နာတာရှည်မောပန်းနွမ်းနယ်တတ်သောရောဂါကို လူသိဂရုပြုကုသမှု နည်းပါးနေသေး


ကမ္ဘာတစ်ဝန်းတွင် နာတာရှည်မောပန်းနွမ်းနယ်တတ်သောရောဂါဝေဒနာ ခံစားနေရသူများရှိနေသော်လည်း
၎င်းဝေဒနာကို လူအများသိရှိဂရုပြုကုသပေးမှု နည်းပါးနေသေးကြောင်းအမေရိကန်ဆေးသိပ္ပံမှ သုတေသီများကပြောသည် ။ နာတာရှည်မောပန်းနွမ်းနယ်တတ်တဲ့ရောဂါဝေဒနာ၊ တစ်နည်းအားဖြင့် အမောဖောက်လွယ်တဲ့ဝေဒနာကိုခံစားရသူ တွေဟာသာမန်ရိုးရှင်းတဲ့အလုပ်ကိုလုပ်ဖို့ လည်းကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်စွာအားစိုက်ထုတ်ရလေ့ရှိပါ တယ် ။

တစ်ခုခုတွေးတော့မယ်ဆိုရင်လည်းဦးနှောက်ခဲမှာ မြူခိုးတွေဝေသွားတဲ့အတိုင်း ဘာကိုမှ ဖြောင့်ဖြောင့် စဉ်းစားမရ ဖြစ်သွားတတ်ကြပါတယ် ။ ဘယ်လောက်အိပ်အိပ် ၊ ဘယ်လောက်စားစား ၊ ဒီဝေဒနာ သက်သာသွားလေ့ မရှိပါဘူးဟု သုတေသီတစ်ဦးကပြောပြသည် ။

အများစုကဒီလို အမောဖောက်လွယ်သူတွေကို ပျင်းတာ ၊ အချောင်ခိုတာအစရှိသည်ဖြင့် စွပ်စွဲတတ်ကြသလို ဆရာဝန်အများစုကလည်း အအေးမိနှာစေးပြီးဆေးအရှိန်ကြောင့် နွမ်းနေတာ ၊ နှုံးနေ တာဖြစ်နိုင်တယ်လို့ ပဲယူဆတတ်ကြပါတယ် ။ ကြံရာမရတဲ့အဆုံးကာယကံရှင်တွေဟာ ဘာကိုပဲလုပ်လုပ် သိပ်အားစိုက်မထုတ်ဘဲလုပ်တဲ့ အကျင့်ကိုရသွားကြပြီး အများအမြင်မှာဘယ်နေရာမှာမှ အားရဖွယ် မရှိတဲ့ ပျော့ညံ့တဲ့လူတွေ ဖြစ်မှန်းမသိ ဖြစ်လာ ကြပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည် ။ မောပန်းနွမ်းနယ် လွယ်သောရောဂါကို Myalgic Encephalomyelitis (ME) ဟုခေါ်ကြောင်း ၊ အလွန်နှုံးချိသည့် ဝေဒနာကို နာတာရှည်ခံစားရကြောင်း ၊ နေ့ စဉ်ဘ၀ကို ပုံမှန်မနေနိုင်ကြကြောင်း၊ အနားယူပေးလျင်လည်းနှုံးချိသည့် ဒဏ် မသက်သာကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ME ဝေဒနာကို ခံစားနေရသူ ၁၇ သန်းထက်မနည်းရှိနေပြီးအမျိုးသမီးများတွင် ME ဖြစ်ပွားမှုကလေးဆပိုကြောင်းသိရသည်။ ME ဆိုတာ ကိုယ်ခံအားရော ၊အာရုံကြောအား ပါပြိုင်တူကျဆင်းတဲ့ရောဂါဖြစ်ပါတယ် ။နာတာရှည် ခံစားရလေ့ရှိပြီး ဦးနှောက်စွမ်းရည်ကို ဆိုးရွားစွာထိခိုက်စေပါတယ် ။

ဘာကြောင့်ဖြစ်တယ်ဆိုတာလက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အထောက်အထား မရှိသေးပါဘူး ။ ဖြစ်နိုင်တာက ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး Glandular Fever လို့ ခေါ်တဲ့ အဖုအကျိတ်တွေ ထွက်စေတဲ့ ဗိုင်းရပ်ပိုးကြောင့် အများဆုံးဖြစ်နိုင်ပါတယ် ။ အကျိတ်ဆိုတာကလည်းတီဘီအကျိတ်၊ ကင်ဆာအကျိတ် အစရှိတာတွေပဲထင်မှတ်မှားတတ်ကြပြန်ပါတယ်ဟုသုတေသီတစ်ဦးကပြောပြသည်။ ဖော်ပြခဲ့သည့်အတိုင်းနာတာရှည်မောပန်းနွမ်းနယ်သောရောဂါကိုရောဂါဟုမသိရှိကြဘဲသာမန်အအိပ်ပျက်၊ အစားပျက်ခြင်းကြောင့် ဖြစ်ပေါ်သည့် အားနည်းသည့်ဝေဒနာဟု ထင်မှတ် မှားတတ်ကြသည့် အတွက် ဝေဒနာရှင် များအားအသိအမှတ်ပြု ဂရုစိုက်တတ်ရန် လိုအပ်ကြောင်း နှင့် လိုအပ်သောဆေးဝါး ကုသမှုများကို ပြုလုပ်ပေးရန် လိုအပ်ကြောင်းသိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ