ဆီးချိုသွေးချိုရောဂါအတွက် ကာကွယ်ဆေး ထွက်ပေါ်လာနိုင်တော့ မည်လော


အမေရိကန်နိုင်ငံအတွင် ဆီးချို/သွေးချိုအမျိုးအစား၁ ရောဂါကို ခံစားနေရသူပေါင်း၁.၂၅သန်းခန့် ရှိနေသည်။ လွန်ခဲသော နှစ်ပေါင်း၁၀၀ခန့်မှစပြီး TB ရောဂါ ကာကွယ်ရန်အတွက် အသုံးပြုနေသော BCGထိုးဆေးသည် ထိုဆီးချိုရောဂါ အမျိုးအစား ၁ ကို ဟန့်တားနိုင်သည့် အနေအထားရှိသည်ကို တွေ့ရှိကြပြီဖြစ် သည်။

ထို BCG ထိုးဆေးကို ယခုအခါတွင် ဆီးအိမ်ကင်ဆာရောဂါ ကုသတွင်လည်း အန္တာရယ်ကင်းစွာ အသုံးပြု
 နေပြီ ဖြစ်သည်။ ဆီးချိုသွေးချိုအမျိုးအစား (၁) ဝေဒနာရောဂါရှင်ပေါင်း ၁၅၀ ခန့်ကိုထို BCG ထိုးဆေး အသုံးပြု ပြီး ထွက်လာသောရလဒ်ကို အမေရိကန်နိုင်ငံ ဆီးချိုသွေးချိုအဖွဲ့မှ ကြောငြာချက် ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

ဆီးချိုးသွေးချိုရောဂါ အမျိုးအစား(၁)တွင် လူကိုယ်ခန္ဓာ ၏ ခုခံအားစနစ်သည် အင်ဆူလင်ကို ထုတ်ပေးသော ဆဲလ်များကို ဖျက်ဆီးပစ်လိုက်သောကြောင့် အင်ဆူလင်ဓာတ် ချို့တဲ့ခြင်း(သို့)မရှိခြင်း ဖြစ်ရခြင်းဖြစ်သည်။

 အထူးသဖြင့်ကိုယ်ခံအားစနစ်မှTcellsများသည်အင်ဆူလင်ကိုထုတ်ပေးသောမုန့်ချိုရွက် (pancreas) မှ islet cell များကိုဖျက်ဆီးသဖြင့် ဖြစ်လာရခြင်းဖြစ်သည်။ ထို BCG ထိုးဆေးသည် Tcellများကိုလျော့ကျစေပြီး islet cell များကိုဖျက်ဆီးခြင်းကိုလျော့နည်းစေသည်။

စမ်းသပ်မှုများပြုလုပ်ရာတွင် ၄ ပတ်အတွင်းအနည်းဆုံး၂ ကြိမ် BCG ထိုးဆေးထိုးထားသော ဆီချိုသွေးချိုအမျိုးအစား (၁)ရောဂါရှင်များတွင် ထိုအန္တရာယ်ပေးသောTcellများ လျော့ကျသွားသည် ကိုတွေ့ရပြီး အချို့တွင်မူမုန့်ချိုရွက် (pancreas) မှ အင်ဆူလင်ပြန်လည်ထုတ်ယူနိုင်သည့် အနေအထားကို တွေ့ခဲ့ကြရသည်။

ထိုတွေ့ရှိချက်အပေါ် ဆေးပညာရှင်များကစိတ်လှုပ်ရှားလျက်ရှိကြသည်။ သို့သော် ထို BCG ထိုးဆေး၏ ဆီးချို/သွေးချို အမျိုးအစား ၁ ရောဂါအပေါ်တွင် ဟန့်တားနိုင်မှုကိုတွေ့ရှိ ခဲ့ကြသော်လည်း ထိုဟန့်တား နိုင်မှုသည် မည်မျှကြာအောင် ထိန်းထားနိုင်မည် နည်းဟူသော မေးခွန်းကို ထပ်မံဖြေကြားနိုင်ရန်အတွက် ဆက်လက်လေ့လာမှုများပြုလုပ်လျက်ရှိကြသည်။

ဒီပီ(ဆေး-၁)
Ref : privatehealthcarereports.com
Health Guide
https://www.facebook.com/healthguidemyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ