ကလေးသေးခံ Diaper အပူလောင်ခြင်း



ကလေးငယ်လေးတွေတိုင်း တစ်ချိန်မဟုတ်တစ်ချိန် သေးခံအ၀တ် Diaper ကြောင့် အပူလောင်တာတွေဖြစ်တတ်ကြပါတယ်။ ဘာကြောင့် ဒီလိုအပူလောင်ရတယ်၊ ဘယ်လိုပုံစံမျိုး ဖြစ်နေတယ်၊ ဘယ်လိုကုသရမယ်၊ မဖြစ်အောင်ဘယ်လိုကာကွယ်မယ်ဆိုတာတွေကို သိထားဖို့က အရေးကြီးပါတယ်။

ကလေးသေးခံအ၀တ် Diaper ကြောင့်အပူလောင်တာတွေကို ဘယ်လိုကာကွယ်မလဲ?

ဒါတွေကတော့ ဘယ်လိုပုံစံကာကွယ်မလဲဆိုတဲ့ အသုံးမယ့်အချက်အလက်လေးတွေပါ:

•    တင်ပါးလေးတွေကို ခြောက်သွေ့နေစတာကတော့ အကောင်းဆုံးကာကွယ်နည်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခနဆိုသလို Diaper ၀တ်ကို လဲလှယ်ပေးဖို့ လိုပါတယ်။

•    Diaper ၀တ် ပြောင်းလဲပေးမယ်ဆိုတိုင်း ကလေးငယ်ရဲ့ လိင်အင်္ဂင်္ါတစ်ဝိုက်ကို သန့်ရှင်းပေးရပါမယ်။

•    အသားအရည်လေးတွေ ခြောက်သွေ့သွားအောင် အသာအယာ ပုတ်ပေးဖို့ လိုပါတယ်။ ဘယ်တော့မှ အ၀တ်နဲ့ သုတ်မပစ်ပါနဲ့။ Diaper အသစ် ၀တ်မပေးခင် ဆံပင်ခြောက်သွေ့အောင်လုပ်တဲ့ Hair Dryer အပူချိန်အနိမ့်ဆုံးနဲ့ လည်း ခြောက်သွေ့အောင်လုပ်ပေးနိုင်ပါတယ်။

•    Diaper ကိုလည်း တင်းတင်းကျပ်ကျပ် ၀တ်ဆင်ပေးတာမျိုး မလုပ်ပါနဲ့။ လေ၀င်လေထွက်ရှိနေစေဖို့အတွက် ချောင်ချောင်ချိချိရှိတဲ့ အ၀တ်မျိုး ၀တ်ဆင်ပေးပါ။

•    အ၀တ်နဲ့ချုပ်လုပ်ထားတဲ့ Diaper တွေကို အမွှေးနံ့ပါတဲ့ ဆပ်ပြာနဲ့ လျှော်ဖွတ်ခြင်း၊ အမွှေးရည်စိမ်ခြင်းတွေ မပြုလုပ်ရပါဘူး။ အဲဒီလိုပြုလုပ်ခြင်းက ကလေးငယ်ရဲ့ အရေပြားကို ယားယံစေနိုင်ပါတယ်။

•    မိခင်နို့ကို အချိန်ကြာကြာ တိုက်ကျွေးနိုင်သမျှ တိုက်ကျွေးဖို့လိုပါတယ်။ ဒီလို နို့ချိုတိုက်ကျွေးခြင်းအားဖြင့် သာမာန် ရောဂါပိုးမွှားကူးစက်ခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး Diaper အပူလောင်ခြင်းဖြစ်စေတဲ့ ရောဂါပိုးမွှားကူးစက်ခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Babycenter

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ