ကလေးငယ်များကို အချိန် ကန့်သတ်ချက်ဖြင့် ဂိမ်း ကစားစေခြင်းသည် စဉ်းစားဆင်ခြင်နိုင်စွမ်း မြင့်မားစေဟု ဆို


အမေရိကန် နိုင်ငံ ဘော်စတွန် တက္ကသိုလ်မှ လေ့လာချက် အရ ကလေးငယ်များကို အချိန် ကန့်သတ် ချက်ဖြင့် ဂိမ်းကစား စေခြင်းသည် စဉ်းစား ဆင်ခြင်နိုင်စွမ်း မြင့်မားစေကြောင်း အမေရိကန် နေ့စဉ် သတင်းဌာနက ဖော်ပြသည် ။

အွန်လိုင်းဂိမ်း၊ ကွန်ပျူတာဂိမ်းနှင့် ဗီဒီယိုဂိမ်းများကို အချိန် ကန့်သတ်ချက်ဖြင့် ကစားစေခြင်းသည် ကလေး ငယ်များ၏ ဥာဏ်ရည်ဖွံ့ဖြိုးမှု တိုးတက်ရန် အထောက်အကူ ဖြစ်စေသည့် အပြင် စဉ်းစား ဆင်ခြင်နိုင်စွမ်း ကိုလည်း မြင့်မားစေသည်ကို တွေ့ရှိရသည် ။ တစ်နေ့လျှင် တစ်နာရီထက် ဂိမ်း ပုံမှန်ကစားသည့် ကလေးငယ်များသည် ဥာဏ်ရည်ချင်း တူညီသည် ဆိုပါက မကစားသည့် ကလေးထက် စဉ်းစား ဆင်ခြင်နိုင်စွမ်း ပိုမို မြင့်မားကြောင်း အတည်ပြု ထားသည် ။ သို့သော် အရွယ်နှင့် ကိုက်ညီသော ဂိမ်းများ ဖြစ်ရန် လိုအပ်သည် ။ အသက် လေးနှစ်မှ ၁၁ နှစ်ကြားရှိ ကလေးငယ်များအား တစ်နေ့လျှင် နှစ်နာရီထက် မပိုသော ဂိမ်းကစားခြင်းကို ခွင့်ပြုမည် ဆိုပါက ကလေးငယ်များ၏ ဥာဏ်ရည် ဖွံ့ဖြိုးမှုကို အားပေးရာ ရောက်ကြောင်း အတည်ပြု ထားသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ