အသိဥာဏ်အတုဖြင့် လူသေဆုံးမည့် အချိန်ကို ကြိုတင်ခန့် မှန်းနိုင်


အဆုပ်တွင်းသွေးကြောများ၌ သွေးပေါင်တိုးခြင်းကြောင့် နှလုံးထိခိုက်ပျက်စီးကာ လူသေဆုံးနိုင်မည့် အချိန်ကို မှတ်ဥာဏ်အတုဖြင့် ကြိုတင်တွက်ချက်ရှာဖွေပြီး အကောင်းဆုံးကုထုံးကို အသုံးပြုနိုင်မည့် နည်းစနစ်အား UK သုတေသီများကတီထွင်စမ်းသပ်အသုံးပြုလျက်ရှိကြောင်းသိရသည်။ UK ဆေးဝါးသုတေသနကောင်စီက အသိဥာဏ်အတုပါဆော့ဖ်ဝဲတစ်ခုကိုရေးသားခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်း ဆော့ဖ်ဝဲ ထဲသို့  သွေးစစ်ထားသောအဖြေများ၊ နှလုံးခုန်သံကို စကင်ဖတ်ထားသော အဖြေများအား ထည့်သွင်းပေးလိုက်ခြင်း အားဖြင့် နှလုံးခုန်ရပ်တန့် မည့်အချိန် သို့ တည်းမဟုတ် နှလုံးသွေးညစ်အား ကျဆင်းမည့် အချိန်ကို ကြိုတင်ခန့် မှန်းဖော်ပြပေးနိုင်မည်ဖြစ်ကြောင်း ၊ သို့ ဖြစ်၍ လူနာ၌ အချိန် မည်မျှကျန်ရှိနေသေးသည်ကို သိရှိနိုင်မည် ဖြစ်သည့် အတွက် အချိန်မီဆေးကုသပေးနိုင် မည်ဖြစ်ရာ အသက်ပေါင်းများစွာကို ကယ်တင်သွားနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

သုတေသီများသည် အဆုပ်တွင်းသွေးကြောများတွင် သွေးပေါင်ချိန်တိုးသည့်ဝေဒနာကို အခြေပြု စူးစမ်းလေ့လာခဲ့ ကြောင်း ၊ အဆုပ်တွင်းသွေးကြောများသွေးပေါင်ချိန်တိုးလျင် နှလုံးကိုထိခိုက် ပျက်စီးစေနိုင်ကြောင်း ၊ ၄င်းဝေဒနာကို ခံစားနေရကြောင်းစစ်ဆေးတွေ့ ရှိပြီး ၃ နှစ်မှ ၅ နှစ်အတွင်း သုံးပုံတစ်ပုံခန့် က သေဆုံးကြောင်း ၊ ကုထုံးမှာသောက်ဆေးပေးခြင်း၊ အဆုပ် တွင်းသွေးကြောထဲ သို့  ဆေးတိုက်ရိုက်ထိုးခြင်း ၊ အဆုပ်အစားထိုးကုသခြင်းတို့  ဖြစ်ကြောင်း ၊ သို့ သော် ကုသမှုမှန်ကန်စေရန် လူနာတစ်ယောက် အသက်ရှင်သန်ချိန် မည်မျှကျန်ရှိသေးသည်ကိုသိရှိရန် လိုအပ်ကြောင်း သုတေသီ တစ်ဦးက ရှင်းပြသည် ။ ဒီဆော့ဖ်ဝဲနဲ့  ငါးနှစ်အတွင်းလူတစ်ယောက် ဘယ်တော့သေဆုံးမှာလဲ ဆိုတာကို ခန့် မှန်းနိုင်ပါတယ် ။ သူ့ ရဲ့ ကျန် ရှိနေသေးတဲ့သက်တမ်းနဲ့ ကိုက်ညီမယ့်ဆေးကုထုံးကိုအသုံးပြုခြင်းအားဖြင့် လူ့ အသက်ပေါင်းမြောက်များစွာကိုကယ်တင်နိုင်မှာဖြစ်ပါတယ် ဟု ၄င်းက ဆက်လက်ရှင်းပြသည်။
ထို့ အတွက် အဆိုပါဆော့ဖ်ဝဲတွင် လူနာပေါင်း ၂၅၀ ကျော်၏ နှလုံး MRI Scan များ ၊ သွေးစစ်ထားသော အဖြေများကို ထည့်သွင်းပေးခဲ့ကြောင်း ၊ ၄င်းဆော့ဖ်ဝဲက နှလုံးတစ်ချက် ခုန်တိုင်း ဖြစ်ပွားသော လှုပ်ရှားမှု အမျိုးမျိုး ၃ သောင်းကျော်ကို တိုင်းတာပေးနိုင်ကြောင်း ၊ ၄င်းအချက်အလက်များနှင့် လူနာ၏ လွန်ခဲ့သော (၈)နှစ်အတွင်းဆေးကုသမှု မှတ်တမ်းတို့ ကိုပေါင်းစပ်လိုက်သောအခါ အဆိုပါဆော့ဖ်ဝဲက ၄င်းလူနာ သေဆုံးမည့် အချိန် သို့ မဟုတ် နှလုံးရပ် တန့် မည့်အချိန်ကို ခန့် မှန်းပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည် ။


ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ