အရက်သောက်ခြင်းက HIV ရောဂါပိုးရှိနေတဲ့ လူတွေကို ပိုပြီး သက်တမ်းတိုစေ



အရက်သောက်ခြင်းက HIV ရောဂါပိုးရှိနေတဲ့ လူတွေကို ပိုပြီး သက်တမ်းတိုစေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။ HIV ပိုးကို ART ဆေးဝါးတွေနဲ့ ဆက်မပြန့်ပွားအောင် ထိန်းထားပြီး သက်တမ်းစေ့ နေနိုင်ပါတယ်။ ဒါပေမယ့်လည်း HIV ရောဂါပိုးရှိသူတွေဟာ
အရက်သောက်တတ်ရင်တော့ တခြားလူနာတွေထက် အရက်ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပွားတာပိုမြန်ပြီး အသက်တိုစေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

လေ့လာသူတွေဟာ့ HIV ရောဂါဖြစ်နေပြီး တစ်နေ့ကို အရက်နှစ်ခွက်အထက် ပုံမှန်သောက်တတ်တဲ့သူတွေကို လေ့လာခဲ့ရာမှာ အယ်လ်ကိုဟောကြောင့် ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေဟာ လူနာကို သာမန်လူနာတွေထက် အသက်တိုစေနိုင်တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

HIV ရောဂါပိုးရှိနေတဲ့ လူနာ ၁၈၀၀၀ နဲ့ HIV မဖြစ်တဲ့လူနာ ၄၂၀၀၀ ကို လေ့လာသူတွေက စောင့်ကြည့်ခဲ့ကြပါတယ်။ HIV ရောဂါပိုးရှိတဲ့ သူတွေဟာဆိုရင်တော့ အရက်သောက်သုံးရာမှာ အရက်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးထိခိုက်မှုတွေ ပိုအဖြစ်မြန်ပြီး သာမန်လူတွေကတော့ ကျန်းမာရေးဆိုးကျိုးတွေကို နောက်ပိုင်းမှာမှ ခံစားရတာကို တွေ့ခဲ့ရတာပါ။

ဒါ့ကြောင့် ဦးဆောင်လေ့လာသူ ဒေါက်တာအေမီဂျက်စတစ်က “ HIV ရှိနေတဲ့ လူနာတွေဟာ ART ဆေးကို မှန်မှန်သောက်ပြီး ကျန်းမာရေးနဲ့အညီ နေထိုင်မှ သက်တမ်းစေ့နေနိုင်မှာပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေကို မပြောင်းလဲရင်တော့ ဆေးသောက်လည်း သက်တမ်းစေ့နေနိုင်ဖို့ အာမ,မခံနိုင်ဘူး ” လို့ ပြောပါတယ်။   

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : WebMD


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ