သွားပိုးစားခြင်းအကြောင်း သိကောင်းစရာ


သွားပိုးစားခြင်းဆိုတာ တကယ်တော့ သွားကို ပိုးကစားသွားခြင်း မဟုတ်ပါဘူး ။ အမှတ်မှားက ကြာတော့ အမှန်ထင်တက်ကြပါတယ် ။ ဒါကြောင့်လဲ အခုချိန်ထိ သွားပိုးချတယ်ဆိုတာကို တောရောမြို့ပါ ပညာတတ်များပါမကျန် ပျောက်လိုပျောက်ငြားဆိုပြီး လုပ်နေကြတုန်းပါ ။ ကျွန်တော်တို့လို နယ်ကသွားဆရာဝန်တွေမှာဆို သွားပို့ချတယ်ဆိုတာ မကြားဖူးတဲ့သူမရှိသလောက်ပါပဲ ။ အမြဲလိုလို လူနာတွေထံမှကြား ကြားနေကြရပါတယ် ။

 ဆေးခန်းမှာလည်းရှင်းပြ နယ်ဆေးကုသွားလည်း မဖြစ်မနေ အသိပညာတွေပေးနေကြရတုန်းပါ ။ တကယ်တော့ သွားပိုးစားခြင်းမဟုတ်ပါဘူး ။ သွားဆွေးမြေ့သွားခြင်းသာ ဖြစ်ပါတယ် ။ ဘာကြောင့် ဒီလောက်မာတဲ့သွား ဆွေးမြေ့ရတာလဲဆိုတော့ အစာကြွင်းအစာကျန်တွေကနေထွက်တဲ့ အက်စစ်ကြောင့်သာ သွားရဲ့ အပေါ်ယံကြွေလွှာကနေ တဆင့် သွား ဆွေးမြေ့ခြင်းဖြစ်စဉ်  ဖြစ်ရခြင်း ပဲဖြစ်ပါတယ် ။ အစာအကြွင်းအကျန်မှ အချဉ်ပေါက်လာပြီး သွားကိုဆွေးမြေ့စေတာပဲဖြစ်ပါတယ် ။ ဒါကြောင့် သွားပိုးစားခြင်းမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းကတော့ သွားမှန်မှန်တိုက်ခြင်း ၊သွားနှင့်ခံတွင်းကို သန့်သန့်ရှင်းဖြစ်စေခြင်း ၊ အစာစားပြီးတိုင်း အစာကြွင်းအစာကျန် မဖြစ်စေဖို့ ပလုပ်ကျင်းခြင်း ၊လိုအပ်ရင် သွားပွတ်ကြိုးဖြင့်သာ သွားကြိုသွားကြားမှ အစာကိုထုတ်ပေးခြင်းတို့ပဲ ဖြစ်ပါတယ် ။ တချို့သော လူနာတွေက "ဆရာရယ် အိမ်က ကလေးတွေ သွားပိုးမစားအောင် သွားကို နေ့စဉ် နှစ်ကြိမ်မှန်မှန် တိုက်ပေမယ့် သွားပိုးစာတာတွေက ဖြစ်တာပါပဲ"ဆိုပြီး စိတ်ပျက်အားငယ်စွာ ပြောကြပါတယ်။

တကယ်တော့ သွားကိုဘယ်လောက်ပဲတိုက်တိုက် တိုက်နည်းမမှန်ဘူး ၊ သွားပွတ်ကြိုးမသုံးဘူး ဆို ပြောင်စင်မသွားနိုင်ပါဘူး ။ နောက်တစ်ခုက ယနေ့အစားအစာတွေအပေါ်လည်း မူတည်ပါတယ် ။ (ငယ်သွားပိုးစားခြင်းနဲ့ ထိန်းသိမ်းကာကွယ်ခြင်း ကို သီးခြားဖော်ပြပါအုန်းမယ်) သွားပိုးစားပြီဆိုရင် ပထမအပေါ်ယံကြွေလွှာနဲ့ သွားအက်ကြောင်းလေးတွေမှာ အမဲစက်လေးတွေ ဖြစ်လာတတ်ပါတယ် ။ အဲဒီကြွေလွှာကနေတစ်ဆင့် (Dentine)လို့ခေါ်တဲ့ ဆင်စွယ်နှစ်လွှာကိုရောက်လာရင် သွားကျင်ခြင်းကို ခံစားရလေ့ရှိပါတယ် ။ အကယ်၍ သွားပိုးစားခြင်းဟာ အတွင်းဆုံးအလွှာဖြစ်တဲ့ (Pulp)ကို ထိသွားရင် အသည်းခိုက်အောင် သွားကိုက်ဝေဒနာ ခံစားရပါတော့တယ် ။ သို့သော် တချို့သောသူများမှာ သွားပိုး စားခြင်းဖြစ်စဉ်ကို မသိ၊သွားကျင်ခြင်းကိုလည်း မသိပါပဲ သွားတွေပျက်စီးဆုံးရှုံးသွားကြရတာတွေလည်း ရှိပါတယ် ။ အမှန်က သွားကိုထောက်ပံ့ထားတဲ့အလွှာ ပျက်စီးသွားလို့သာ သွားမကျင် သွားမကိုက် ရခြင်းပဲ ဖြစ်ပါတယ် ။ များသောအားဖြင့် လူနာအများစုဟာ သွားကိုက် ၊ သွားနာမှ  ရောက်လာကြ တာများပါတယ် ။ ကိုက်ပြီနာပြီဆို သွားဖာခြင်းကို ချက်ချင်းလုပ်လိုမရတော့ပါဘူး။ အကြောထုတ် ကုသခြင်းနဲ့ ကုသမှုခံယူရင်တော့ ရပါသေးတယ် ။ တကယ်တော့ စောစောစီးစီးပြသပြီး သွားကို ဖာလိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ် ။ ဒါပေမယ့် နယ်တွေမှာတော့ နာရင်နှုတ် ဆိုတဲ့အသိတွေပဲ ရှိနေပါသေးတယ် ။ မနှုတ်ပဲ အကြောထုတ် ကုသလို့ရရင်တောင် ပင်ကိုသွား ၊ ဖာလို့ရတဲ့ သွားလိုတော့ မကောင်းတော့ပါဘူး ။ အချိန်လည်း တစ်ခေါက်တည်းနဲ့မပြီးတော့ပါဘူး။ ကုန်ကျစရိတ် ကလည်း များလာပါတယ် ။ ဒီတော့ ဒီလိုအချိန်တွေမပေးနိုင် နာကျင်ကိုက်ခဲတဲ့ဝေဒနာတွေကိုလည်း မခံစားနိုင်ကြတော့ သွားကိုနှုတ်ပြစ်လိုက်ကြပါတော့တယ် ။ ဒီတော့ သွားဆုံးရှုံးခြင်း ၊ သွားပြန် စိုက်ရခြင်းတွေ လုပ်ကြရပါတော့တယ် ။ တကယ်တော့ ဘယ်သူမဆို မိမိတို့သွားများ ပိုးစားခြင်းရှိမရှိကို အတိအကျမသိနိုင်တာကြောင့် သွားဆေးခန်းမှာ အနည်းဆုံး (၆)လ တစ်ကြိမ်ပြသ စစ်ဆေးခြင်း ၊ ကုသခြင်းသာ ပြုလုပ်နိုင်မယ်ဆို သွားဆွေးမြေ့ခြင်း ပျက်စီးခြင်း ၊ သွားဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ပါကြောင်း အသိပေးအပ်ပါတယ် ။ သွားနှင့်ခံတွင်း ရောဂါကင်းလို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ ။

မေတ္တာဖြင့်
Drသန်းထွန်း (မိုးထက်ပါရမီ)
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ