လျှာကျန်းမာရေး လိုက်စားပေး


လျှာဆိုသည်မှာ….။
လျှာဆိုသည်မှာ ကြွက်သားအမျိုးအစားတစ်ခုဖြစ်ပြီး ၊ သက်ရှိသတ္တ၀ါတိုင်း၏ ရသာအာရုံခံအင်္ဂါထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပါ တယ် ။ လျှာနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသီများက၊ လျှာအရင်းပိုင်းနေရာက အခါး ၊ လျှာအရင်း၏ အရှေ့ ပိုင်းနေရာက အချဉ်၊ လျှာအဖျား၏ အနောက်ပိုင်းနေရာက အငန် ၊ လျှာဖျားပိုင်းနေရာက အချိုနဲ့အစပ် အရသာနှစ်မျိုးကို ခံစားပေးနိုင်တယ် လို့ ဆိုထားကြပါတယ် ။ သို့ သော် ကိုလံဘီယာတက္ကသိုလ်၏ လတ်တလော စူးစမ်းလေ့လာချက်များအရ (က) လျှာပေါ်ရှိ အရ သာခံ အစက်လေးတိုင်းက အရသာပေါင်းစုံကို ခံစားနိုင်ကြကြောင်း (ခ) ဦးနှောက်ရှိအာရုံခံစနစ်ကသာ အချို၊ အချဉ် ၊ အငန် ၊ အခါး ၊ အစပ် အရသာ ငါးမျိုးကိုခွဲခြားပေးလေ့ရှိကြောင်း (ဂ) ဘယ်လိုဆက်သွယ်ပြီး ဦးနှောက် ရှိအာရုံခံစနစ်က ဘယ်လိုဆုံးဖြတ် တယ်ဆိုတာ မသိရသေးသော်ငြား ကြွက်တွေကို အရသာတမျိုးစီရှိတဲ့ ဓါတုပစ္စည်းများကျွေးတဲ့အခါ သက်ဆိုင်ရာအာရုံစနစ်တွေ ကပဲ တုန့် ပြန်တာ ကို တွေ့ရှိခဲ့ကြောင်း လေ့လာမှတ်သားရပါတယ် ။

တရုတ်တိုင်းရင်းဆေးပညာများတွင်တော့ လျှာကို ခန္ဓာကိုယ်အတွင်း အင်္ဂါများ၏ မြေပုံ ဟုခေါ်ဝေါ် သမုသ်လေ့ရှိပြီး (က) လျှာထိပ် ဖျားက နှလုံးနှင့်သက်ဆိုင်ကြောင်း (ခ) လျှာထိပ်ဖျား ၏နောက်ဖက် လျှာ ကန့် လန့် ဖြတ်ဧရိယာနေရာက အဆုတ်ကို ကိုယ်စားပြု ကြောင်း (ဂ) လျှာ၏ အလယ် နေရာကျယ်က သရက်ရွက် နှင့် အစာအိမ်နှင့် သက်ဆိုင်ကြောင်း (ဃ) လျှာနံဘေးဘက် ကျဉ်း မြောင်းသော အချပ်နေရာက အသည်း၊ သည်းခြေအိတ်နှင့် ပတ်သက်ကြောင်း (င) လျှာနောက်ပိုင်းက ကျောက်ကပ်များ နှင့် ဆီးအိမ်နှင့် သက်ဆိုင်ကြောင်း (စ) လျှာပေါ်သီးသန့် နေရာတွင် နီရဲခြင်း၊ အက်ကွဲခြင်း၊ အလွှာတစ်ခုခုဖုံးအုပ်နေခြင်းကို စစ်ဆေး ခြင်းဖြင့် ကွယ်မြုပ်နေသော ပြဿနာများကို စောစောစီးစီးရှာဖွေ ကုသထောက်လှမ်းလေ့ရှိ ကြကြောင်းကို Secretes of Longevity (ခေါ်) ကျန်းမာရေး ဆိုင်ရာ အင်တာနက်ပေ့ခ်ျတစ်ခုမှာ အကျယ်တ၀င့်ရေးသားဖော်ပြထားပါတယ်။
လျှာကို ဂရုစိုက်ပါ…။

“ လျှာလေးက လှလိုက်တာ ” လို့  မည်သူမျှ ပြောလေ့ပြောထမရှိကြပါဘူး ။ ဒါကြောင့်လည်း လူတော်တော် များများက လျှာကို ဂရု စိုက်ဖို့  မေ့နေတတ်ကြပါတယ် ။ တနည်းပြောရရင် မြန်မာလူမျိုးတွေဟာ လျှာနဲ့  ပတ်သက်၍ ကျန်းမာရေးအသိ လွန်စွာ အားနည်း ကြပါတယ် ။ ခံတွင်းကျန်းမာရေးဆိုသည်မှာ သွား နှင့် သွားဖုံးတို့ ကိုသာ ဆိုလိုသည်မဟုတ်ပေ ။ လျှာကိုလည်း ကျန်းမာရေး အတွက် ဂရုစိုက်သင့်ပါတယ် ။ အကယ်၍ သင့်လျှာဟာ ဖြူနေတယ်ဆိုရင် သန့် ရှင်းမှု အားနည်းနေပြီး အနံ့ ဆိုး(အာပုပ်နံ့ ) ထွက် ကာ ၊ အစားအသောက်စားတဲ့အခါလည်း မှန်ကန်တဲ့အရသာကို မခံစားရနိုင်ပါဘူး ။ လျှာမသန့် ခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းမှု ညံ့ဖျင်းမှုကို ဖော်ပြနေတာကြောင့် ရှက်စရာလည်း ကောင်းလှပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါတိုင်း လျှာကိုပါ တိုက်ပေး ဖို့ လို ပါတယ် ။ ၉၀ ရာခိုင်နှုန်း ပါးစပ်မှထွက်သော အနံ့ ဆိုးများဟာ လျှာမှလာခြင်းဖြစ်တာကို သတိချပ်ပါလေ ။

လျှာပေါ်မှာ papillae (ခေါ်) မညီမညာ အဖုလေးများစွာဖြင့် ဖုံးအုပ်ထားပြီး၊ ၄င်းအဖုလေးများထဲမှာ ဗက်တီးရီးယားမျိုးစိပ်တွေ ခို အောင်းလေ့ရှိကြပါတယ်။ ကံကောင်းထောက်မစွာဖြင့် ၄င်းလျှာပေါ်ရှိ ဗက်တီးရီးယားတွေဟာ ခံတွင်းတစ်ခုလုံးထဲသို့  ပျံ့ နှံ့  လေ့တော့ မရှိကြပါဘူး။ သို့ သော် ၄င်း ဗက်တီးရီးယားတွေကြောင့် အာပုပ်နံ့ ထွက်စေပြီး၊ အစာစားတဲ့အခါမှာလည်း အရသာ ပျက်၍ ခံတွင်း မလိုက်စေတော့ပါဘူး ။ အကယ်၍ ဗက်တီးရီးယားများပြားလွန်းပါက လျှာ၏ အရောင်မှာ အ၀ါရောင် (သို့ ) အဖြူ ရောင် ဖြစ်နေတတ်ပြီး သိပ်ဆိုးရွားလွန်းတဲ့အခါမှာ အမည်းရောင်ထိ ပြောင်းသွားတတ်ပါတယ်။
လျှာကို ဘယ်လိုသန့် စင်ရမလဲ….။
အကယ်၍ သင်သည်၊ သွားတိုက်ပြီးတဲ့အခါတိုင်း လျှာကိုလည်း ၄င်းသွားတိုက်တံဖြင့် ဟိုးအရင်းမှ အဖျားအထိ ဆွဲချ၍ခြစ်ပေး နေပါသလား ။ ဤအပြုအမူဟာ အင်မတန်မှ မှားယွင်းနေပါတယ် ။ အဘယ်ကြောင့်ဆိုသော် သွားတိုက်တံဘရက်ရှပ်ဟာ လျှာ၏ ကြွက်သားအတွက် လွန်စွာ ကြမ်းတမ်းလွန်းပါတယ် ။ ဒါ့ပြင် သွားတိုက်ဆေး (Toothpaste) ထဲမှာပါရှိတဲ့ Fluoride က လျှာအ တွက် မကောင်းပါဘူး။ Fluoride ဟာ သွားကျန်းမာရေးအတွက် သီးသန့် ဖြစ်ပါတယ် ။ သွားတိုက်ဆေးထဲမှာပါရှိတဲ့ Sulfate ဆိုသည်မှာလည်း အမြှပ်များများထွက်ခြင်းကိုသာ ဖြစ်ပေါ်စေပြီး၊ မျိုချမိပါက လူ့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေပါ တယ်။ ကျန်းမာရေးသုတေသီများက Sulfate ကို ရေချိုးခန်းထဲက အသံတိတ်လူသတ်သမားဟု တင်စားခေါ်ဝေါ်ကြပါတယ်။

ကိုင်း…ဒါဖြင့်ရင် လျှာကျန်းမာရေးအကြောင်းတော့ သိရပါပြီ။ လျှာကို ဘယ်လိုသန့် စင်ရမလဲနော် ။
(က) သွားတိုက်တံဖြင့် သွားတိုက်ပြီးတဲ့နောက်၊ လျှာခြစ်တံ (သို့ ) လျှာအတွက်သီးသန့်  ဘရက်ရှပ်ကို သုံး၍ ခြစ်ချပေးပါ ။ ခြစ်ချ ပြီးနောက် ရေများများဖြင့် အာလုပ်ကျင်းပါ ။ မှန်ကန်သော လျှာခြစ်နည်းမှာ ၊ လျှာ၏ အရင်းမှ အဖျားသို့ ဆွဲချ၍တိုက်ပေးရမှာ ဖြစ်ပါတယ် ။ သတိပြူရန်မှာ ဖိအားသုံး၍ လျှာကို မတိုက်ပါနှင့်။ အနာတရ ဖြစ်သွားစေနိုင်ပါတယ် ။
( ခ) လျှာအတွက် သီးသန့် ဖော်စပ်ထားတဲ့ ဥပမာ Tung Gel ကဲ့သို့ သော လျှာသန့် စင်ဆေးမျိုးတွေကို သုံးပေးနိုင်ရင် ပိုကောင်း ပါတယ်။ အဘယ်ကြောင့်ဆိုသော် ၄င်းဆေးဟာ လျှာကျန်းမာရေးအတွက် သီးသန့်ဖော်စပ်ပေးထားတာကြောင့် လျှာပေါ်မှာရှိ တဲ့ အညစ်အကြေးများနဲ့  ဗက်တီးရီးယားများကို လွယ်ကူလျင်မြန်စွာ ဖယ်ရှားပေးနိုင်ခြင်း ၊ ဇင့်ဓာတ်ပါဝင်သဖြင့် လျှာနှင့် ခံတွင်း တို့ ကို ပိုမိုသန့် ရှင်းစေခြင်း ၊ ၄င်းဆေးသုံးပြီးနောက် သိသိသာသာ အရသာကို လျှာမှပိုပြီး ခံစားသိမြင်လာနိုင်ခြင်း ၊ ပါးစပ်မှ ထွက် သော အနံ့ ဆိုးများကို ထိထိရောက်ရောက် ကာကွယ်ပေးခြင်း ၊ လျှာသန့် သွားတာကြောင့်လည်း လူအများနှင့် စကားပြောသည့် အခါ မိမိကိုယ်ာကို ယုံကြည်မှုတိုးလာခြင်း ..စသဖြင့် ကောင်းကျိုးများစွာ ခံစားရစေနိုင်ပါမယ် ။

သတိပြုဖွယ်ရာ လျှာကင်ဆာ လက္ခဏာ…။
လျှာကင်ဆာဆိုသည်မှာ လျှာ၏အရှေ့ (သို့ ) အနောက်ဘက်တွင် ကင်ဆာအကျိတ်ဖြစ်တည်ခြင်းပါ ။ လျှာ၏အရှေ့ဘက်မှာ ကင်ဆာဖြစ်လျှင် စကားပြောရခက်ခဲပြီး ၊ လျှာ၏အနောက်ဘက်မှာ ကင်ဆာဖြစ်လျှင် အစာမျိုရန်ခက်ခဲပါတယ် ။ ၄င်းကင်ဆာ ရောဂါဟာ ယနေ့ ကမ္ဘာပေါ်တွင် အဖြစ်များဆုံးကင်ဆာ ၁၀-မျိုးစာရင်းထဲ မပါဝင်သော်ငြား ၊ စစ်တမ်းများအရ အမျိုးသားများက အမျိုးသမီးများထက် လျှာကင်ဆာ ဖြစ်နိုင်ချေပိုများပြီး၊ အသက် ၄၅ နှစ်ကျော်ပါက စတင်သတိပြုသင့်ပါပြီ ။ လျှာကင်ဆာ ဖြစ်ခါစ မှာ ကုသပျောက်ကင်းနိုင်သော်လည်း ၊ စဦးပိုင်းကာလ ထိရောက်စွာကုသမှု မရှိခဲ့ပါက ၊ ခံတွင်း-လည်ချောင်း-မေးရိုး-လည်ပင်း စတဲ့ အစိပ်အပိုင်းများသာမက အသည်း၊ အဆုပ်၊ တင်ပဆုံရိုးတို့ အထိပါ ကင်ဆာဆဲလ်များ လျှင်မြန်စွာပြန့် ပွားလာ စေနိုင် ပါတယ်။ လျှာကင်ဆာရောဂါဟာ ကင်ဆာအစောပိုင်း ပထမအဆင့်တွင် သိသိသာသာ လက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် ကျန်းမာရေးအမြင်ဖြင့် မိမိလျှာကို မှန်ကြည့်၍ စစ်ဆေးပေးပါ ။ မှန်ထောင်၍ လျှာ၏ အပေါ်၊ အောက်၊ ဘေးနှစ်ဘက်တို့ ကို ကြည့် ပါ ။ လျှာတစ်ရှုးတွေ ကွဲအက်နေခြင်း (သို့ ) လျှာ၏အရောင် ဖြူလွန်းခြင်း (သို့ ) လျှာပေါ်တွင် အနီရောင် အစင်းကြောင်းတွေ ပေါ် ခြင်း…စသည့်လက္ခဏာများ ရက်သတ္တ နှစ်ပတ်ထက် ဖြစ်ပေါ်နေပါက အချိန်မဆိုင်းဘဲ ဆရာဝန်နှင့်ပြပါ။

လျှာကင်ဆာ ဝေဒနာသည်များအတွက် နေထိုင်စားသောက်ပုံ နည်းလမ်းများမှာ - (က) သင့်တင့်လျောက် ပတ်သော ကယ်လိုရီ နှင့် အာဟာရစားသုံးခြင်းဖြင့် လျှာကင်ဆာကုထုံးကို တဖက်တလမ်း မှ ကောင်းကျိုးပြုနိုင်ပါတယ် ။ (ခ) လျှာခွဲစိပ်ပြီးလူနာများ အ တွက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အဆီနည်းသောအသား၊ အဆီထုတ်ပြီး နွာနို့ ၊ ဂျုံကြို၊ ဆန်ပြုတ်၊ ပြောင်းဖူးဆန်ပြုတ် တို့ ကို စားပေး သင့်ပါတယ်။ (ဂ) အထူးသဖြင့် ဓာတ်ရောင်ခြည်နည်းဖြင့် ကုသခံလူနာများတွင် လျှာရောင်ကိုင်း၍ ကွဲစပ်ခြင်း ၊ ခံတွင်းနှင့်လည်ချောင်း တို့ ခြောက်သွေ့ ခြင်းမှ သက်သာစေရန် တစ်နေ့ လျှင် သောက်ရေသန့်  ၄၈-အောင်စမျှ သောက်သင့်ပြီး၊ အချိုရည်၊ ဟင်းချို၊ စွပ်ပြုတ် နှင့် ရေခဲမုန့် တို့ စားပေးသင့်ပါတယ် ။ (ဃ) အစာမြိုချရန် လွယ်ကူစေ ရန်အတွက် ကရင်မ် (သို့ ) ဆီ ပါသောဟင်းရွက်သုပ် စားပေးနိုင်ပါတယ် ။ (င) ခီမိုဆေးသွင်းပြီးလူနာများတွင် တံတွေး(သွားရည်) ထွက်ရှိမှုကို အနှောင့်အယှက် ဖြစ်စေကာ ခံတွင်းခြောက်စေတတ် သဖြင့် သဘာဝရှောက်ရည်၊ သံပုရာရည်၊ ကာဗွန်ဓာတ်ငွေ့ ပါသည့် ဘိလပ်ရည်တို့  သောက် သုံးပြီး ၊ သကြားလုံး ၊ ပီကေတို့  ငုံပေးခြင်းဖြင့် ခံတွင်းစိုစွတ်လာစေပါတယ် ။ (စ) ခီမိုဆေး သွင်းခြင်း၏ ဘေးထွက်ဆိုးကျိုးများမှာ ပျို့အန်အော်ဂလီဆန်ခြင်း နှင့် ခံတွင်းပျက်၍ အစာစား ချင်စိတ် ကုန်ခမ်းခြင်းတို့ ဖြစ်ပါတယ် ။ ဒါကြောင့် အနံ့ ပြင်းသော အစား အစာများ ကို ရှောင်ရှား၍ ၊ ပျော့ပျောင်းနူညံ့သော အစာတို့ ကို နည်းနည်းစီ မကြာခဏ စားသင့်ပါတယ် ။
လျှာကျန်းမာရေး လိုက်စားပေး…။
(၁) ဖန်ခွက်တစ်ဝက်စာထည့်ထားသော ရေခပ်နွေးနွေးထဲသို့  ဆားလ္ဘက်ရည်ဇွန်း တစ်ဝက်ခန့် ထည့်ဖျော်ပါ။ ၄င်း ဆာရည်ဖြင့် တစ်နေ့ လျှင် တစ်ကြိမ် ပလုပ်(အာလုပ်)ကျင်းပေးပါ။
(၂) လ္ဘက်ခြောက်ခပ်ထားသော ရေနွေးကြမ်း ခပ်နွေးနွေးသောက်ပါ။ ရေနွေးကြမ်းက ခံတွင်းထဲရှိဗက်တီးရီးယားများကို သုတ် သင် ရှင်းလင်းပေးနိုင်ပါတယ်။
(၃) ဘယ်ရီသီးအနက်ရောင်က လျှာ၏ အရောင်ကိုမည်းစေပါတယ်။
(၄) ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်ပါက လျှာအရောင်ကို ပြောင်းလဲစေတတ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပေး ပါ။
(၅) လျှာကိုခြစ်ပြီးတဲအခါ mouth wash(ခေါ်)ခံတွင်းသန့် ဆေးငုံပေးနိုင်ပါတယ် ။ ခံတွင်းသန့် ဆေးက လျှာပေါ်ရှိ ဗက်တီးရီးယား တွေကြောင့် ဖြစ်စေသော အာပုပ်နံ့ တွေကို ဖယ်ရှားပေးနိုင်ပါတယ် ။ သို့ သော် ခံတွင်းသန့် ဆေးကို နေ့ စဉ်မသုံးသင့်ပါဘူး ။ ၄င်း ဆေးရည်က dry mouth ရောဂါ ပါးစပ်ကိုခြောက်သွေ့ စေပါတယ် ။
(၆) အဖျားဝေဒနာပြင်းတဲ့အခါ လျှာပေါ်မှာ အဖြူရောင်ပြင်ချပ်ကြီး ဖြစ်ပေါ်လာတတ်ပါတယ် ။ ထိုအခါ ointments (ခေါ်) လျှာ လိမ်းဆေးကရင်မ်သုံး၍ လျှာကိုသန့် ရှင်းအောင်ပြုလုပ်နိုင်ပါတယ် ။
(၇) လျှာကိုခြစ်ရန်အသင့်တော်ဆုံးအချိန်ဟာ သွားတိုက်ပြီးနောက် ခံတွင်းစိုနေတဲ့အချိန် ဖြစ်ပါတယ်။ အကယ်၍ ခံတွင်း ခြောက် သွေ့ နေတဲ့အချိန်မှာ လျှာကိုခြစ်မိပါက လျှာ၏တစ်ရှုးများ ပျက်စီးတတ်ပါတယ်။
(၈) လျှာကို အပေါက်ဖောက်၍ အလှဆင်ခြင်း မလုပ်သင့်ပါဘူး။ လျှာ၏ သဘောသဘာဝမှာ သူ့ အလိုလို ဗက်တီးရီးယား တွေ ပြည့်နှက်နေကြပါတယ်။ ၄င်းညစ်ပတ်နေတဲ့ လျှာကို အပေါက်ဖောက်၍ အလှဆင်တဲ့အခါ လျှာ၊ သွား၊ သွားဖုံး တို့ ကို ထိခိုက် ဒဏ်ရာရစေပါတယ်။ အကယ်၍ မကျွမ်းကျင်သူဖြင့် လျှာကိုအပေါက်ဖောက်မိပါက အာရုံကြောတွေကို ထိခိုက်သွားနိုင်ပြီး၊ အရသာခံအာရုံကို ဆုံးရှုံးစေနိုင်ပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ