ကင်ဆာနှင့် မှတ်ဥာဏ် လျော့နည်းသည့် ရောဂါများကို တိကျစွာ ဖော်ထုတ် ပေးနိုင်သော Gadget တီထွင်


အစ္စရေး နည်းပညာ တက္ကသိုလ်က ကင်ဆာရောဂါ အမျိုးမျိုးနှင့် မှတ်ဥာဏ် လျော့နည်းသည့် ရောဂါများကို တိကျစွာ ဖော်ထုတ်ပေးနိုင်သော Gadget တစ်မျိုး တီထွင် နိုင်ခဲ့ကြောင်း သတင်း ထုတ်ပြန် ထားသည် ။

အဆိုပါ Gadget အတွင်း၌ နာနို အဆင့်သာ ရှိသည့် ရွှေမှုန့်များကို အဓိက ထည့်သွင်းထားပြီး စစ်ဆေးခံမည့် သူ၏ အသက်ရှူခြင်းမှ တစ်ဆင့် ရောဂါ အမျိုးအစားများကို ဖော်ထုတ်ပေးခြင်း ဖြစ်သည်။ အစ္စရေး နည်းပညာ တက္ကသိုလ်မှ ပညာရှင်များသည် ခွေးများ အနံ့ခံပုံကို နမူနာယူကာ ယင်း Gadget ကို ဖန်တီးခြင်း ဖြစ်သည်။ ထို့ပြင် ရှေးဟောင်း ဂရိလူမျိုးများက ရောဂါရှာဖွေရာတွင် လူနာ၏ အစာအိမ် အသံကို နားထောင် ခြင်းနှင့် အသက်ရှူသံကို နားထောင်သည့် နည်းစနစ်များလည်း ထည့်သွင်း ဖန်တီးထားသည်။

 အဆိုပါ Gadget သည် အသက်ရှူရာတွင် ပါရှိလာသည့် ဓာတု ဓာတ်ပေါင်းများကို ခြေရာခံကာ ရောဂါ အမျိုးအစား များကို ဖော်ထုတ်ပေးခြင်း ဖြစ်သည်။ လက်ရှိတွင် လူနာပေါင်း ၁၄ဝဝ ကျော်ကို စမ်းသပ်ရာ ရောဂါတုံ့ပြန် ရရှိသည့် အဖြေ ၈၆ ရာခိုင်နှုန်းအထိ တိကျမှုရှိကြောင်း အတည်ပြု နိုင်ခဲ့သည်။ အဆိုပါ Gadget ကို စတာလင်ပေါင် ၂၄ ပေါင်ဖြင့် ရောင်းချရန် ပြင်ဆင်လျက် ရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ