ရောဂါကုသရာတွင် အကောင်းဆုံး ကူညီပေးနိုင်မည့် ကင်ဆာပင်မ ဆဲလ်၏ စွမ်းဆောင်ရည် ကို ပညာရှင်များ တွေ့ရှိ


ရုရှားသိပ္ပံအကယ်ဒမီ ဆိုက်ဘေးရီးယား ဌာနခွဲ၏ ကလာပ်စည်းများနှင့် မျိုးရိုးဗီဇများ ကို လေ့လာသည့်ဌာနမှ သိပ္ပံပညာရှင်များသည် အကောင်းဆုံး ရောဂါကုသမှုအတွက် အချို့ ဆဲလ်များကို အလွယ်တကူ ရှာဖွေထောက်လှမ်းပြီး ပစ်မှတ်ထားနိုင်သည့် ကင်ဆာပင်မဆဲလ် (CSC) ၏စွမ်းဆောင်ရည်များကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။ သိပ္ပံပညာရှင်များသည် CSC ကိုလေ့လာမှုများ လုပ်ဆောင်စဉ် အချို့ ဆဲလ်များသည် ဗီဇလက္ခဏာဆောင် ဓာတု ပစ္စည်းဖြစ်သည့် DNA ၏ ကလာပ်စည်း အပိုများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ဒြပ်စင် များကိုစုပ်ယူ နိုင်စွမ်းရှိကြောင်း တွေ့ရှိထားသည် ။ DNA အစိတ် အပိုင်းများ၏ ဆဲလ်များဖြင့် စုပ်ယူခြင်းခံရသော ရှာဖွေတွေ့ရှိသည့် သဘာဝကိုယ်တွင်း အင်္ဂါအစိတ် အပိုင်းအပေါ် အခြေခံ သော ကုသမှုနည်းလမ်းအသစ်သည် အဓိကအားဖြင့် ကင်ဆာပုံစံများနှင့် သက်ဆိုင်နိုင်သည်။

သို့သော် ကွဲပြားခြားနားသောစည်းမျဉ်း စည်းကမ်းများသည် မည်သည့်ရှာဖွေတွေ့ရှိ မှုအသစ် တွင် မဆိုရှိကြောင်း၊ ဦးနှောက်ကင် ဆာကဲ့သို့ အချို့သောကင်ဆာပုံစံ၏အကျိုး သက်ရောက်မှု ရှိသောဆဲလ်များဖြင့် ရရှိသော အဖြေသည် အပြုသဘောဆောင်သော ရလဒ်များကို ပေးစွမ်း ထားပြီးဖြစ်ကြောင်း သိပ္ပံပညာရှင်များက ထုတ်ပြန်ချက် တွင် ပြောထားသည်။ ကုသမှု၏ အကျိုး သက်ရောက်မှုကိုစောင့် ကြည့်ရန်၊ ရောဂါ၏ အဓိက အကြောင်းရင်းဖြစ်နိုင်သည့် ကင်ဆာပင်မဆဲလ် အပေါ်ပစ်မှတ်ထား လုပ်ဆောင်ရန်နှင့် ကင်ဆာဆေးဝါးများ ထုတ်လုပ်ရန် တို့တွင် အဆိုပါ နည်းပညာက သိပ္ပံပညာရှင်များကို အထောက်အပံ့များ ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ