နေကြပါတယ် ။ ခန္ဓာကိုယ် အပေါက်ဖောက်ခြင်းဟာ အန္တရာယ် ရှိပါတယ် ။ အထူးသဖြင့် နှုတ်ခမ်းမှာ အပေါက်ဖောက်ခြင်း ဟာ ရောဂါပိုးကူးစက်ခြင်းအပြင် သွားနဲ့ခံတွင်း ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ် ။
ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပေးတဲ့သူတိုင်း ပိုးသတ်ထားတဲ့ အပ်တွေကို အသုံးပြုမယ်လို့ မသေချာပါဘူး။ ဒါကြောင့် ရောဂါပိုးကူးစက်ခံရနိုင်တဲ့ အန္တရာယ်ကို လျစ်လျူရှုထားလို့ မရပါဘူး ။ ဒါ့အပြင် အပေါက်ဖောက်ပြီးပါက ပိုးသန့်စင်အောင် ဂရုစိုက်ပြုစုမှုမရှိရင်လည်း ရောဂါပိုးတွေအများအပြား ဝင်ရောက်နိုင်တဲ့ အန္တရာယ်ရှိပါတယ် ။
AIDS ရောဂါဖြစ်စေတဲ့ HIV ပိုးကူးစက်ခံရနိုင်တဲ့ နည်းလမ်းတွေထဲမှာ မသန့်ရှင်းတဲ့အပ်ကို အသုံးပြုပြီး ခန္ဓာကိုယ် အပေါက်ဖောက်ခြင်းလည်း ပါဝင်နေတယ် ဆိုတာကို အမြဲသတိရပါ။ ဂရုစိုက်ပြီး ပိုးသန့်စင်မှု မလုပ်ရင် ခန္ဓာကိုယ်အပေါက်ဖောက်တဲ့ ပထမလူဆီမှ HIV ပိုးဟာ ဒုတိယလုပ်တဲ့ သူဆီ ကို ရောက်ရှိ ကူးစက်သွားပါလိမ့်မယ် ။
သွားဖုံးတွေ ဆုတ်ယုတ်လာတဲ့အခါ သွားတွေရဲ့အောက်မှ အာရုံကြောတွေပေါ်လာပြီး သွားကျဉ်တာဖြစ် လာပါမယ် ။
HIV ပိုးလိုပဲ နာတာရှည် အသည်းရောင် အသားဝါဘီပိုးနဲ့ စီပိုးတွေဟာလည်း မသန့်ရှင်းတဲ့အပ်နဲ့ ခန္ဓကိုယ် အပေါက်ဖောက်ရာမှ ကူးစက်နိုင်ပါတယ် ။
နှုတ်ခမ်းမှာ အပေါက်ဖောက်ပြီး တပ်ထားတဲ့ အဆင်တန်ဆာဟာသွားကို အဆက်မပြတ် ပွတ်တိုက်နေရင် ကြာလာတဲ့အခါ သွားတွေတိုက်စားပွန်းပဲ့ပြီး ယိုယွင်းပျက်စီးလာပါလိမ့်မယ် ။
နှုတ်ခမ်းမှ အဆင်တန်ဆာဟာ သွားဖုံးနဲ့လည်း ပွတ်တိုက်နေတဲ့အတွက် သွားဖုံးမှ သွေးတွေထွက်လာပြီး ကြာရင်သွားဖုံးတွေ ဆုတ်ယုတ်လာပါမယ် ။
ကျန်းမာတဲ့သွားဖုံးတွေ မရှိတော့တဲ့အခါ မေးရိုးဟာ ခိုင်ခံ့မှုမရှိတော့ဘဲ ရောဂါပိုးကူးစက်မှုတွေကိုလည်း ခံရပါမယ် ။ ဒီအခါ သွားတွေဟာ ယိုင်နဲ့လာပြီး နောက်ဆုံးမှာ သွားတွေကို ဆုံးရှုံးရပါလိမ့်မယ် ။
အတွေ့အကြုံနည်းသူက နှုတ်ခမ်းဖောက်ပေးတဲ့အခါမှာ အာရုံကြောတွေကို ထိခိုက်သွားစေနိုင်ပါတယ် ။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း နှုတ်ခမ်းဖောက်ခြင်းရဲ့ အန္တရာယ်တွေက များပြားလွန်းတာကြောင့် လူငယ်တွေအနေနဲ့ ခဏတာဖက်ရှင်စတိုင်တစ်ခုအတွက် နှုတ်ခမ်းဖောက်ခြင်းကို မပြုလုပ် သင့်ကြောင်း ဖော်ပြလိုက်ရပါတယ် ။
Mg Mandalay
https://www.facebook.com/mg.mandalay
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin