မိမိရင်သွေးငယ်ရဲ့ ချစ်ခင်ကြောင်းပြသတဲ့ လက္ခဏာများ



ကလေးငယ်ဟာ ကိုယ့်ရဲ့မျက်လုံးတွေကို စိုက်ကြည့်ခြင်း - မွေးကင်းစကလေးငယ်လေးတွေဟာ မျက်နှာတွေကို လိုက်ကြည့််ရတာ နှစ်သက်တတ်ကြပြီး မိခင်မျက်နှာကတော့ သူတို့ရဲ့ အကြိုက်ဆုံးပါပဲ။

မိခင်ရဲ့ကိုယ်သင်းနံ့ကို မှတ်မိနေခြင်း - ကလေးငယ်ကို ရနံ့မွှေးပျံ့တဲ့ နှင်းဆီပန်းတစ်စည်းကို မိခင်ရဲ့ ချွေးစိုပြီး၊ နို့ရည်တွေပေကျံနေတဲ့ တီရှပ်တစ်ထည်နဲ့အတူတူ ထားပေးကြည့်ပါ။ မိခင်ရဲ့တီရှပ်အင်္ကျီဆီကိုပဲ ဦးတည်သွားမှာဖြစ်ပါတယ်။ သူ့အတွက်တော့ မိခင်ရဲ့ကိုယ်သင်းရနံ့က အမွှေးပျံ့ဆုံးပါပဲ။

မိခင်ကို ပြုံးပြတတ်ခြင်း - မိမိရင်သွေးလေးက ကိုယ့်ကို ပထမဆုံးအကြိမ်ပြုံးပြတာဟာ တကယ့်ကို မှော်ဆန်လှတဲ့ အချိန်အခိုက်အတန့်ပါပဲ။ ဒါဟာ သူက ကိုယ့်ကို ချစ်တယ်လို့ ပြောတာနဲ့ အတူတူပဲမို့ပါ။

မိခင်ဖြစ်သူကို စကားတွေပြောခြင်း - ပထမပိုင်းမှာတော့ ကလေးငယ်ဟာ ကိုယ့်ကိုတွေ့တဲ့အခါ ၀ူးဝူးဝါးဝါးစကားတွေ စပြောမှာဖြစ်ပါတယ်။ ဒါဟာ သူ့အတွက်ယုံကြည်စိတ်ချပြီး အားကိုးရတဲ့သူအဖြစ် သတ်မှတ်လို့ဖြစ်ပါတယ်။ သူကစကားတွေပြောလာတဲ့အခါ သူ့ကိုစကားတွေ ပြန်ပြောပေးဖို့လိုပါတယ်။

မိခင်ဖြစ်သူကို အနားမှာပဲ ရှိနေစေချင်ခြင်း -  ၆လ သားအရွယ်ရောက်လာတဲ့အခါ မိခင်အနားမှာ ရှိတဲ့အခါ ပျော်နေတတ်ပြီ မိခင်ကို မတွေ့တဲ့အခါ မပျော်တတ်တာကို တွေ့ရမှာဖြစ်ပါတယ်။

မိခင်ကို အကွာအကွယ်ယူတတ်လာခြင်း - သူစိမ်းတစ်ယောက်ယောက်နဲ့ တွေ့တဲ့အခါ သူ့ခေါင်းကို မိခင်ရင်ခွင်ထဲ တိုးဝှေ့အကာအကွယ် ယူလာမှာဖြစ်ပါတယ်။ ဒါကတော့ ကလေးငယ်ဟာ မိခင်ဖြစ်သူကို ယုံကြည်စိတ်ချပြီး ချစ်ခင်မြတ်နိုးစွာနဲ့ အားကိုးရနိုင်တယ်လို့ ယူဆတဲ့အတွက်ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Babycenter

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ