ရေနွေးဖြင့် ရေချိုးခြင်း၏ ရလဒ်


ကြွက်သား ၊ အရွတ်နှင့်အဆစ်အမြစ်တို့ကို ပြေလျော့ စေသည် ။ တစ်ချိန်တည်းမှာလေးဖက်နာ၊ ကြွက်သား စုတ်ပြဲခြင်း ၊ မောပန်းခြင်းတို့ကြောင့်ဖြစ်စေသော ကြွက် သား ၊ အဆစ်အမြစ် နာကျင်ခြင်းကို ပျောက် ကင်းစေသည် ။ ပူနွေးခြင်းက သွေးလှည့်ပတ်စီးဆင်းမှုကိုလှုံ့ဆော်ပေး သည် ။ ရောဂါအပြီးပျောက်အောင် ကုသခြင်းမျိုး မဟုတ်သော်လည်း ရောင်ရမ်းနာကျင်မှုများကို သက်သာ စေသည် ။

ရေနွေးက ချွေးပေါက်များကို ပွင့်စေပြီး လွယ်ကူ စွာသန့်စင်နိုင်ကာ အလွယ်တကူချေးများ ကျွတ်စေနိုင် သည်။ ရေအေးနှင့် မျက်နှာသစ်လျှင် ချွေးပေါက်များကို နောက်တစ်ကြိမ် ထပ်ပိတ်စေသည်။
နံနက်အိပ်ယာထထချင်း ၊ ခန္ဓာကိုယ်က တောင့်တင်း နေတတ်သဖြင့် သွေးလှည့်ပတ်မှုကောင်းစေ ရန် ရေ နွေးနှင့် ချိုးသင့်သည် ။ နံနက်တွင်ရေနွေးနှင့်ရေချိုးခြင်း သည် သွေးပူလေ့ကျင့်ခန်းလုပ်သကဲ့သို့ ခန္ဓာကိုယ်ကို နွေးထွေးစေသည် ။

နှိပ်နယ်ခြင်းအပြင်လည်ချောင်း ၊ ပုခုံးတို့နာကျင်ခြင်း ၊ ပုခုံးကြောများတင်းခြင်း ခံစားရသည့် အခါ ရေနွေး နှင့်ရေချိုးခြင်းက ခန္ဓာကိုယ်ကိုပေါ့ပါးစေသည် ။
ချောင်းဆိုးသက်သာစေရန် ချွဲများကြေစေရန်ရေ နွေးနှင့်ရေချိုးပါ ။ ရေနွေးထဲကို ယူကလစ်ဆီ ထည့်၍ အငွေ့ကိုရှူပါ ။ ခန္ဓာကိုယ်ကိုလိမ်းပေးပါ ။ အသက်ရှူ ချောင်လာလိမ့်မည် ။
ကိုယ် ၊ စိတ်ပင်ပန်းခြင်း ၊ အိပ်မပျော်ခြင်းအတွက် ရေနွေးနှင့် (၁၀)မိနစ်ခန့်ရေချိုးကြည့်ပါ ။ ခန္ဓာကိုယ် ၊ စိတ်နှင့် အကြောအခြင်များကို ပြေလျော့စေပြီး စိတ်ချမ်း သာစွာ စိတ်လက်အနားယူနိုင်ပါမည် ။

ဒေါန
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ