Paronychia လက်စွယ်-ခြေစွယ် ငုပ်ခြင်း
ဆရာ့ ကျွန်မတူမလေးက အသက် ၁၀နှစ်ရှိပါပြီး ။ တူမလေးရဲ့ညာဘက် လက်သန်းနဲ့ လက်သန်းကြွယ် လက်သည်းခွံ အောက်ခြေ လခြမ်းနားကနေ ပြည်တည်ပြီးယောင်နေပါတယ် ဆရာ ။ ဖြစ်တာကတော့ တလလောက်ရှိပါပြီ။ အရင်တုန်းကလဲ ခဏခဏဖြစ်ဖူးပေမယ့် ခုလောက်လဲမဆိုးသလို ဘာဆေးမှမလိမ်း မသောက်ရပဲ သူ့အလိုလို ပြန်ပျောက်သွားဖူးပါတယ် ။ ခုတကြိမ်တော့ အညှော်မိပြီးယောင်တယ် ထင်လို့ မောရိယ မန်းဆေး လိမ်းပေးနေတယ်ဆရာ ။ သူ့အမေရဲ့ ညာဘက်လက်မှာလဲ ဒီလိုမျိုး ခဏခဏ ဖြစ်တတ်ပါတယ်။မျိုးရိုးကြောင့်များ ဖြစ်တတ်ပါသလားဆရာ။ ဒီရောဂါဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။ ဘယ်ဆေးမျိုး လိမ်းသင့် သောက်သင့်ပါသလဲလို့ ညွှန်ကြားပေးစေလိုပါတယ်။ အောက်မှာ ပူးတွဲပါဓါတ်ပုံတွေကိုလဲပို့ပေးထားပါမယ်ဆရာ။
လက်သည်း-ခြေသည်းမှာ ပိုးဝင်ခြင်းကိုရေးပါမယ် ။ ကျွန်တော်တို့က လြေစွယ်-လက်စွယ် ငုပ်တယ်လို့ပြောကြတယ် ။ အဖြစ်များတယ်။ ဂရုစိုက်သင့်တယ်။ အရေပြား ဘယ်နေရာမှာ ပိုးဝင်ဝင် Staphylococci ခေါ် ဗက်တီးရီးယားကနေဖြစ်တာများတယ်။ Fungal ဖန်းဂတ်စ် ခေါ် မှိုပိုးလည်း ဝင်တတ်တယ် ။ ပျောက်ဘို့ကြာတယ် ။ ဗိုင်းရပ်စ်ကနေ ပြည်တည်တာလည်း ဖြစ်တတ်တယ် ။ အဲတာကတော့ လက်သည်းနားမှာ မဟုတ်ပါ။ Herpetic whitlow ခေါ်တယ် ။
လက်သည်း-ခြေသည်းမှာ ပိုးဝင် နီမယ် ။ နာမယ် ။ ရောင်မယ် ။ ပြည်တည်မယ် ။ ပြည်အရောင် အမျိုးမျိုးဖြစ်နိုင်တယ် ။ ပြည်ဆိုတာ ဘယ်နေရာမှာရှိရှိ ပြည်ကိုထွက်အောင်လုပ်ပေးရမယ် ။ ထုံဆေးသုံးပြီး ဓါးနဲ့ခွဲပေးရတယ် ။
ရေနွေးထဲစိမ်တာ၊ အပူကပ်ပေးတာ သက်သာစေမယ်။ ပိုးသေဆေး + အနာသက်သာဆေးလိုမယ် ။ Penicillin နဲ့ ampicillin တွေကို အများဆုံးသုံးတယ် ။ S. aureus နဲ့ Bacteroides ပိုးတွေ ကတော့ ဆေးယဉ်ကြတယ် ။ cephalosporins ပဌမမျိုးဆက်ဆေးတွေကိုလည်း ယဉ်နေပြီ ။ Clindamycin (Cleocin) နဲ့ amoxicillin–clavulanate potassium (Augmentin) ဆေးပေးမှရတယ် ။
Chronic paronychia နာတာရှည် ပြန်ပြန်ဖြစ်နေတာလည်းရှိတယ် ။ ပြည်တည်ချင်မှသာ တည်မယ်။ အယ်လကာလီါ်ါတ် များတာနဲ့ ထိတွေ့ရရင် ဖြစ်တယ် ။ သူနဲ့ မသင့်တာ ကိုယ်တွယ်ရ လည်းဖြစ်တယ် ။ ရေကိုင်ရ များသူတွေမှာလည်း ဖြစ်တယ် ။ ဆီးချိုရှိသူ HIV ရှိသူ ပျောက်ခဲတယ် ။
သုံးနိုင်တဲ့ Antibiotic ပိုးသေဆေးများ
Cloxacillin 50 to 100 mg/kg/day ကို တနေ့ ၄ ကြိမ်ခွဲသောက်ပါ ။ တနေ့ 4 g/day ထက်မပိုစေရ ။ ၅ ရက် ဆိုရမယ်။ လိုသေးရင် နောက်ထပ် ၂-၃ ရက်ဆက်တိုက်ပါ။ Flucloxacillin နဲ့ Dicloxacillin ကိုလည်းပေးနိုင်တယ် ။
ဖန်းဂတ်စ် မှိုအတွက် Grisofulvin = 10 - 20 mg/kg/day တနေ့ တကြိမ်တိုက်ပါ။ တနေ့မှာ 1000 mg/day ထက် မများစေရ။ ဖန်းဂတ်စ် (မှို) အတွက်ဖြစ်တယ်။ ဖြစ်နေတာကြာလေ ရက်ကြာကြာလိုလေ။ ဥပမာ ၁၄-၂၁ ရက်။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin