E-Cigarettes ၌ ထည့်သွင်းသောက်သုံးရသည့် အရည်အချို့သည် လူကို ဒုက္ခပေးစေနိုင်သည့် အဆိပ်အတောက်များထွက်ရှိ


ဆေးလိပ် ဖြတ်ရာတွင် အသုံးပြုသည့် E-Cigarettes အတွင်း ထည့်သွင်း သောက်သုံးသည့် အရသာအရည် အချို့သည်လည်း လူတို့ကို ဒုက္ခပေးနိုင်သည့် အဆိပ်အတောက်များ ဖြစ်ပေါ်တတ်ကြောင်း အမေရိကန် သုတေသီများက ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

ယခုအခါ လူကြီးလူငယ် မရွေးသောက်သုံးနေသည့်  E-Cigarettes  အမည်ရှိ အားသွင်း ၍ သောက်သုံးရသောဆေးလိပ်အတုတွင် ထည့်သွင်းသောက်သုံးရသည့် အရည်အချို့တွင် ပါဝင်သည့် ဓာတုနည်းဖြင့် ဖန်တီးထားသောအရည်များသည် အပူနှင့် ဓါတ်ပြုပြီးနောက် လူ၏ အရေးအကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်သည့် နှလုံး ၊ ကျောက်ကပ် ၊ အဆုတ်စသည့်တို့ကို ပျက်စီစေနိုင်သည့် အဆိပ်အတောက်များကို ဖြစ်ပေါ်စေနိုင်ကြောင်း အမေရိကန်နိုင်ငံ ဓာတုဗေဒအဖွဲ့အစည်းမှ ထုတ်ပြန်ကြေ ညာခဲ့ပြီး E-Cigarettes တွင် ထည့်သွင်းသောက်သုံးရသောအရည်များ၌ အရသာ မထည့်သွင်းထားသော အရည်များထက် အရသာထည့်သွင်းထားသော အရည်များက လူကိုဒုက္ခပေးစေနိုင်သည့် အဆိပ် အတောက်များ ပိုမိုထွက်ရှိကြောင်းပညာရှင်များက ထုတ်ပြန်ခဲ့ကာ E-Cigarettes ကို စွဲမြဲစွာသောက် သုံးပါကလည်း ဆေးလိပ်သောက်သုံးသည့် လူများနည်းတူရောဂါများကို ခံစားရနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည် ။

E-Cigarettes သည် ၂၀၁၅ ခုနှစ်တွင် ဆေးလိပ်ဖြတ်လိုသည် လူငယ်များ ကြားရေပန်းစားလာခဲ့ပြီး ထို့နောက် အမျိုးသားအမျိုးသမီးမရွေး သောက်သုံးနိုင်သည့် ကိုယ်နှစ်သက်ရာ အရသာတို့ကို ထည့်သွင်း ထားသည့် E-Cig တို့လည်း ထွက်ရှိခဲ့ကာ အမေရိကန်နိုင်ငံ၌ လူငယ်များ၏ တစ်ဝက်ခန့်က E-Cig ကို နှစ်ခြိုက်စွာအသုံးပြုလျက် ရှိကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ