အစားစာချင်စိတ် မရှိသူများ အတွက်


ထမင်းဟင်းအနံ့ မခံချင် သူများ ၊ ထမင်းဟင်း မြင်လျှင် ပျို့ ချင်အန်ချင်အောင် ခံတွင်းပျက်နေသူများ ယခု တင်ပြပေးသော ဆေးနည်းနှင့် ဆေး (၂)ခွက် မသောက်ရဘဲ အင်းအားလည်းဖြစ် ၊ ထမင်းစားကောင်း ခံတွင်းလိုက်လာပါမည် ။ တိုင်းရင်းဆေးလည်း အစွမ်းထက်ပါသည် ။သင့် အခုသိလို့ လုပ်ပြီး စားကြည့်ပေးလိုက်စမ်းပါ စားကောင်းတိုင်းစားလို့  အိမ်သူသက်ထားနဲ့  စကားများလာလျှင် Mg Mandalay ကြောင့်ပါလို့ တော့ မပြောကြပါနဲ့ ခင်ဗျာ ။

လုပ်ဆောင်နည်းလေးမှာ ………

(၁) သရက်သီး အစိမ်း သုံးလုံး
(၂) သကြားဖြူ (အချို့ သင့်အောင်)
(၃) မီးသင်း ထားသော ငရုတ်ကောင်းမှုန့်  သင့်ရုံမျှ
(၄) မီးသင်းထားသော လေးညှင်းမှုန့်  သင်ရုံမျှ
(၅) ဖာလာမှုန့် 
(၆) ပရုတ် အနည်းငယ်နော်

ဌင်း ခြောက်မျိုးမှ သရက်သီးအစိမ်းကို ပျော့နေအောင်ပြုတ်ပြီး အနှစ်ကိုယူပါ ။ သကြား ၊ ငရုတ်ကောင်း ၊ လေးညှင်း ၊ ဖာလာ ၊ ပရုတ် တို့ ကို ရောထည့်မွှေးပြီး သမလျှင် စားသုံးနိုင်ပြီ ဖြစ်ပါသည် ။

ထိုဆေးစားပြီးလျှင် လျင်မြန်စွာ ခံတွင်းလိုက်ပြီး စားကောင်း သောက်ကောင်း အိပ်ကောင်းနှင့်လည်း ကျန်းမာ ဝဖြိုးလာမည် ဖြစ်ပါတော့သည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ