Cabbage ဂေါ်ဖီထုပ်


သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန် ကျ လိုနေတဲ့အချိန်မှာ ဂေါ်ဖီထုပ်က သင့်ရဲ့ အကောင်းဆုံး သူငယ်ချင်း ဆိုတာ သတိထားမိပါသလား ။ ဂေါ်ဖီထုပ်တွင် ကယ်လိုရီပါဝင်မှုမှာ အံ့အားသင့် စရာ ကောင်းလောက် အောင် နည်းပါးပါတယ် ။ ချက်ပြုတ် ထားတဲ့ ဂေါ်ဖီထုပ် ပန်းကန်တစ်ဝက် လုံးမှာတောင်မှ ၁၆ကယ်လိုရီပဲ ပါဝင်ပါတယ်။

ဒါ့အပြင် ဂေါ်ဖီထုပ်ထဲ မှာ အဆီနဲ့ ကိုလက်စထရော လုံးဝ မပါဝင်ပါဘူး။ ဂေါ်ဖီထုပ်မှာ အမျှင် ဓာတ်များစွာပါဝင်ပြီး ၄င်းက သင့်ရဲ့ ဆာလောင်မှုကို အချိန်အတော်ကြာ ထိန်းပေးထားနိုင်ပါတယ်။ ဒါ့အပြင် ဂေါ်ဖီထုပ်မှာ သကြားဓာတ်ကိန်း အညွှန်း (Glycemic index)နည်းပါးသည့်အတွက် စားပြီးနောက် သွေးတွင်းသကြားဓာတ် တက်မှုကို လည်း သက်သာစေပါတယ်။

 ဒါ ကြောင့် ဆီးချိုသမားတွေအတွက် ပိုမိုသင့်လျော်ပါတယ်။ ဂေါ်ဖီထုပ်က သင့်ရဲ့ ကိုယ်အလေးချိန် ကျစေရာမှာ ကူညီပေးနိုင်ယုံသာမက ဗီတာမင်စီ ပမာဏများစွာအပြင် အမျှင်ဓာတ် လည်းများစွာ ပါဝင်သ ဖြင့် ကင်ဆာနဲ့ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါ တယ်။
ဂေါ်ဖီထုပ်ကို စားသောက်ဖို့ ပြင်ဆင်တဲ့အခါမှာလည်း အလွန်အ ကျွံမချက်မိပါစေနဲ့။ အဲဒီလိုချက်မိရင် အာဟာရတွေ ဆုံးရှုံးသွားနိုင်တဲ့အတွက်ကြောင့်ပါ။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ