မှန်ကန်စွာ အဆီချ ကျန်းမာလှပ


ကိုယ်အလေးချိန်တိုးပြီး အဆီများ လူလည်းဝဝ လာလိုက်တာဆိုပြီး အစားအစာများကို အလွန်အမင် လျော့ချလိုက်သလို တစ်ချို့ ဆို စားသင့်တာကိုတောင် လုံးဝ မစားကြတော့ဘဲ မိမိ ခန္ဓာကိုယ်ဝိတ်ချခြင်း အဖြစ်ကို ပြု့ မှု့ ဆောင်ရွက်တက်ကြပါတယ် ။ အဲလို ပြု့ မှု့ ချက်သည့် မှန်ကန်သော အဆီချခြင်း ၊ ဝိတ်ချခြင်း စနစ် မဟုတ်သလို့  ကျန်းမာရေးအတွက်ပါ မကောင်းသော ဆောင်ရွက်ချက် ပင်ဖြစ်ပါသည် ။ ဆာလောင်နေသည့်အချိန်ကိုပင် မစားသောက်တော့ဘဲ အဲလို မစားသောက် ဘဲနေခြင်းသည့် အစာအိမ်ကိုအချိန်ကြာလာသည့်အခါ အားနည်းချက် ဖြစ်ပေါ်လာတက်ပါသည် ။

လူတစ်ယောက်တိုင်းတွင် နေ့ စဉ်သွားလာလှုပ်ရှားနေရသည့် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်အဖြစ် အဆီသည်လည်း လိုအပ်ပါသည် ။ လိုအပ်သော ပမာဏအထက် အဆီများသော အစားအစာများကို ပိုမို စားသောက်တက်ကြသောကြောင့် အပိုအဖြစ် အဆီများဖြစ်ကာ ခန္ဓာကိုယ်တွင် အဆီများ ပိုမိုများပြားလာကြပါသည် ။ ရှိသင့်သော ကိုယ်အလေးချိန်တော့ရှိရပါလိမ့်မည် ရှိသင့်သည့်ထက် ပိုမိုလျှင် မကောင်းသလို လျော့နည်းကျဆင်းရင်လည်း မကောင်းပါဘူး ။ လွဲမှားမှု့ များ မဖြစ်ပေါ်စေရန် မိမိစားသောက်သည့် အစားသောက်တိုင်းတွင် အဆီပါဝင်နည်းသော အစားအစာများကို ပုံမှန်အဖြစ် စားသောက်ပေးခြင်း ၊ ရေများများ သောက်ပေးခြင်း ၊ အရွက်ကြော် အရွက်ပြုတ်တို့ ကို စားပေးခြင်း နှင့် အသီးအနှံများကို ပိုမို စားသောက်ပေးရပါလိမ့်မည် ။ မိမိနှင့်သင့်တင့်အဆင်ပြေသော ကိုယ်လက်လှုပ်ရှာ အားကစားတစ်ခုခုကို နေ့ စဉ် ပုံမှန် အဖြစ်လုပ်ဆောင်ပေးသင့်ပါသည် ။ မိမိတွင် ပိုနေသော အဆီများကို ဖြေးဖြေးနဲ့ မှန်မှန်သာပြု့ မှု့ လုပ်ဆောင်ခြင်းသာ မှန်ကန်သော ဆောင်ရွက်ချက်သာဖြစ်ပါသည် ။

ကိုယ်အလေးချိန်တိုးလာလို့  အစားသောက်ကိုပါ အလွန်ပင်လျော့ခါ မစားသုံးသလောက်ထိ ရှိနေပြီး နောင်တစ်ချိန်ကျမှသာ ပုံမှန်လည်း စားသောက် ပိုမိုဖြစ်လာပါက ပြန်လည်တက်လာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ခက်လာပြီး စိတ်ပါ ကျဆင်း ပိုမို ဝဖြိုးတက်ပါသည် ။ တစ်ချို့ ဆို ပိန်ချင်လိုက်တာဆိုပြီး အဆီကျဆေး ၊ ပိန်ဆေးဆိုပြီး သောက်သုံးကြပါတယ် ။ နောက်ဆက်တွဲ ဆိုးကျိုးတွေက နှလုံးကြွက်သား အားနည်းလာခြင်း ၊ မောပန်းလာခြင်း နှင့် အတူ အသားအရေ ပါ ခြောက်ကပ်မှု့ ဖြစ်ပေါ်စေတက်ပါသည် ။ မလိုအပ်သောဆေးတွေလည်း သောက် အစားစာချင်စိတ်ပါ မရှိသော အခါ ခန္ဓာကိုယ်ကြွက်သားများ ဆုတ်လျော့ခြင်းဖြစ်ပေါ်ခြင်းကြောင့် ပိန်လာတယ် သိသိသာသာဝိတ်ကျလာတယ်ဆိုပြီး ဂုဏ်ယူနေမှု့ တောင် ဖြစ်တက်ပါတယ် ။ တကယ်ဆို ကြွက်သားများ ဆုတ်ယုတ်ကျခြင်းအဖြစ်သာ ဖြစ်ပေါ်ခြင်းကြောင်းကို သတိမပြု့ မိတာပါ ။

ကိုယ်အလေးချိန်တိုး အဝလွန်မှ ပြင်းထန်လျော့ချခြင်းထက် နေ့ စဉ်ပုံမှန် အဆီအဆိမ့်များသော အစားအစာများကို လျော့ချ စားသုံးခြင်း ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုကို လုပ်ဆောင်ခြင်းနှင့် အတူ ကြိုတင်ကာကွယ်ပြီး မှန်ကန်သောနည်းစနစ်ဖြင့်သာ အဆီချခြင်း ၊ ဝိတ်ချခြင်းသာလျှင် ကျန်းမာခြင်းနှင့်အတူ အဆီလည်းကျသည့် အပြင် ကျစ်လစ်ခန္ဓာ စိတ်လည်းချမ်းသာ သင်ပိုင်ဆိုင်လာ ပါလိမ့်မည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ