အိပ်မက်များကပြောတဲ့ ကိုယ်ရည်ကိုယ်သွေး


- ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်၊ အသက်တွေကြီးလာတဲ့အထိ အိပ် မက်ထဲမှာ စာမေးပွဲကို စာမကျက် ရသေးဘဲ ဖြေရတာ၊ ဖြေမယ့်နေ့မှ စာမေးပွဲရှိမှန်းသိတာ၊ ဖြေရမယ့်ဘာ သာမှားကျက်လာတာစတဲ့ အိပ်မက် ဆိုးတွေ မက်တတ်ပါသလား။ ဒါဆို သင်ဟာ စင်းလုံးချောဝါဒီ (perfectionist) သမားဖြစ်နိုင်ပါတယ်။ လက်တွေ့ဘဝမှာလည်း အသေအချာ ပြင်ဆင်ထားတဲ့ ကိစ္စတွေကိုတောင် ထပ်ကာ တလဲလဲ ပြင်ဆင်နေတတ် ပါတယ်။ အလုပ်တစ်ခုကို စိတ်တိုင်း မကျမချင်း လက်မလွှတ်တတ်တဲ့ စင်းလုံးချောဝါဒီတွေဟာ အသက်တို တတ်ပါတယ်။

- အိပ်မက်ထဲမှာ သေလုမျောပါးပြေး နေရတယ်လို့ မကြာခဏမက်တတ် တယ်ဆိုလျှင်တော့ အပြင်လောကမှာ အခက်အခဲကြီးကြီးမားမားကြုံတွေ့ နေရတာဖြစ်နိုင်ပါတယ်။ စိုးရိမ်စိတ် လွန်ကဲဝေဒနာနှင့် စိတ်ကျဝေဒနာ လည်း ရှိနေနိုင်ပါတယ်။

- လူကြားသူကြားထဲ အဝတ်အစား မပါဘဲ ရောက်နေတယ်လို့မက်လျှင် စိတ်မလုံခြုံတဲ့ ပြဿနာရှိနေတတ် ပါတယ်။ စာသင်ခန်းထဲ အဝတ် အစားမပါဘဲ ရောက်နေတာ၊ စား သောက်ဆိုင်ထဲမှာ အဝတ်အစား မပါဘဲ ချောင်ကပ်နေရတာ စသည် အိပ်မက်ထဲမှာကြုံရပါက လူစုလူ ဝေးကြောက်တဲ့ပြဿနာရှိနေတတ် ပါတယ်။

- အမြင့်တစ်နေရာမှ ပြုတ်ကျနေ သည်ဟု မကြာခဏအိပ်မက်မက် ပါက မိမိစိတ်ထဲမှာ မြိုသိပ်ထားရတဲ့ ပြဿနာတွေ များနေပြီဆိုတဲ့ အဓိပ္ပါယ် ပါပဲ။ အနားယူပါ၊ သူငယ် ချင်း များနှင့် ပေါ့ပေါ့ပါးပါးအချိန်ဖြုန်းပါ။ အား ကစားလုပ်ပါ။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ