ကန်စွန်းရွက်နှင့် အထွေထွေ ကျန်းမာရေး


ကန်စွန်းရွက်ထဲတွင် Carotenoids, Lutein နှင့် Zeaxanthin တို့ပါရှိသည့်အတွက် အမြင်အာရုံကို တိုးတက်ကောင်း မွန်စေပါတယ်။

ကန်စွန်း ရွက်စားသုံးပေးခြင်းဖြင့်သက်ကြီးပိုင်း အမြင်အာရုံချို့တဲ့ခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်စိ ကွယ်ခြင်းနှင့် ရေတိမ်ရော ဂါတို့ကို ကာကွယ် နိုင်ကြောင်း အမေရိ ကန်ဆေး သိပ္ပံပညာရှင် များက အကြံပြုထား ပါတယ်။

ကန်စွန်းရွက်ထဲတွင်လူတိန်းဓာတ်အမြောက်အမြားပါရှိသဖြင့် နှလုံးသွေးလွှတ်ကြောပိတ်ဆို့မှုကိုဟန့်တားပေးနိုင်လို့ နှလုံးသွေး ကြောကျဉ်း ရောဂါနှင့် ဆက်စပ်သော နှလုံးရောဂါတို့ကိုမဖြစ်စေပါဘူး။ဒါ့ပြင်ကန်စွန်းရွက်မှာပိုတက်စီယမ်ြ<ွကယ်ဝတာကြောင့်လည်း နှလုံးကြွက် သားများ ကို အားကောင်းစေပါတယ်။

ကန်စွန်းရွက်ဟာ ကယ်လိုရီနည်း၍ ပိုတက်စီယမ်မြင့်မားသဖြင့် ခန္ဓာကိုယ်ထဲရှိပိုလျှံသောအရည်များကို ဆီးအဖြစ် ထုတ်ပေးနိုင်ပါတယ်။ဆီးပူ၊ဆီးနည်း၊ဆီးချုပ်ရောဂါများအတွက်ကန်စွန်းရွက်ကိုအချိုအချဉ်အမျိုးမျိုးချက်၍ ဆေးဝါးဓာတ်စာအဖြစ် စားသုံးပေးခြင်းဖြင့်ဆီးရွှင် စေပါတယ်။သို့မဟုတ် ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ပါက ကန်စွန်းရွက်၊ ဘူးညွန့်ရွက်နှင့် မန်ကျည်းရွက်သုံးမျိုးကိုဆတူညက်အောင်ကြိတ်ခြေကာဆန်မှုန့်ညက်ညက်နှင့်ဖျော်၍ဆီးခုံ(ဆီးစပ်)ပေါ်တင်ပေးထားပါက၁၅ မိနစ်အတွင်း ဆီးကျဆင်းပါလိမ့်မည်။အမျိုးသမီးများ ရာသီဓမ္မတာအဆင်းလွန်ခြင်းကို ရပ်ဆိုင်းသွားစေဖို့အတွက် ယခုနည်း ကိုလည်း သုံးနိုင်ပါတယ်။

ဆီးကျောက်ကွဲကြေစေရန်အတွက် ရေကန်စွန်းရွက်၂၅ ကျပ်သား၊ ထန်းလျက် ၁၂ ကျပ်ခွဲသား၊ မန်ကျည်းမှည့် ၃ ကျပ်သား၊ ဆားတစ် ကျပ်သား၊ ရေ တစ်ပိဿာတို့ကို မြေအိုးအသစ်ထဲထည့်၍ တစ်ဆယ်သားကျန်အောင် ကျိုပြီးနောက် အအေးခံ၍ တစ်ကြိမ်တည်းကုန်အောင် သောက် ပေးပါ။ ဆီးကျောက်ကြေစေ ရုံသာ မက အပူရောဂါနှင့် ဆီးရောဂါအမျိုးမျိုးတို့အတွက် ချမ်းသာရာရစေပါတယ်။

အစိမ်းရောင်ဟင်းရွက်များတွင်ပါရှိသောChlorophyllဓာတ်ဟာအိပ်မောကျအောင်လှုံ့ဆော်ပေးနိုင်စွမ်းရှိလို့အိပ်ရေးဝဝအိပ်ပျော်စေကာ နိုးထလာတဲ့အခါစိတ်ကိုကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ ကန်စွန်းရွက်နှင့်ခရမ်းချဉ်သီးတို့ကို နှိုင်းယှဉ်ကြည့်ရာတွင် ကန်စွန်းရွက်မှာ ပရိုတင်း ဓာတ်လေးဆ၊ ကယ်လ်စီယမ်ဓာတ် ၁၂ဆတို့အပြင်ကာရိုတင်းနှင့်အမျှင်ဓာတ်များလည်းပိုမိုပါရှိတာကြောင့်အစာအိမ်နှင့်အူလမ်း ကြောင်းကို ကောင်းကောင်းအလုပ်လုပ်စေကာ ဝမ်းမှန်မှန်သွားစေပါတယ်။ဝမ်းချုပ်ခြင်းနှင့်လိပ်ခေါင်းရောဂါတို့မဖြစ်စေပါဘူး။အူထဲရှိအက်စစ်ဓာတ်ကို လျော့ကျစေလို့အစာအိမ်ရောဂါတို့ကိုလည်း မဖြစ်စေပါဘူး။ ဒါ့ပြင်သည်းခြေရည် ထွက်ရှိမှုကို အထောက်အကူပြုပြီး အစာကြေလွယ်ပါတယ်။

ကယ်လ်စီယမ်ဓာတ်ပါဝင်မှုကြောင့်သွားနှင့်အရိုးများကိုကြံ့ခိုင်စေပါတယ်။ အရွက်များကို အစိမ်းလိုက် ကိုက်ဝါး ပေးခြင်းဖြင့် သွားဖုံးသွေးယိုစီးခြင်းကိုကုသနိုင်ပါတယ်။ဗီတာမင်စီကြွယ်ဝစွာပါရှိသဖြင့်ဗီတာမင်စီချို့တဲ့ရောဂါများကို သက်သာပျောက် ကင်း စေပါတယ်။

ကန်စွန်းရွက်ကိုဝမ်းနုတ်ဆေး၊သန်ချဆေးအဖြစ်အသုံးပြုနိုင်ရုံသာမကပိုတက်စီယမ်ကြွယ်ဝ၍ကိုယ်အလေးချိန်လျော့ကျလိုသူများ အစားထိုးစားသင့်တဲ့အစာဖြစ်ပါတယ်။ကန်စွန်းရွက်မှာအမျှင်ဓာတ်အများအပြားပါဝင်တဲ့အပြင်အင်ဆူလင်ကဲ့သို့အစွမ်းထက်မြက်အာနိ သင်များပါရှိလို့ သွေးထဲရှိသကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့်ဆီးချို၊ သွေးချိုရောဂါသည်များအားထား လောက် ပါပေ တယ်။

ကန်စွန်းရွက်ဟာအာရုံကြောအဖွဲ့အစည်းကိုအားကောင်းစေပြီးမှတ်ဥာဏ်စွမ်းရည်ကိုတိုးတက်ကောင်းမွန်စေကာစိတ်ကျရောဂါများ ကိုလည်း ဖြေဖျောက်ပေးနိုင်လို့ ရှေးခေတ်ရောမလူမျိုးများဟာကန်စွန်းရွက်ကိုBrainFoodလို့တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ခေါင်းမူး ဝေခြင်း နှင့် လေးလံထိုင်းမှိုင်းခြင်းရောဂါတို့အတွက်ကန်စွန်းရွက်လတ်လတ်ဆတ်ဆတ်ကို အရည်ညှစ်ပြီးရှလကာရည်အနည်းငယ်နှင့် ရောဖျော်၍ သောက်ပေးနိုင်ပါတယ်။သွေးဖိအားနှင့်ကိုလက်စထရောပမာဏကို ပုံမှန်ဖြစ်စေလို့ သွေးတိုးရောဂါသည်များကို ကောင်းကျိုးပြုပါတယ်။အစာအဆိပ်ဖြစ်ခြင်း၊ဘိန်းမူးခြင်း၊စိန်အဆိပ်တက်ခြင်းနှင့် အခြားအဆိပ်သင့်ခြင်းအမျိုးမျိုးတို့အတွက် ကန်စွန်းရွက် သတ္တု ရည် ကို သောက် သုံး ပေးခြင်းဖြင့် အန်ထွက်စေကာ အဆိပ်ပြေစေ ပါတယ်။ ခွေးတိရစ္ဆာန်များအစာအဆိပ်သင့်ပါက ကန်စွန်းရွက်နှင့် ထန်းလျက် ကိုထောင်း ၍ ကျွေးခြင်းဖြင့် အသက် ချမ်းသာရာရစေပါတယ်။

မီးဟပ်ခြင်းနှင့်မီးလောင်ဒဏ်ရာများအတွက်ကန်စွန်းရွက်သတ္တုရည်ကို သကြားနဲ့ရောစပ်လိမ်းပေးခြင်းဖြင့်အပူလောင်ခြင်းကို သက်သာစေကာအမာရွတ်မကျန်ပျောက်ကင်းစေနိုင်ပါတယ်။ကန်စွန်းရွက်ထဲမှာဆာလ်ဖာဓာတ်များပါရှိ၍ခန္ဓာကိုယ်ထဲရှိ သွေးများကို ထိထိ ရောက်ရောက်သန့်စင်ပေးနိုင်စွမ်းရှိကာဆဲလ်များကိုကောင်းစွာတည်ဆောက်စေပါတယ်။ဒါ့ပြင်ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေလို့ ရောဂါဘယများကင်းဝေးစေပါတယ်။ကန်စွန်းရိုးက အကြောအား၊ လေအားကိုသန်စွမ်းစေသဖြင့်ကာယလုပ်သားများအတွက်သဘာဝအကြောအားတိုးအစားအစာအဖြစ် ဖြည့်တင်းစားသုံးပေးနိုင်ပါတယ်။ဒါ့ပြင် ကန်စွန်းရိုးက အပူရောဂါများနှင့် သည်းခြေရော ဂါတိုကို နိုင်ပါ တယ်။

ကန်စွန်းရွက်မှာအမိုင်နိုအက်စစ်အများအပြားပါဝင်ကာ ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့်ကန်စွန်းရွက်သုပ်စားခြင်းဖြင့် ပန်းနာရင်ကျပ် ရောဂါ၊အအေးမိချောင်းဆိုးနှင့်လြေ>ွပန်ရောင်ရမ်းနာများကိုသက်သာစေပါတယ်။ဒါ့ပြင်အမျိုးသားများဆီးကျိတ်ကြီးထွားရောင်ရမ်းခြင်း၊ ခြေချင်း ဝတ်၊ ခြေမျက်စိအဆစ်လွဲရောင်ရမ်းခြင်းနှင့်အသွားအလာများပြီး ခြေချောင်းများရောင်ကိုင်းခြင်းတို့အတွက်ကန်စွန်းရွက်ကို ထောင်း၍အုံပေးခြင်းဖြင့်သက်သာပျောက် ကင်းစေနိုင်ပါတယ်။ နို့ချိုထွက်အားကောင်းစေလို့ နို့တိုက်မိခင်များစားသုံးပေးသင့်ပါတယ်။

ကန်စွန်းရွက်တွင်ပါရှိသောသဘာဝသတ္တုဓာတ်ကငန်းမန်းများကိုနိုင်စေတာကြောင့် ငန်းမန်းဆိပ်တက်နေသော အနာများကို လတ်လတ် ဆတ်ဆတ်ကန်စွန်းရွက် အရည်ဆွတ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။ ပျားရည်ဖြင့် တစ်ညသိပ်စိမ်ထားသော ကန်စွန်းရွက် အရည်ကို သောက်သုံးပေးခြင်းဖြင့် အဆက်မပြတ်ချောင်း ဆိုးခြင်းများအတွက် ချွဲကြေသလိပ်ပျော်စေကာအသက်ရှူလမ်းကြောင်းကိုအထောက်အပံ့ပေးပါတယ်။ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်၊သွားကိုက်ခြင်းစသည့် ကိုက်ခဲမှုဝေဒနာများကိုသက်သာစေပါတယ်။မကြာခဏဇက်ကြောတက်ကြသူများ၊ဇက်တောင့်တင်းခြင်းကိုယ်ငွေ့နွေးနွေးနှင့်ဖျားချင်သကဲ့သို့ဖြစ်ပြီးကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ်ခြင်းများအတွက်သိန္ဓောဆားအနည်းငယ်ကို ကန်စွန်းရွက်ကြိတ်ရည်ဖြင့် ရောစပ်ပါ။ ထိုဆေးရည်ကို ဟင်းစားစတီးဇွန်းနှင့် နံနက်တစ်ကြိမ်၊ နေ့ လယ်တစ်ကြိမ်၊ ည တစ်ကြိမ်တစ်နေ့သုံးကြိမ်တိုက်ကျွေးပေးပါ။ကန်စွန်းရိုးနီကို ရေနွေးနှင့်ဖြောပါ။ထို့နောက်ပါးပါးလှီးဖြတ်တောက်၍ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည်ဆမ်းကာ အသုပ်အဖြစ် စားသုံး ပေးခြင်းဖြင့် ဝမ်း ကိုက်ရော ဂါ၊ သွေး ဝမ်းကိုက်ရောဂါ၊အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သောမီးယပ်သွေးပုပ်ကျန်ရောဂါ၊မီးယပ်သွေးမမှန်သောရောဂါ၊သားအိမ်လျှောကျသောရောဂါ၊ သားမြတ်နာ(နို့အုံနာ)၊နို့ထွက်နည်းခြင်း၊အသားအရေနှင့်ပတ်သက်သောအရေပြားရောဂါများ၊အသံဝင်အသံပျက်ရောဂါအပြင်ဆီးအိမ်နှင့်ပတ်သက်သော ရောဂါတို့တွင်ကုသရာ၌အသုံးဝင်စေပါသည်။ ဗောက်ထခြင်းနှင့် ဆံပင် ကျွတ်ခြင်းတို့အတွက်လည်း ကန်စွန်းရွက်ကို စားပေးနိုင်ပါတယ်။

အစားမှားခြင်းကြောင့် ဝမ်းဗိုက်တွင် မအီမသာဖြစ်စေခြင်း၊ မစားချင်၊မသောက်ချင် ခံတွင်းပျက်ခြင်း၊ နေရ ထိုင်ရအခက် အ ခဲတွေ့ခြင်း နှင့်ကိုယ်လက်များယားယံပါကကန်စွန်းရွက်နှင့်ထန်းလျက်တို့ကို ဆတူကြိတ်၍ရလာသော ကြိတ်ဖတ်များကို ဟင်းစားစတီးဇွန်းတစ်ဝက်စာခန့်နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်စားသုံးပေးခြင်းဖြင့်အစားအစာများမှားယွင်းမှုကြောင့်ဖြစ်ပေါ်လာသော ကျန်းမာရေးပြ ဿနာတို့ကိုပယ်ဖျက်ပေးပြီးပကတိအတိုင်းကျန်းမာစေပါတယ်။ဆေးစွမ်းထက်မြက်ကန်စွန်းရွက်ကိုမီးဖိုချောင်သုံးဆေးဝါးအဖြစ် စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါတယ်။ ။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ