Fluorosis (ဖလိုရိုက်) များရောဂါ


သွား-သွားဖုံးတွေအရုပ်ဆိုးတဲ့အထိဖြစ်တဲ့ရောဂါကို ခေါ်တယ် ။ အသက် ၈ နှစ်အတွင်းမှာ (ဖလိုရိုက်) ဆားဓါတ် များလွန်းလို့ဖြစ်တာပါ ။ ဒီအရွယ်မှာ ကြီးသွားတွေပေါက်လာပြီ ။ ဖြစ်ကာစမှာ သွားအရောင် မဖြူတာနဲ့စတယ် ။ ဒီရောဂါ အဖြစ်မနည်းပါ ။ အသက် ၆ နှစ်ကနေ ၄၉ နှစ်အတွင်း ၊ လူ ၄ ယောက်မှာ ၁ ယောက်ဖြစ်တယ် ။ ၁၂ နှစ်ကနေ ၁၅ နှစ်မှာ အများဆုံး ။ ၁% ကဆိုးတယ် ။ ၂% က အသင့်အတင့်ဆိုးတယ် ။ ကျန်တာတွေက မဆိုးပါ ။ သွားတိုက်ဆေး ၊ ပါးစပ်ဆေးရည်တွေထဲမှာ (ဖလိုရိုက်) များနေရာကနေဖြစ်စေတယ် ။ သောက်ရေထဲမှာ (ဖလိုရိုက်) များနေတာလဲ အကြောင်းခံတခုဖြစ်တယ် ။

ဆေးကုစရာ မလိုတာကများပါတယ် ။ သွားအထူးကုဆရာဝန်ကနေ Tooth whitening သွားတွေကို ဖြူအောင် လုပ်ပေးနိုင်တယ် ။ Bonding နည်း၊ Crowns နည်းနဲ့ Veneers နည်းတွေလဲရှိတယ် ။ Fluoride or Fluorine deficiency (ဖလိုရင်း) နည်းရောဂါအစားအသောက်ထဲမှာ Fluoride (ဖလိုရိုက်) ဓါတ်နည်းလို့ဖြစ်တယ် ။ သွားပိုးစားမယ် ။ Osteoporosis အရိုးအားနည်းမယ် ။ သောက်ရေထဲမှာ (ဖလိုရိုက်) ဓါတ် (about 1mg/liter) ထည့်ရတယ် ။ အားနည်းနေရင် သွားပေါက်တာမလှဘူး ။ သွားအရောင်မဖြူဘူး ။ အရိုးကျိုးလွယ်မယ် ။ Fluoride ကို သွားတိုက်ဆေး ပါးစပ်ဆေးရည် ၊ (ဖလိုရိုက်) ဓါတ်ထည့်ထားတဲ့ရေကနေရတယ် ။ ပင်လယ်စာတွေထဲမှာပါတယ် ။ ငါး၊ စပျစ်သီး ၊ လဖက်ရည်ထဲမှာ လဲပါတယ် ။ မွေးကာစကလေးမှာ တနေ့ကို 0.01 mg လိုအပ်တယ် ။ ၉-၁၃ နှစ်အရွယ်မှာ 2 mg လိုတယ် ။ လူကြီးယောက်ျား 4 mg နဲ့ လူကြီးမိန်းမ 3 mg လိုတယ် ။
Fluorine deficiency (ဖလိုရင်း) နည်းရောဂါ http://doctortintswe.blogspot.com/…/fluorine-deficiency.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ