နေ့စဉ်ဘဝ မှာ အလွယ်တကူ ဝိတ်ချပါ


မနက် မိုးလင်းအလုပ်သွား ညမှ အလုပ်ကပြန် ရေမိုးချိုး ထမင်းစားပြီးတော့ မိုးချုပ်ပြီ ဘယ်မှာလဲ အားတဲ့ချိန် ။ အားကစားဆိုတာ အားမှ လုပ်နိုင်မှာပေါ့ ဒို့က အချိန်မှမရှိတာ ။ တဖြည်းဖြည်းဝ လာတာ ဝိတ်ချချင်တာ အချိန် မရှိလို့ စသည့်စကားတွေ ခဏခဏကြားဖူးမှာပါ ။ သူတို့ပြောတော့လဲ ဟုတ်သလိုလိုပဲ ။ ဒါဆို အားကစား လုပ်ဖို့ အချိန်မရှိတဲ့လူတွေ ဝိတ်ချလို့ မရတော့ဘူးလား။ မျှော်လင့်ချက် ဆုံးပြီလား ။ ဘာမှ မတတ်နိုင်တော့ဘူးလား ။ မဟုတ်ပါဘူး ။ မျှော်လင့်ချက်ရှိပါတယ် ။ ဝိတ်ချလို့ရနိုင်ပါသေးတယ် ။
ဒါဆို ခက်ခက်ခဲခဲ လုပ်ရမှာလား။မဟုတ်ပါဘူး ။ လွယ်လွယ်ကူကူနဲ့ စိတ်ရှည်ရှာည် နဲ့ ဇွဲရှိရှိ လုပ်ရမှာပါ
.စိတ်အားထန်သန်ပြီဆိုကဲစလိုက်ရအောင်

၁။ အချို ရှောင်ပါ အဆီမဟုတ်
ဟုတ်တယ် အနောက်နိုင်ငံတွေမှာအချို ကို ဆေးရွက်ကြီးလို့တောင် တင်စားကုန်ပြီ ။ဆေးရွက်ကြီး လိုပဲ အသက်အန္တရယ် ပေးတာ ထပ်တူလောက်ရှိလို့ ။ သဘာဝ မဟုတ်တဲ့ အချိုဓာတ်တွေမှာ ကယ်လိုရီ မပါဝင်တဲ့အပြင် အဆီတက်စေတဲ့ ဆိုးကျိုးတွေများလို့ ။ သဘာဝမဟုတ်တဲ့ အချိုတွေ အစားများတဲ့ အခါ သွေးထဲမှာ ရှိတဲ့ သကြားပမာဏ ရှိသင့်တာထက် တက်လာရင် အင်ဆူလင်လို့ခေါ်တဲ့ အဆီစု တဲ့ ဟိုမုန်းကို ခန္ဓာကိုယ်က ထုတ်ပါတယ် ။ လူတွေက ဝိတ်လျှော့မယ်ဆို အဆီရှောင်ကြတယ် ။ သိပ်မှားပါတယ် အဆီအကုန်ရှောင်စရာမလိုပါဘူး ။ မပြည့်ဝ အဆီဖြစ်တဲ့ ငါးတို့ အစေ့အဆံက ရတဲ့အဆီ သံလွင်ဆီ ထောပတ်သီးကရတဲ့ အဆီတွေ က ခန္ဓာကိုယ်အတွက်အကျိုးရှိပါတယ် ။ ခန္ဓာကိုယ်က က ကယ်လိုရီလောင်ကျွမ်းဖို့လည်း အားပေးပါတယ် ။ ဒါကြောင့် အချိုရှောင်ပါ အဆီမရှောင်ပါနဲ့တဲ့ (မပြည့်ဝ အဆီပြောတာနော်)

၂။ အစာမလွတ်စေပါနဲ့
ဝိတ်ကျအောင် ဆိုပါမှ အစာ မလွတ်စေနဲ့ ဆိုပြီး မအံ့သြပါနဲ့ ။ ခန္ဓာကိုယ်မှာ ဇီဝ ဖြစ်ပျက်မှုတွေ ပုံမှန်ဖြစ်စေဖို့အတွက် အစား ပုံမှန်စားပေးဖို့လိုပါတယ် ။
မနက်စာ နေ့လည်စာ ညနေစာ ပုံမှန်အချိန်မှာ ပုံမှန်စားဖို့လိုပါတယ် ။ တနပ် လွတ်သွားတာဟာ အစာ စားချင်စိတ်ပိုတက်ပြီး နောက်တခါ စားတဲ့အချိန်မှာ ပိုစားမိတတ်ပါတယ် ။ ဝ တဲ့လူတွေအများစု က စားချိန်မမှန်သလို စားချင်တဲ့အချိန်စားတာများတယ် ။

၃။ သန့်ရှင်းတာစား
သန့်ရှင်းတာစား ဆိုတာ သဘာဝ ရတဲ့အစာတွေ အများဆုံးစားလို့ပြောတာ ။လတ်လတ်ဆတ်ဆတ် အစာတွေပေါ့ ။ ပီဇာတို့ ခေါက်ဆွဲခြောက်ထုတ်တို့ ကိုကာကိုလာတို့ အဆီများတဲ့ အကြော် အလှော်တွေ ရှောင်ရပါမယ် ။ သဘာဝ သီးနှံတွေ ကိုယ်တိုင်ချက်ပြုတ်တဲ့ အစားအသောက်ေ တွလောက် စိတ်ချရတာ မရှိတော့ပါဘူး ။

၎။ မျှတစွာ ပါဝင်ပါစေ
ကျန်းမာတဲ့ စားသောက်မှု ပုံစံအတွက် စားသောက်တဲ့အခါ မျှတစွာ ပါဝင်ရပါမယ် ။ အဆီ ပရိုတိန်း ကာဘွန်ဟိုက်ဒရိုတ် အကုန် မျှမျှတတပါဝင်ရပါမယ် ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စနစ် အားလုံးအတွက် အာဟာရဓာတ်အကုန် လိုအပ်ပါတယ်။မီးစ တဖက် ရေစ တဖက် ဆိုသလိုပါပဲ။ အဆီ လိုအပ်သလို အသားဓာတ်လဲ လိုအပ်ပါတယ်။

၅။ ဆား အစားထိုးပါ
နေ့စဉ် ဘဝ မှာ အစားအသာက်မျိုးစုံကနေ ဆားပမာဏ တော်တော်များများ စားမိကြပါမယ် ။ တနေ့တာ လိုအပ်တဲ့ ဆားပမာဏ ထက်များချင်များသွားနိုင်ပါတယ် ။ လူတယောက် တနေ့ ဆား ၁-၃ ဇွန်း (လှုပ်ရှားမှုပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်) လိုအပ်ပါတယ် ။ ဆား အစား ငရုတ်သီး အစပ် မှုန့်လေးတွေ ငံတဲ့ ရာသီပေါ်အရွက်လေး နဲ့ အစားထိုးစားပေးပါတဲ့ ။ ဆား ပါတယ်ဆိုရုံလေး စားပေါ့။

၆။ အစားသောက် ဒိုင်ယာရီလေး ရေးပါ
တကယ်လို့ အချိန်ရမယ်ဆိုရင်ပေါ့ ကိုယ်ကလည်း တကယ် ဝိတ်ချဖို့ ဆန္ဒ ရှိမယ်ဆိုရင်ပေါ့ နေ့စဉ် အစားအသောက် နဲ့ပတ်သတ်ပြီး ဒိုင်ယာရီလေးရေးပါတဲ့ ။ တနေ့တာ ဘယ်အချိန်မှာ ကိုယ်ဘာစားခဲ့တယ် ဘယ်လောက်စားခဲ့တယ် ဘာသောက်တယ် စာရင်းလေးပေါ့ ။ တကယ် ဆာလို့ စားခဲ့တာလား မလိုအပ်ပဲ အပျင်းပြေစားခဲ့တာလား သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်ရင်း စားဖြစ်သွားတာလား ပေါ့ ။ ဒါမှ နောက်နေ့ ဘာတွေ ရှောင်ရမယ် ဘယ်လို မစားဖြစ်အောင် လုပ်ရမလဲ နည်းတွေရမှာပေါ့ ။

၇။ အိပ်စက်အနားယူပါ
ရှင်းရှင်းလေးပါ အိပ်ရေးပျက်တဲ့လူတွေ အိပ်ချိန်မမှန်တဲ့လူတွေ ဝလာတယ် လို့ ခဏခဏပြောတာ ကြားဖူးမှာပါ ။ လူတွေဟာ အိပ်တဲ့ အချိန်မှာ ခန္ဓာကိုယ်က ဟိုမုန်းတွေ ပိုအလုပ်လုပ်ပါတယ် ။ လူကသာ အိပ်နေပေမဲ့ ဇီဝ ဖြစ်ပျက်မှုတွေ ဖြစ်နေပါတယ် ။ တနေ့ အိပ်ချိန် ၇ နာရီထက် နည်းမယ် ဆိုရင်တနေ့တာ အစားအသောက်ရှောင်တာတွေ အကျိုးမရှိပါဘူးတဲ့ ။ အိပ်ချိန်နည်းလေး အဆီဆဲလ်တွေ တိုးလာလေပါပဲ ။ ချီကာဂို တက္ကသိုလ် ကသုတေသနပညာရှင်တွေက ဇီဝဖြစ်ပျက်မှု အားနည်းလေလေ ခန္ဓာကိုယ်မှာ အင်ဆူလင်တွေ ပိုထွက်ပြီး ပိုဝလေလေပါတဲ့ ။

၈။ ကိုယ်လက်လှုပ်ရှား ရှိပါစေ
အချိန်မရှိဘူး Gym သွားဖို့ အားကစားလုပ်ဖို့ စသည့် အကြောင်းပြချက်တွေမပေးပါနဲ့ ။ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း က အရေးကြီးပါတယ် ။ တကယ့် ကျန်းမာတဲ့ ဝိတ်ချမှု မှာ ၇၅ရာခိုင်နှုန်းက အစား အသောက် ကျန်တဲ့ ၂၅ ရာခိုင်နှုန်းက လေ့ကျင့်ခန်းအဖြစ် ပါဝင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်း အားဖြင် သွေးတိုးကျစေတယ် ။နှလုံးအားကောင်းမယ် ပိုကျန်မားလာမယ် နေလို့ထိုင်လို့ ပိုလန်းဆန်းမယ် အရိုးပွ တာတွေ ကာကွယ်မယ် ။ ကဲ ဒီတော့ တတ်နိုင်သလောက် ကိုယ်လက်လှုပ်ရှား လုပ်လိုက်ရအောင်။
လမ်းလျှောက်တာလည်း ကိုယ်လက်လှုပ်ရှားပဲလေ မဟုတ်ဘူးလား ။

၉။ ဖြေးဖြေး နှေးနှေး ဝါးစား ပါ
အစာ စားတဲ့အခါ ပါးစပ်တဲ့ တလုတ်စာ လောက်သာ ထည့်ပြီး ဖြည်းဖြည်း နဲ့ မှန်မှန် နှေးနှေးဝါးပါတဲ့ ။ ဦးနှောက် ကို အစာအိမ်က အစာပြည့်ပြီ သတင်းပို့ ဖို့ ပျမ်းမျှ မိနစ် ၂၀ ကြာပါသတဲ့ ။
အမြန်စားတဲ့အခါ ဦးနှောက်ကို သတင်းမပို့ နိုင်တော့ ဗိုက်တင်းတဲ့ အထိ စားမိတတ်ပါတယ် ။ အစာမကြေဘူး ဆိုတဲ့လူတွေအများစု က မြန်မြန်စားတတ်တဲ့ အကျင့်နဲ့ ဆက်စပ်နေတာကို တွေ့ရမှာပါ ။ တကယ်တော့ အစာအိမ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက် ထိပဲ ပြည့်အောင်စားသင့်ပါတယ် ။ ဗိုက်ပြည့်ပြီ ဆိုတဲ့ ခံစားချက်ရဖို့ ဖြည်းဖြည်း စားသင့်ပါတယ် ။ လူကြီးသူမ များက ထမင်းစား ရင် သေချာကျေညက်အောင် ဝါးစားခိုင်းသည်မှာ ဒီကျန်းမာရေး အလေ့အကျင့်ကောင်း ရစေဟန်တူသည်။

၁၀ ။ စွဲစွဲမြဲမြဲ လုပ်ပါ
အထက်က အချက်လေးတွေ ကို လိုက်နာနိုင်ပြီ လုပ်နေနိုင်ပြီဆိုရင် နောက်ဆုံးတချက်အနေနဲ့က အကျင့်တခုအနေနဲ့ စွဲစွဲမြဲမြဲ လုပ်သွားဖို့ပဲ ကျန်ပါတယ်။ကိုယ့်မှာ ဒီလိုအကျင့်ကောင်းတွေ ရရှိပြီ သိသာ ထူးခြားလာတယ် ဆိုရင် ထိန်းသိမ်းမှ ရေရှည် ကျန်းမာရေး ကောင်းမွန်မှာပါ ။ မိမိ ရည်မှန်းထားသလို ဝိတ်ကျပြီ ဆိုရင် စွဲစွဲမြဲမြဲ လုပ်ဖို့ အားတက်သွားမှာပါ ။

ကိုယ့်ရည်မှန်းချက် ဖြစ်တဲ့ ဝိတ်မကျ မချင်း ငါရအောင် ချမယ်လို့ ဆုံးဖြတ်ထားပါ ။ မကြာခဏ ပေါင်မချိန်ပါနှင့် ။ ပေါင်မကျပါက စိတ်ဓာတ်ကျတတ်သည် ။ ကိုယ် ဘယ်နှနှစ်တောင် စားခဲ့သလဲ လွယ်လွယ်အချိန်တိုတော့ မကျဘူး ဟု အားပေးပါ ။ ဘာပဲဖြစ်ဖြစ် သရေစာ မစားဘူးဟု ကိုယ့်ကို ဂတိပေးပါ ။ စိတ်ရှည်ရှည်နဲ့ ဖြေးဖြေးချင်း လုပ်ဆောင်သွားရင် မိမိ လိုချင်တဲ့ ဝိတ်ရအောင် ချနိုင်မှာပါ။။

ဒေါက်တာဗိုး
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ