လူသားနှင့်ရေ (အပိုင်း-၁)


ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံသော အလေးချိန်က ရေဖြစ်ပါတယ် ။ ဥပမာ ပေါင်(၁၀၀)ကိုယ်အလေးချိန် ရှိသော လူတစ်ယောက်မှာ ရေအလေးချိန်က (၆၅)ပေါင်ပါရှိပါတယ် ။ သွေးထဲမှာ အရည်ဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်ပြီး ဦးနှောက်နဲ့ကြွက်သားတို့မှာ အရည်ဓာတ် ၇၅ ရာခိုင်နှုန်းနဲ့ အရိုးထဲမှာ ရေဓာတ် ၂၂ ရာခိုင်နှုန်း ပါရှိပါတယ် ။ ပျမ်းမျှအားဖြင့် လူသားတစ်ယောက် နှစ် ၈၀ခန့် သက်တမ်းကာလအတွင်းမှာ ရေ ၇၅၀၀၀ လီတာမျှသောက်သုံးခဲ့ပါတယ် ။ ရေက ကမ္ဘာကြီးရဲ့အပူချိန်ကို ထိန်းညှိပေးနိုင်သလို လူတွေရဲ့ခန္ဓာကိုယ် ကိုလည်း အပူချိန်မျှတအောင်ထိန်းညှိပေးနိုင်ပါတယ် ။ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အာဟာရပစ္စည်းတွေ ၊ အောက်စီဂျင် ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ၊ ဟော်မုန်းများ ၊ အညစ်အကြေးများကို တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်ပေးသူကလည်း ‘ရေ’ ပဲဖြစ်ပါတယ်။

ရေရဲ့အခြားလုပ်ဆောင်ချက်များမှာ ခန္ဓာကိုယ်ထဲသို့ရောက်ရှိလာတဲ့ အစားအစာကို ခွန်အား အဖြစ် ပြောင်းလဲပေးခြင်း ၊ ခန္ဓာကိုယ်ထဲမှာ ပိုလျှံပြီး မလိုလားအပ်တဲ့အရည်တွေနဲ့ အဆိပ် အတောက်တွေကို ဆီး ၊ ဝမ်း ၊ သွေး ၊ ချွေး ၊ ချွဲသလိပ်အဖြစ် စွန့်ထုတ်ပေးခြင်း ၊ အသက်ရှုခြင်းကို အထောက်အပံ့ဖြစ်စေခြင်း ၊ အရိုးအဆစ်များ ပွန်းတိုက်စားခြင်းမှ သက်သာစေခြင်း ၊ ခန္ဓာ ကိုယ်တွင်း ဆဲလ်များကို အောက်စီဂျင်မပြတ်လပ်အောင် ထိန်းသိမ်းပေးခြင်း ၊ သက်လုံကောင်းစေခြင်း ၊ ခေါင်းကိုက် သက်သာစေခြင်း ၊ ပင်ပန်းနွမ်းနွယ်မှုကို ပြေပျောက်စေကာ စိတ်ကိုကြည်လင်လန်းဆန်းစေခြင်း၊ က်ငဆာဖြစ်နိုင်ချေအလားအလာကို လျော့ပါးစေခြင်း၊ အမောအပန်း ခံနိုင်ပြီး လေ့ကျင့်ခန်း ကြာကြာ လုပ်နိုင်လာခြင်း ၊ အသားအရေကောင်းပြီး အရွယ်တင်နုပျိုစေခြင်း၊ ဝက်ရူးပြန်၊ တီဘီ၊ ပန်းနာရင်ကျပ် ၊ ကျောက်ကပ် ၊ လည်ချောင်းနာ၊ ဝမ်းချုပ်၊ လိပ်ခေါင်းရောဂါတို့ကို သက်သာစေခြင်း၊ အမြင်အာရုံ တိုးတက်ကောင်းမွန်စေခြင်း စသဖြင့် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြုတာကြောင့် ‘ရေ’ ဟာ လူသားတို့ အတွက် မရှိမဖြစ်ပါပဲ ။

ရေဓာတ်ဆုံးရှုံးရခြင်း
အသက်ရှုထုတ်လိုက်တဲ့အခါမှာ ရေငွေ့ပုံစံဖြင့်သော်လည်းကောင်း၊ ချွေး၊ ဆီးနှင့် မစင်တို့တွင် ပါဝင်သော ရေပုံစံမျိုးဖြင့် လူ၏ခန္ဓာကိုယ်မှ နေ့စဉ်ရေဓာတ် ဆုံးရှုံးသွားပါတယ် ။ ရေဓာတ်နှင့်အတူ ခန္ဓာကိုယ်၏ ဆားဓါတ်အနည်းငယ်လည်း ဆုံးရှုံးသွားပါတယ် ။ ကျန်းမာတဲ့လူတစ်ယောက်ဟာ ခန္ဓာကိုယ်မှ တစ်နေ့တာ အတွင်း ရေ ၂ ဒဿမ ၆ လီတာခန့် ဆုံးရှုံးနေပါတယ် ။ ၎င်းတို့မှာ ဝမ်းမှ ၀.၂ လီတာ ၊ အသက်ရှူ လမ်းကြောင်းမှ ၀.၃ လီတာ ၊ အရေပြားချွေးထွက်ခြင်းမှ ၀.၆ လီတာ ၊ ဆီးမှ ၁.၅ လီတာ ပမာဏရှိ တဲ့ ရေဓာတ်တွေနေ့စဉ် ထွက်ရှိနေလို့ပါပဲ ။ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရေပမာဏဟာ ၁ ရာခိုင်နှုန်း လျော့သွားတာနဲ့ တစ်ပြိုင်နက်တည်း ရေသောက်ချင်စိတ်(ရေငတ်ခြင်း) ဖြစ်လာပါတော့တယ်။ ဒါကြောင့် လူတို့အစာမစားရဘဲ တစ်လအထိ အသက်ရှင်နိုင်သော်လည်း ရေမသောက်ဘဲ ၅ ရက် (အလွန်ဆုံး ၇ ရက်) ထပ်ပို၍ အသက်မရှင်နိုင်ကြပါဘူး ။ (ရေလိုအပ်နေသူတစ်ဦး ရေမရရင် ချက်ချင်းသေနိုင်ပါတယ် ။)

ပေါက်ပေါက်
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ