ဆယ်ကျော်သက်အရွယ်မှာ အရက်သောက်တာက သွေးတိုးနဲ့နလုံးရောဂါဖြစ်ပွားနိုင်မှုကို ပိုမိုအားပေး
ဒီနေ့ခေတ် ဆယ်ကျော်သက်တွေရဲ့ လေးပုံတစ်ပုံခန့်ဟာဆိုရင်တော့ အရက်သောက်တတ်နေကြပြီး သူတို့ရဲ့ အခုလို အပြုအမူတွေဟာ နှလုံးရောဂါနဲ့ သွေးတိုးရောဂါတွေဖြစ်နိုင်ချေကို တိုးတက်နေစေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အခုလို သောက်စားပျော်ပါးတတ်တဲ့ ပြဿနာဟာဆိုရင်တော့ ဆယ်ကျော်သက်အရွယ် ကျား ၊ မ မရွေးမှာ တွေ့ကြုံရလေ့ရှိတဲ့ အမူအကျင့် တစ်ခုလို ဖြစ်နေတယ်လို့လည်း သုတေသီတွေက ဖော်ပြထားပါတယ်။
တက္ကသိုလ်တွေမှာ လိုက်လံစမ်းသပ်ခဲ့တဲ့ ဒီစစ်တမ်းမှာဆိုရင်တော့ အသက် ၂၀ မတိုင်ခင် သောက်စားပျော်ပါးနေခဲ့တာဟာ သာမန်လူတွေထက် နှလုံးနဲ့ သွေးတိုးရောဂါတွေ ပိုဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
“ဒီလို သောက်စားတတ်တဲ့ကလေးတွေကို ကျွန်တော်တို့ သွေးဖိအားသွားတိုင်းခဲ့ကြတော့ လုံးဝမသောက်စားတတ်တဲ့သူတွေနဲ့ ယှဉ်ရင် မာကျူရီမီလီမီတာ ၂ ကနေ ၄ အထိ မြှင့်တက်နေတာတွေ့ရတယ်။ဒီလို သွေးဖိအားအမြဲတမ်းမြင့်နေတာက သွေးတိုးနဲ့ နှလုံးလို
ရောဂါတွေဖြစ်နိုင်ချေကို ပိုမြင့်စေတယ် ”
“ဒီလို အခြေအနေတွေက စိုးရိမ်စရာပဲ။ ဒီလို လက္ခဏာတွေက ဆယ်ကျော်သက်တွေကို ပိုပြီးတော့ စိတ်ဖိစီးမှုတိုးစေတဲ့အပြင် ဒီလိုရောဂါတွေဆိုတာကလည်း နာတာရှည်ရောဂါတွေချည်းပဲမို့ စောစောစီးစီးသေဆုံးနိုင်ချေကို မြင့်စေတယ်။ ဆရာဝန်အတော်များများအနေနဲ့တော့ သူတို့လေးတွေရဲ့ အရက်သောက်သုံးမှုပမာဏကို တိုင်းထွာပေးသင့်တယ်ထင်တယ် ” လို့ ပရော်ဖက်ဆာ O’Loughlin က ပြောပါတယ်။
( Paing A K )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : Mirror
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin