သားအိမ်ခေါင်းကင်ဆာအကြိုခွဲစိပ်မှုခံယူထားသူများ လမစေ့၊ပေါင်မပြည့် ကလေးမွေးဖွားမှု များပြား


သားအိမ်ခေါင်းတွင် ကင်ဆာဟုယူဆရသည့်လက္ခဏာများကိုတွေ့ ရခြင်းကြောင့် အန္တရာယ်ကင်းစေရန် ခွဲစိပ်မှုခံယူထားသူအမျိုးသမီးများသည် လမစေ့မီကလေးမွေးဖွားခြင်း၊ မွေးဖွားသောကလေးမှာလည်း ပေါင် မပြည့်ခြင်း အစရှိသည်တို့ ကို ကြုံတွေ့ ရလေ့ရှိကြောင်း သိရသည်။အမျိုးသမီးများတွင် HPV ဗိုင်းရပ်ကြောင့် Cervical Dysplasia ဟုခေါ်သည့် တစ်ရှုးမူမမှန်စွာကြီးထွား သည့် ဝေဒနာဖြစ်ပွားလေ့ရှိကြောင်း ၊ ရောဂါနုလျင် အလိုအလျောက်ပျောက်ကင်းနိုင်သော်လည်း ရောဂါရင့် လျင်မူ ကင်ဆာဆဲလ်များဖြစ်ပွား သွားမည်ကိုစိုးရိမ်ရသည့်အတွက် အဆိုပါမူမမှန်သောတစ်ရှူးများကို ခွဲထုတ်ရလေ့ရှိကြောင်း ၊ ထိုသို့ ခွဲစိပ်ခံထားရသောအမျိုးသမီးများတွင် ဖော်ပြပါအတိုင်း လမစေ့ဘဲ ပေါင်မပြည့်သော ကလေး များမွေးဖွားမှုနှုန်း များလာခြင်းဖြစ်ကြောင်း သိရသည် ။

သုတေသီများက ကင်ဆာဖြစ်လာ နိုင်သောတစ်ရှူးများကို ခွဲစိပ်ဖယ်ရှားထားသူအမျိုးသမီးများနှင့် သားအိမ် တွင်း မူမမှန်သော လက္ခဏာများရှိ ၊ မရှိ အသားစထုတ်ယူစစ်ဆေးထားသောအမျိုးသမီးများအား နှိုင်းယှဉ် သုံးသပ်ခဲ့ကြောင်း၊ တစ်ရှူးအနည်းဆုံး တစ်စင်တီမီတာ ခွဲထုတ်ခဲ့ဖူးသူအမျိုးသမီးများတွင် လမစေ့ဘဲပေါင် မပြည့်သည့် ကလေးမွေးဖွားမှု ပိုများနေသည် ကိုတွေ့ ရှိရကြောင်း၊ ထို့ အပြင် ခွဲစိပ်မှုခံယူပြီး အချိန်မည်မျှ ကြာမြင့်သည့်အချိန်၌ မီးဖွားသည် ဟူသည် နှင့် လည်း သက်ဆိုင်ကြောင်း၊ ယေဘုယျအားဖြင့် ခွဲစိပ်မှုခံယူပြီး တစ်နှစ်အတွင်း မီးဖွားသူ အမျိုးသမီးများတွင် လမစေ့၊ပေါင်မပြည့် ကလေးမွေးဖွားမှုနှုန်း ပို၍များသည်ကို တွေ့ ရှိရကြောင်း သိရသည် ။

 သားအိမ်ခေါင်းကင်ဆာဟာ HPV ပိုးကြောင့် ဖြစ်တာများပါတယ် ။ HPV ပိုးမကူးစက်အောင် အလွယ်တကူ ကာကွယ်ဆေးထိုးလို့ ရပါတယ်။ ကာကွယ်ဆေးထိုးထားသူတွေမှာ အခုလို ကင်ဆာဖြစ်မှာစိုးရိမ်ရလို့  တစ်ရှူးတွေကို ခွဲထုတ်ရတာမျိုးလည်း ဖြစ်ပွားမှာမဟုတ်ပါဘူး။ အဲဒီအတွက် လမစေ့ ၊ပေါင်မပြည့် ကလေး တွေ မွေးမှာကိုလည်း မစိုးရိမ်ရပါဘူး။

ကိုယ့်ဘ၀အတွက်ရော၊ ကလေးဘ၀အတွက်ပါ အရေးပါတဲ့အတွက် သားအိမ်ခေါင်းကင်ဆာမဖြစ်အောင် အမျိုးသမီးတိုင်းက ကြိုတင်ကာကွယ်ဆေးကို ထိုးထားတာဟာ အသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်ဟု သုတေသီတစ်ဦးက ရှင်းပြသည် ။ဖော်ပြပါ ကင်ဆာဖြစ်စေနိုင်သည့်တစ်ရှုးများကိုဖယ်ရှားရာတွင် နည်းလမ်းအမျိုးမျိုးကိုအသုံးပြုလေ့ရှိ ကြောင်း၊ ဆဲလ်များကိုခြစ်ထုတ်ခြင်း၊ လေဆာဖြင့်ဖျက်ဆီးခြင်း၊ လျှပ်စစ်ဖြင့်ဓါတ်ကင်ခြင်း၊ တစ်ရှုးကိုအေးခဲ စေကာ ပျက်စီးစေခြင်း အစရှိသည့် နည်းအမျိုးမျိုးကို အသုံးပြုကြောင်း ၊ အရှည် ၁.၆ စင်တီမီတာရှိသော တစ်ရှူးများကို ခြစ်ထုတ်ထားသူ အမျိုးသမီးများ နှင့် ဖြတ်ထုတ်ထားသူအမျိုးသမီးများတွင် ဖြတ်ထုတ်ထား သူ အမျိုးသမီးများက လမစေ့၊ပေါင်မပြည့် ကလေးမွေးခြင်းက ပိုများခြင်းဖြစ်ကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ